10.11.2009

Bad Luck

ဘလော့ လာဖတ်သူ အားလုံးလည်း မင်္ဂလာပါလို့  နှုတ်ခွန်းဆက်လိုက်ပါတယ်။
ကျွန်တော်လည်း အိမ်ပြောင်းနေရလို့  အွန်လိုင်းပေါ် မရောက်တာ အတော်ကို ကြာသွားတာ၊ အိမ်ပြောင်းရတာလည်း နောက်တစ်ပတ်ဆို မာတာမိခင် မွေးမေမေ စလုံးကို အလည်လာမယ်လို့  ပြောထားတယ်။ အခုနေတဲ့ အိမ်က ယောင်္ကျားလေးတွေချည်းပဲဆိုတော့ အမေလည်း မလွတ်လပ် သူတို့ လည်း မလွတ်လပ် ဒါကြောင့် သူငယ်ချင်း မိသားစုအိမ်ကို ရွေ့ လိုက်ရတယ်။

အိမ်ရွေ့ ရတဲ့ ဒုက္ခကလည်း တော်တော်မသေးဘူး၊ အိမ်ပြောင်းဘူးရင် သိမှာပါ။ တစ်ပတ်လောက် အထိုင်မကြနိုင်ဘူး။ ဒါနဲ့ ပဲ အွန်လိုင်းနဲ့  အဆက်ပြတ်သွားတာ အခုမှ ပြန်ဝင်ရတာ။ ဒီကြားထဲ လာရောက်လည်ပတ်တဲ့ ညီအကို မောင်နှမတွေကို ပြန်မနှုတ်ဆက်နိုင်တာ တော်တော်ကို အားနာပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။

ဒီကြားထဲ ကျွန်တော်ရဲ့ နံရိုးလေးကလည်း ကျန်းမာရေးက မကောင်းဖြစ်နေတယ်။ ပထမပိုင်း ခါးနာတယ်ဆိုလို့  ဆေးခန်းသွားပြရတယ်။ ဆရာဝန်က ဆီးစစ်ပြီး ဆေးတစ်ပတ်စာ ပေးလိုက်တယ်။ တစ်ပတ်ပြည့်တော့ မသက်သာဘူး။ ဒါနဲ့ ဆရာဝန်ပြန်ပြတော့ X-ray နဲ့ Ultrasound ရိုက်ရမယ်ပြောရော။ ကျွန်တော်မှာ တော်တော်ကို ထူပူသွားတာ၊ ဒါနဲ့  ဆေးခန်းက ညွှန်လိုက်တဲ့ SUNTEC CITY က ဆေးခန်းကို သွားရတယ်။ ပြီတော့ ပြန်လာကြတယ်၊ ဒီအချိန် ဖုန်းဝင်လာပါလေရော။ အဲဒီ SUNTEC CITY ဆေးခန်းက ဆက်တာ။

X-ray က Clear မဖြစ်ကြောင်း ဝမ်းသွားဖို့ လိုကြောင်း ဒါကြောင့် နောက်တစ်နေ့  မနက် ပြန်လာဖို့  လိုကြောင်း အကြောင်းကြားတာ။ ကျွန်တော်မှာ တော်တ်ာကို ဒေါကန်သွားတာ၊ ဒါနဲ့ နောက်တစ်နေ့  ထပ်သွားရတာပေါ့။ နောက် result ထွက်တော့ ပုံမှန် ခါးနာတာ ဖြစ်နေတယ်။ အဲဒီကြမှပဲ ရင်ထဲက အလုံးကြီး ကြသွားရော။ အခုတော့ ပုံမှန် ဆေးစား၊ ဆေးလိမ်းနေရတယ်။

ဒီကြားထဲ SMRT(ရထား၊ ကား စီးခွင့်) ကဒ်ကလည်း ပျောက်သွားတယ်။ ပုံမှန်အချိန်ဆို စလုံးမှာ ဒီကဒ်ပြန်လုပ်ရင် ငါးမိနစ် မကြာဘူး၊ အခုအချိန်က စလုံးမှာ ဒီ SMRT ကဒ်တွေကို တစ်နိုင်ငံလုံး လဲပေးနေတဲ့အချိန်ဆိုတော့ ကျွန်တော့်မှာ ၄၅မိနစ်လောက် ကျူတန်းကြီးထဲမှာ တန်စီနေရတယ်။ တခါတရံ စဉ်းစားမိတယ်။ အဆိုးတွေ လာတဲ့အချိန်ဆို ဆက်တိုက် လာတက်သလားလို့ ။

