6.30.2009

Flu & Me

အခု စလုံးမှာ ဝက်တုပ်ကွေးဖြစ်တဲ့ ဦးရေ တဖြည်းဖြည်းများလာတော့ လူတိုင်း ကျန်းမာရေးကို အထူဂရုပြုလာ တွေ့ လာရတယ်။ တကိုယ်ရေသန့် ရှင်းမှုလည်း ပိုလုပ်လာကြတယ်၊ ကျွန်တော်လည်း အတက်နိုင်ဆုံးတော့ ကျန်းမာရေး ဂရုစိုက်နေတာဘဲ။ ဖြစ်လာမှတော့ ဘာတက်နိုင်မှာလည်း........ဟုတ်ဘူးလား။

ဒါနဲ့  စကားမစပ် ကိုရီးယားက ပြန်လာကာစက ကျွန်တော်လည်း ရှိန်းတိန်း ဖိန်းတိန်း ဖြစ်ပြီး ကိုယ့်ကိုယ်ကို စိတ်မချတာနဲ့  ရုံးမသွားသေးဘဲ ဆေးခန်းသွားပြရတော့တယ်။ မန်နေဂျာ ကိုလည်း မက်ဆေခ့်ျ ပို့ ပြီး နောက်ကျမယ့် အကြောင်း ပြောထားရတယ်၊ ဆေးခန်းရောက်တော့ ပထမစာရေးမတွေက သာမာန် နေမကောင်းတဲ့ လူနာပုံစံပဲ ဆက်ဆံတာ၊ ဘာ mask မှ အကာအကွယ် ယူမထားကြဘူး။ (၆လပိုင်း ပထမ ပတ်လောက်ပေါ့) အဲဒါနဲ့  ကျွန်တော်လည်း လိုအပ်တဲ့အတိုင်း စာရင်းသွင်း၊ ဆရာဝန် စောင့် နဲ့  နောက် မိနစ် ၂၀လောက်ကြာတော့ ဆရာဝန်နဲ့  တွေ့ ရတော့တာပဲ။

အဲဒီမှာ ပြဿနာက စတော့တာပဲ...၊ ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်တယ်၊ အဖျားတိုင်း၊ ဟိုမေးဒီမေး အနည်းငယ်မေးပြီးတော့ travelling history ကို မေးပါလေရော.......

ကျွန်တော်လည်း အမှန်အတိုင်း ဖြေလိုက်ရော ဆရာဝန်ခမျာ ကျွန်တော့ကို တရားခံတယောက် တွေ့ လိုက်ရ သလို ဖြစ်သွားပြီး သေချာကို စစ်ဆေးမေးမြန်းမှုတွေ လုပ်တော့တာပဲ၊ ကျွန်တော့်ကိုလည်း ဘယ်မှမသွားခိုင်းဘဲ နဲ့  ဆေးခန်းထဲမှာ ခဏစောင့်ခိုင်းထားတယ်။

အပြင်ထွက်ပြီးတော့လည်း သူ့ စာရေးမတွေနဲ့  စောင့်နေတဲ့ လူနာတွေကို mask တွေ အကုန်တပ်ခိုင်းထားတယ်၊ ကျွန်တော့်ကိုလည်း ဘယ်မှ မသွားခိုင်းဘူး၊ လူတွေကလည်း ကွက်ကြည့်ကွက်ကြည့် နဲ့ ..........။

နောက်မှသိရတာ ကျွန်တော့်လေယာဉ်ခရီးစဉ်နဲ့  MOH ကျန်းမာရေးဝန်ကြီးဌာန ကို လှမ်းစုံစမ်းနေတာ။ ဟိုက အကြောင်းမပြန်သေးတော့ စောင့်ခိုင်းထားတာ ။ ၂၅မိနစ်လောက်ကြာတော့ MOH က ဖုန်းဝင်လာရော၊ အဲဒီကျ မှ ကျွန်တော်လည်းပဲ အသက်ရှုချောင်တော့တယ်။

ဒါနဲ့ ဆရာဝန်က ကျွန်တော် ဆောင်ရန်ရှောင်ရန်များကို မှာပြီး ဆေးခွင့် ၂ရက် ပေးလိုက်တာနဲ့  ကျွန်တော်လည်း ရုံးကို ပြန်မသွားတော့ဘဲ အိမ်မှာဘဲ အနားယူပြီးတော့ နေပြန်ကောင်းတဲ့အထိ ဇိမ်ကျနေတော့ တယ်။

အခုတော့ နေပြန်ကောင်းပြီး ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။ စလုံးမှာ သတိထားစရာ တစ်ချက်က နေရာတိုင်းဟာ အလုံပိတ် ဖြစ်နေပြီးတော့ ကူးဆက်ရောဂါ လွယ်လွယ်နဲ့  ပြန့် နှံနိုင်ပါတယ်၊ သတိထားရမှာပါ၊

ဘလောဂ်ဂါ ညီအကို မောင်နှမ အားလုံး ဒီရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့  ဆုတောင်းလျှက်........

