8.25.2009
ဘကြီးမှုံ အညာခံရခြင်း
ရန်ကုန်ကို မလာခင် ရွာက ဘုန်ကြီးကလည်း ရန်ကုန်မှာ လူလိမ်တွေ များကြောင်း၊ အရာရာကို သတိထားရမယ့် အကြောင်းတွေ အထူးမိန့် ကြားထားတယ်။ တစ်ခုခုမသိရင်လည်း ဆိုင်းဘုတ်တွေ ကြည့်ရင် သိနိုင်ကြောင်း၊ လမ်းတွေ ဆိုင်တွေ အကုန်လုံးလည်း ဆိုင်းဘုတ်တွေ တပ်ထားကြောင်း မိန့် ထားတော့ ဘကြီးမှုံ သိပ်တော့ စိုးရိမ်မှု မရှိဘူး။
ဒီလိုနဲ့ ပဲ ရန်ကုန်မှာ ဘကြီးမှုံအတွက် အခက်အခဲ မရှိ ဆေးကု၊ ဘုရားဖူး အစဉ်ကို ပြေနေရော။ မြို့ ထဲသွားလည်း ဘယ်နေရာကြည့်ကြည့် ဆိုင်းဘုတ်တွေနဲ့ ၊ ထမင်းစားချင်သလား ထမင်းဆိုင် ဆိုတဲ့ ဆိုင်းဘုတ် တပ်ထားတယ်။ ပစ္စည်းဝယ်စရာရှိလည်း စတိုးဆိုင် ဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတယ်။ ဘကြီးမှုံ အတွက်တော့ အားလုံးဟာ အခက်အခဲမရှိ အိုကေလို့  နေတယ်။
မပြန်ခင် တစ်ရက်မှာတော့ ဆူးလေဘုရားဖူးပြီး မြို့ ထဲ လမ်းအလျှောက် ဗိုက်နာလာပါရော၊ ဒါနဲ့  လမ်းသွားလမ်းလာကို အိမ်သာ နေရာမေးတော့ "ဘကြီး တည့်တည့်လျှောက်သွားရင် ကျား/မ ဆိုတဲ့ ဆိုင်းဘုတ် တွေ့ ရင် လှေကားအတိုင်း ဆင်းသွားလိုက်၊ အဲဒါ မြေအောက် အိမ်သာပဲ "လို့  လမ်းညွှန်လိုက်တယ်။ ဘကြီးမှုံ စိတ် ထဲ မှာတော့ သြော် နေရာတိုင်းမှာ ဆိုင်းဘုတ်တွေနဲ့  ညွှန်ကြားနေတာပဲ လို့  တွေးနေမိတယ်။
ဒါနဲ့ ပဲ အိမ်သာကို တွေ့ တာနဲ့  ကိစ္စရှင်းခြင်တာနဲ့  လွတ်နေတဲ့ အိမ်သာခန်းထဲ ဝင်ထိုင်လိုက်ပါလေရော။
အဲဒီမှာတင် အိမ်သာတံခါးမှာ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာကို ဖတ်ကြည့်လိုက်တယ်
" မိတ်ဆွေ သင်ရဲ့ ညာဖက်ကို ကြည့်လိုက်ပါ" ဆိုပြီး မျှားပြ ထားတယ်။
ညာဖက်က နံရံကို ကြည့်လိုက်တော့ စာရွက်တစ်ရွက် ကပ်ထားတာ ဖတ်ကြည့်လိုက်တယ်
"မိတ်ဆွေ သင်ရဲ့ ဘယ်ဘက်ကို ကြည့်လိုက်ပါ" ဆိုပြီး တံခါးက စာရွက်အတိုင်း ညွှန်ကြားထားတယ်။