အခုတော့ အကောင်းတွေပဲ ကျန်တော့တယ်လို့  ထင်မိတယ်၊ ပုံမှန်တော့ ပြန်ဖြစ်နေပါပြီ။ မနေ့ ညကလည်း အွန်လိုင်းပေါ် ပြန်တက်တော့ ညီမလေး ဝိုင်းက တဂ်ထားတာ မိနေပြန်ရော။ ရေးပေးပါမယ် ညီမရေ....။

အခုလို အွန်လိုင်းပေါ် မရောက်တဲ့ အချိန်မှာ ပုံမှန်လာလည်တဲ့ လူတွေ၊ စီဘောက်မှာ လာလာအော်တဲ့ ညီအကို မောင်နှမတွေကို အထူးကျေးဇူးတင်ပါတယ်ဗျာ..........။

17 comments:

yangonthar said...

အစ်ကို အလုပ်တွေများနေတာကိုး ခါးနာကော သက်သာလားဗျ .... အမြန်ကျန်းမာလာပါစေ ဗျာ .....
ခင်တဲ့
ရန်ကုန်သား
ကံကောင်းပါစေ :)

Anonymous said...

နေကောင်းကျန်းမာပါစေ
မေမေနဲ့ တူတူပျော်ပျော်နေလိုက်

ကိုလူထွေး said...

နံရိုးလေးကို အလေးအပင်တွေ မခိုင်းတယ်ထင်တယ်...
အိမ်ပြောင်းတယ်ဆိုတော့လည်း မောင်တပိုင်း မယ်တပက်ပေါ့.. အဲဟုတ်သေးပါဘူး... မောင်တထမ်း မယ်တရွက်ပေါ့...း)

ခြေလှမ်းသစ် said...

ကိုအင်ဒရူးရေ အဆိုးတွေ ပြီးရင် အကောင်းတွေ ချည်းပြန်လာတော့မှာပါ .. ကျန်းမာရေးတော့ ဂရုစိုက်ဗျို့ 

Angel Shaper said...

အကို အင်ဒရူးကြီးရေ....
ဥုံဖွ။။။ အဆိုးများပျောက်စေသတည်းးးးးးးးးး
ဟိဟိ
နံရိုးလေးလဲ နေကောင်းကျန်းမာပါစေ။
အကို့ အမေနဲ့ လဲ ကျန်းမာပျော်ရွှင်စွာ ဆုံတွေ့ ကြပါစေ။
အဆင်ပြေပျော်ရွှင်ပါစေဗျာ။
နားနားပြီးရေးပေါ့။ အားပေးဖို့ မောင်နှမတွေက အဆင်သင့်စောင့်နေတယ်လေ။

ခရေညို said...

ကိုအင်ဒရူး ရေ ဒါတွေကဖြစ်တတ်ပါတယ်။ ကိုယ်က လော နေရင်ပို တောင်ကြန့်ကြာသေးတယ်။ အမြန်ဆုံး အဆင်ပြေပါစေနော်

Waing said...

မင်္ဂလာပါ ကို Andrew ရေ...
အိမ်ပြောင်းနေတာရော အကို့အမေ လာမယ်ဆိုတာရော အကို့နံရိုးလေး ခါးနာနေတာတွေ ၀ိုင်းတကယ်မသိလို့ပါ။ နောက်ဆို အားလုံး အဆင်ပြေ ပုံမှန်ဖြစ်သွားမှာပေါ့။ ၀ိုင်းလည်း ဒီတပတ်မှာ အိမ်ပြောင်းရတော့မှာလေ။ အိမ်ကပြောင်းခါနီးမှ wireless က router ပျက်တယ်။ တီဗီပျက်တယ်။ ဖုန်စုပ်စက်လည်း ပျက်တယ်။ အားလုံးတော့ အခုပုံမှန်ပြန်ပြင်လိုက်ပါပြီ။ တက်ဂ်ကိုလည်း အဆင်ပြေမှ ရေးပေးပါ။ အကို့အမေနဲ့ စင်ကာပူမှာ ပျော်ရွှင်စွာလည်ပတ်နိုင်ပါစေနော်...
ခင်လျက်
ဝိုင်း

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

အကို့နံရိုးလေးကို ဂရုစိုက်ပါ အစ်ကိုတော်ရေ။
ကျမ်းမာရေးမကောင်းရင် စလုံးရဲ့ ဆေးဖိုးက သိတော်မူတဲ့အတိုင်းဘဲ။
ကျမ်းမာပါစေလို့ ဆုတောင်းပေးတယ်နော်
မာတာမိခင်လာရင်လဲ သေချာပြုစုဂရုစိုက်လိုက်ပါအုန်းနော်.
ပျော်ရွှင်ပါစေ။

ရွက်လွင့်ခြင်း said...

အပေါ်က ကွန်မန့် ပေးတဲ့ ညီအကို မောင်နှမအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်
အားပေးတဲ့ အတွက်လည်း အားတက်မိတယ်ဗျာ
အားလုံးပဲ ပျော်ရွှင်ကြပါစေ
း)

မြစ်ကျိုးအင်း said...

အဆိုးတွေကုန်သွားရင် အကောင်းတွေပဲ ရောက်လာမှာပါဗျာ။
အားလုံးကျန်းမာအဆင်ပြေပါစေဗျာ

Phyo Maw said...

မြင်းခွာ ပြောင်းပြန်ဖြစ်နေတယ်
အတည့် ပြန်ထားပါ
အဆိုးတွေ ပြီးသွားရင် အကောင်းတွေလာတော့မယ်
ပိုသေချာအောင် ယတြာ = ပုလင်းကောင်းကောင်း ကိုယ်တော်လေးကို ပို့လိုက်ပါ

ရွက်လွင့်ခြင်း said...

ကိုမြစ်ကျိုးရေ....
ပေးတဲ့ဆုနဲ့  ပြည့်ပါစေဗျာ
း)
မောင်ပီအမ်
ဘာပုလင်းကြိုက်လဲ
7up လား Coca Cola လား
း)

rose of sharon said...

အမေနဲ့တွေ့ရမှာ ပျော်စရာကြီး.... နံရိုးလေး ကျန်းမာပါစေ

သားကြီး said...

welcome back bro.... we miss u :)
အဆင်မပြေတာတွေက တစ်ခုတည်းမလာဘူးဗျ
ရွာလုံးကျွတ်လာတတ်တာ :P

khin oo may said...
This comment has been removed by the author.
ကြည်ဖြူပိုင် said...

ိကိုရွက်လွှင့်ခြင်းရေ
အိမ်ပြောင်းဖူးတော့နားလည်ပါတယ်
နံရိုးလေးကိုလည်းသတင်းမေးပါတယ်
အဲလိုပါပဲ
တခါတရံအဆင်မပြေမှုတွေက
ဆက်တိုက်အဖော်ခေါ်ပြီးရောက်လာတတ်ကြတယ်
နောက်တော့လည်းအားလုံးအဆင်ပြေသွားမှာပါ
အကိုရယ်
နံရိုးကိုလည်းကျန်းမာရေးဂရုစိုက်ဥိးနော့
မာတာမိခင်လာတော့မယ်ဆိုတော့
ပျော်စရာကြီးပေါ့.ခဏတာတော့ကလေးပြန်လုပ်လို့ရဦးမယ်လေ..
အဆင်ပြေပျော်ရွှင်ကြပါစေ

jr.လွင်ဦး said...

အိမ်ပြောင်းရတဲ့ ဒုက္ခတကယ်ကြီးပါတယ် ကိုအင်ဒရူးရေ။
အဆိုးတွေပြီး အကောင်းလာမှာပါ။
အဆင်ပြေပါစေ။ နံရိုးလေးလည်း နေကောင်းပါစေရှင်။