ဒါနဲ့  ဘယ်ဘက်က နံရံကို ကြည့်လိုက်တော့
" မိတ်ဆွေ သင်ရဲ့ နောက်ဘက်ကို ကြည့်လိုက်ပါ" ဆိုပြီး စာရွက်ကပ်ထားပြန်လေရော။
ဘကြီးမှုံလည်း ရှင်းရမယ့် ကိစ္စကို မေ့ပြီး သိချင်စိတ်တွေ ပြင်းထန်လာတယ်၊ နောက်ဘက်ကို ကြည့်လိုက်တော့
"မိတ်ဆွေ အပေါ်ကို ကြည့်ပါ" ဆိုပြန်ရော။
ဒါနဲ့  အပေါ်ကို မော့ကြည့်ပြီး ရေးထားတာ ဖတ်လိုက်တော့
" ဟိုကြည့် ဒီကြည့်နဲ့  ဘာဖြစ်နေတာလည်း သေသွားချင်လား" ဆိုပြီး တွေ့ ပါလေရော။
ဘကြီးမှုံလည်း ရှင်းမယ့်ကိစ္စကို မေ့ပြီး ကြောက်အားလန့် အားနဲ့  အိမ်သာကနေ ပြေးထွက်လို့  သွားပါတော့တယ်။
*တစ်ချိန် မဆလ လက်ထက်က ဆူးလေဘုရားလမ်းမကြီးပေါ်မှာ မြေအောက်အိမ်သာ ရှိခဲ့ဖူးပါသည်။
8.23.2009
မွေးနေ့ လက်ဆောင်
ကျွန်တော် ဘလော့ လောကနဲ့  အဆက်ပြတ်သွားတာ တော်တော် ကို ကြာသွားပေါ့။ ဖြစ်ပုံက ကျွန်တော်ရဲ့ လက်ပ်တော့လေး ဆေးရုံ တက်နေရတဲ့ အချိန်မှာ အမျိုးတွေ အလည်လာပါလေရော။ ဒါနဲ့  အလုပ်တွေ အရမ်းရှုပ်ပြီး ဘလော့မဂင်းနိုင်တော့ပါ။
ဒါပေမယ့် လူရိုင်းတွေကတော့ စားပွဲနားထိ လာဖျော်ဖြေပါတယ်။ ပျော်ဘို့တော့ ကောင်ပါတယ်။
ဗလတွေတော့ အကြီးကြီးပဲ နော်.....း)
အထဲမှာတော့ ရထားစီးပြီး ပတ်လို့ ရသလို လမ်းလျှောက်ပြီးတော့လည်း သွားလို့ ရပါတယ်။ ကျွန်တော်တို့  အဖွဲ့ ကတော့ လူကြီးတွေပါတော့ ရထားစီးဖို့ ပဲ ရွေးလိုက်ပါတယ်။ အဲဒီမှာလည်း လေကြောင်းလိုင်းတွေက တိုးရစ်တွေအတွက် စပွန်ဆာ ပေးထားပါတယ်။ လက်မှတ်တစ်စောင် ၅ ဒေါ်လာ လျှော့ပေးပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ရဲ့ MAI မပါ ပါ....း(
အထဲမှာတော့ တိရိစ္ဆာန်တွေ ပြထားပါတယ်၊ သိပ်မထူးဆန်းပါဘူး။ ထူးဆန်းတာကတော့ ကျွဲ ကိုလည်း Asian Bufflo အနေနဲ့  ပြထားတာပါပဲ။ ရွှေတွေ အဖို့ တော့ ဒါဟာ ဟာသတစ်ခုလို ဖြစ်နေရော..း))
ဘာပဲပြောပြော စိတ်ချမ်းသာမှုတော့ ရှိပါတယ်။ ပိုက်ပိုက်လည်း နောက်ကလိုက်ရတာကို......
ဒါနဲ့ စကားမစပ် ဒီကျွန်းပိစိပေါ်က မောင်နှမ သုံးယောက်ရဲ့ မွေးနေ့ ကိုလည်း မနေ့ က သွားလိုက်ရတယ်၊ တစ်နေရာထဲမှာ စုပြီးတော့ နွေးနွေး ထွေးထွေး ပျော်ပျော်ရွှင်ရွှင်နဲ့  အရမ်းပီတိဖြစ်ရပါတယ်။ သူတို့ တွေကတော့
အစဉ်အမြဲ ချစ်မယ့်  သီဟသစ် ( နှင်းဆီဖြူ ကို ပြောတာပါ...)
ညီမငယ် နွေးနေခြည်
ညီမငယ် မေဇင် တို့ ပဲ ဖြစ်ပါတယ်။
အထူးကျေးဇူးတင်ရမှာကတော့ Chief cook များဖြစ်ကြတယ့် ညီမငယ် ထင်းထင်း ခေါ် မေလေးနဲ့ အဖွဲ့  ဖြစ်ပါတယ်။ ချက်ပြုတ်တာကတော့ အရမ်းကောင်ပါတယ်း)
တောင်းပန်စရာတစ်ခုကတော့ ကျွန်တော် အဲဒီရောက်မှ မွေးနေ့ ဆိုတာ သိတဲ့ အတွက် လက်ဆောင်လည်း မပေးခဲ့ရပါဘူး။ ဒါကြောင့် အခု ဒီပိုစ့်လေးကို သူတို့ ရဲ့ မွေးနေ့ လက်ဆောင်အဖြစ် တင်လိုက်ပါတယ်ဗျား။
8.07.2009
တွေးကြည့်တာပါဗျာ
အဲဒီမှာ ကျွန်တော်တို့  အားလုံးဟာ တော်တော်လေးကို ပေးဆပ်ကြရတာပါ၊ ကိုယ်ရဲ့ မိဘ မောင်ဘွား ဇနီးမယား အားလုံးကို ထားခဲ့ပြီးတော့ ထွက်လာာကြရတာပါ။ နောက်တော့မှ အလုပ်အကိုင် အတည်အကျ အခြေကျတဲ့ အခါမှ သူတို့ ကို ခေါ်ရတာပါ။ ဒါဟာ အကြမ်းပျင်း တွေးကြည့်တာပါ။
ဒီအထိ ပြဿနာ မရှိသေးပါဘူး၊ ပြဿနာက ကျွန်တော်တို့ ရဲ့ မျိုးဆက်ပါ။ ကျွန်တော်တို့ ရဲ့ သားသမီးတွေ၊ နောက် သူတို့ မှ တဆင့် ပေါက်ဖွားလာမယ့် မျိုးဆက်သစ်တွေ လက်ထက်ဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်သလဲ။ ကျွန်တော် တွေးကြည့်တာပါ။
ဘာကြောင့် ဒီလို အတွေးတွေ ဖြစ်ပေါ်လာရသလဲဆိုတော့ ဒီမှာမွေးတဲ့ ကလေး တော်တော်များများ မြန်မာစကား သိပ်မပြောတက်ကြဘူး၊ ပြောတက်ရင်တောင် ဝေါဟာရ ရှားပါးကြတယ်။ တစ်ချို့ ဆို မြန်မာယဉ်ကျေးမှုတောင် ဆုံးရှုံးနေကြရတယ်။
ဒီလိုဖြစ်ကြရတာလည်း မိဘတွေဖြစ်တဲ့ ကျွန်တော်တို့  မျိုးဆက်ရဲ့ တာဝန်မကျေမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်ကြရတဲ့ မိဘတွေ ခင်မျာလည်း အိမ်ရှိလူကုန် အကုန်အလုပ်ထွက်လုပ်နေကြရတော့ ကိုယ့်သားသမီးအတွက် အချိန်မပေးနိုင်၊ ပြန်လာတော့လည်း အလုပ်က တင်းကျပ်မှုတွေနဲ့  အိပ်ယာစောစောဝင် ဒီလိုနဲ့ ပဲ သားသမီးနဲ့  မိဘ တစ်ဖြည်းဖြည်း ကင်းကွာသွားကြပြီး ကလေးတွေက သီးခြားဟန်နဲ့  ရပ်တည်သွားကြရော။
နောင်အနှစ် နှစ်ဆယ် လေးဆယ် ရောက်တဲ့အခါ ကျွန်တော်တို့  ရွှေနိုင်ငံကြီးက အာရှမှာထိပ်တန်းဖြစ်နေ.....း)) တဲ့အခါမှာ နိုင်ငံခြားမှာရှိတဲ့ မျိုးဆက်က ရွှေမြန်မာ နဲ့  ရွှေပြည်ကြီးက ရွှေမြန်မာတွေ ဆက်သွယ်မှုတွေ ရှိကြရတော့မယ်။ အဲ့ဒီအခါမှာ မြန်မာစကား လိပ်ပတ်လည်အောင် မပြောတက်လို့  တရုတ်စကားမတက်တဲ့ တရုတ်ကို စကားတက်တဲ့တရုတ်က နှိမ်သလိုမျိုး အနှိမ်ခံကြရမှာ မြင်ယောင်မိတယ်။
ဒါကြောင့် အခုအချိန်ကတည်းက ကလေးတွေကို ကြိုးစားအချိန်ပေးပြီး လိုအပ်တာလေးတွေကို သင်ကြားပေးရမှာ ကျွန်တော်တို့  မိဘ မျိုးဆက်တွေရဲ့ တာဝန်ပါ။ ကိုယ့်ခလေး မြန်မာလို မပြောတက်တာ ဂုဏ်ယူစရာ မဟုတ်ပါ။
ဘာရယ်မဟုက်ပါဘူး၊ ပင်နီဆူလားမှာ တွေ့ ခဲ့တဲ့ သားအမိနှစ်ယောက် အင်္ဂလိပ် တစ်ဝက် မြန်မာတစ်ဝက် ပြောတာ မြင်ယောင်ပြီး ဆက်တွေးကြည့်တာပါ။
(အားလုံးကို မဆိုလိုပါ)
8.03.2009
ကြုံရဆုံရ ပေါက်ကရ (၂)
တစ်ခါတစ်ရံ အကျိုးနှင့် အဆိုး ဒွန်တွဲနေလျှင် စကားပုံ နှစ်မျိုး ဖြစ်နေတက်ပြီး ဝေခွဲရခက်တက်သည်။ ဥပမာ "တစ်ရွာမပြောင်း သူကောင်းမဖြစ်"နှင့် "သေချင်တဲ့ကျား တောပြောင်း" စကားပုံတို့ တွင် သင်မည်သို့  ဆုံးဖြတ်မည်နည်း။
နောက်တစ်ခုက "ပေးကမ်းခြင်းသည် အောင်မြင်ရာ၏" ဖြစ်ပြီး ဆန့် ကျင်ဘက်ကား "စေတနာသည် လူတိုင်းနှင့်မတန်" ဖြစ်နေတက်သည်။ ထိုအခါမျိုးတွင်ကော အသင် မည်သို့  ဆုံးဖြတ်မည်နည်း။ ကျွန်တော်လည်း မဆုံးဖြတ်တက်ပါ။ ဘာကြောင့်လည်းဆိုတော့ ဒီဆန့် ကျင်ဘက် စကားပုံနှစ်ခု၏ အကျိုးကျေးဇူးကို မျက်မြင်ကိုယ်တွေ့  ကြုံလိုက်သောကြောင့် ဖြစ်သည်။
ကျွန်တော် ပြောပြပါမည်.............
ကျွန်တော် ၉တန်းကျောင်းသား ဘဝတုန်းကပေါ့။ တစ်ရက် သူငယ်ချင်း သုံယောက်နဲ့ အတူ စာအုပ်ဝယ်ပြီးပြန်အလာ မြေနီကုန်း မီးပွိုင့်တွင် ကားလမ်းကူးကာနီး စောင့်နေချိန်.........ဆိုင်ကယ်တစ်စီးက မီးစိမ်းလို့  အထွက်....ပေါ့။
ဆိုင်ကယ်ပေါ်မှာတော့ အသက် အစိတ်ဝန်းကျင် စုံတွဲ တစ်တွဲ။ ဆိုင်ကယ်ထွက်တဲ့ အချိန်မှာ အမျိုးသမီးရဲ့ ထမီစဟာ ဘယ်ကဘယ်လို ဆိုင်ကယ်ချိန်းကြိုးကြားထဲ ဝင်သွားတယ် မသိဘူး၊ ဆိုင်ကယ်ပေါ်ကနေ ဒလိမ့်ခေါက်ကွေး ပြုတ်ကျ ကျန်ခဲ့တာ ထမီ မရှိတော့ဘူး။
စက္ကန့် ပိုင်းအတွင်း ဖြစ်တဲ့ အဖြစ်အပျက်၊ အမျိုးသားကလည်း တော်တော်လှမ်းလှမ်းမှာ ဆိုင်ကယ်ရပ်သွားပြီး ချိန်းကြားက ထမီကို ဆွဲထုတ်နေရတယ်။ မိန်းမခင်မျာ နာကျင်တာတောင် ဂရုမစိုက်အားပဲ သူ့ အရှက်သူလုံအောင် ဟိုကာဒီကာ ဖြစ်နေတယ်။ ကျွန်တော်တို့ လည်း မျက်စိရှေ့မှာ ဘာလုပ်လို့  ဘာကိုင်ရမှန်းကို မသိတော့တာ။ (သွားကိုင်မိရင်လည်း ပြဿနာ.....း )
အဲဒီအချိန်မှာ ကယ်တင်ရှင်ကတော့ ကျွန်တော်တို့ နဲ့ အတူတူ ကားလမ်းကူးဖို့  စောင့်နေတဲ့ ဦးလေးကြီးပေါ့။ အသက် ၅၀ကျော်လောက်ရှိမယ်။ သူက တခါတည်း မပြောမဆို သူ့ ပုဆိုး ချွတ်ပြီး သမီး သမီး ဒါ ဝတ်ထား ဆိုပြီး ပစ်ပေးလိုက်ရော။ သူကတော့ စစ်ဘောင်းဘီ အတိုကြီးနဲ့  မီးပွိုင့်မှာပေါ့။
အဲဒီ မိန်းမလည်း တခါတည်း ပုဆိုးကို ကောက်ဝတ်ပြီးတော့ ရှက်ရှက်နဲ့  ဆိုင်ကယ်စီကို ပြေးသွား...၊ ဆိုင်ကယ်က လူကလည်း ညှပ်နေတဲ့ ထမီကို ထုတ်အပြီးဆိုတော့ ရှက်ရှက်နဲ့  မိန်းမကို တင်ပြီး မောင်းထွက်သွားလိုက်တာ မီးခိုးငွေ့ တွေရယ် စက်ဆီပေနေတဲ့ ထမီအစုတ်ရယ် စစ်ဘောင်းဘီအတိုနဲ့  ဦလေးကြီးရယ် မြေနီကုန်း မီးပွိုင့် အလယ်မှာ ကျန်နေရစ်ခဲ့တော့တယ်။
ဒါကြောင့်လည်း တခါတရံ ကူညီတိုင်းလည်း ဒုက္ခရောက်တက်ကြောင်း သိခဲ့ရပါတယ်။...း))
FYI: ဒီရက်ပိုင်း ပိုစ့်နည်းနည်း ကျဲပါမည်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော် လက်ပ်တော့လေး ဆေးရုံတက်နေရလို့ ပါ။ ဒီပိုစ်တောင် ရုံးကနေတင်လိုက်တာပါ။ အိမ်လည်မထွက် ဖြစ်သေးပါခင်ဗျာ၊ ဧည့်ဝတ်မကျေဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။