6.29.2009

ချမ်ဂျောင်ဂန်း (သို့ ) ကိုရီးယား တို့ ရဲ့နန်းတော် (၂)

ဒီလိုနဲ့  နန်းတော်အတွင်း လှည့်ပတ်ကြည့်ရှပြီး တစ်နေရာအရောက်မှာ ကိုရီးယားလူမျိုးတို့ ရဲ့ ရှေးဟောင်းနာရီကို တွေ့ ခဲ့ရပါတယ်။ နေရောင်က အရိပ်ကို အခြေခံပြီး တွက်ချက် ထားတဲ့ ရှေးလူမျိုးတို့ ရဲ့ တီထွင်ကြံဆမှုကတော့ အံ့မခမ်းပါဘဲ..........



ပုံမှာ ပါတဲ့အတိုင်း အရိပ်ရဲ့ အစွန်းက ဇယားကွက်ပေါ်ကျနေပြီး အဲဒီအကွက်တွေအတိုင်း တွက်ချက်ပုံရတယ်။

ကျွန်တော်တို့  ရောက်တဲ့အချိန်မှာ ကိုရီးယား စံတော်ချိန် ၁၀နာရီခွဲလောက် ရှိနေပြီ၊ (ကျွန်တော်တို့  ကြိုးစားပြီး တွက်ကြလည်း အဖြေမရခဲ့ဘူး......P)

ဒီလိုနဲ့ ဘဲ ၁၂နာရီထိုးခါနီးကျ နန်းတော်ရဲ့ အပြင် ပြန်ထွက်ခဲ့ကြတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့  ဟော်တယ် မှာ checkout လုပ်ရမယ်။ အပြင်လည်းရောက်ရော ထပ်ပြီးထူဆန်းတဲ့ တစ်ခု တွေ့ ရသေးတယ်။ အဲဒါ ဘာလည်းဆိုတော့ စာကလေးတွေနဲ့  မိတ်ဆွေဖြစ်နေတယ့် လူတစ်ယောက်ကို ထူးဆန်းစွာ တွေ့ ခဲ့ရတယ်။ ဒါနဲ့ ဘဲ ကင်မရာထုတ်ပြီး မှတ်တမ်းတင်ခဲ့ရပါတယ်။ ပိုစ့်လည်းအတော်ရှည်သွားပြီ၊ ဆိုလ်းမြို့အကြောင်းကို နောက်မှ ပိုစ့် သပ်သပ်ထပ်ရေးမယ်။

ဘလောဂ်ဂါ မောင်နှမများ အားလုံးကို လေးစားလျှက်...........


6.28.2009

ချမ်ဂျောင်ဂန်း (သို့ ) ကိုရီးယား တို့ ရဲ့နန်းတော်

ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ကို အလုပ်နှင့် ကျွန်တော် ၂ညအိပ် ၃ရက်ခရီး ရောက်သွားခဲ့တယ်။ ပထမဦးဆုံး ၂ရက်ကတော့ အလုပ်တွေရှုပ်ယှက်ခတ်ပြီး ညဦးပိုင်းပဲ ဆိုလ်းမြို့ထဲပဲ လှည့်လည် ကြည့်ရှုခဲ့ရပါတယ်။(အဲဒီ အကြောင်း နောက်ပိုင်း ပိုစ့် အဖြစ် တင်ပါဦးမည်)

နောက်ဆုံးနေ့ ရောက်တော့ ဖလိုက်ကို ညနေပိုင်း စီစဉ်ခဲ့တဲ့အတွက် တမနက်ခင်းလုံးဟာ ကျွှန်တော်အတွက် ဖြစ်လို့  နေပါတယ်။ ပြောဖို့ မေ့နေတဲ့ တစ်ခုက ကျွန်တော်တို့  တည်းတဲ့နေရာက ဆိုလ်းမြို့ ဖြစ်ပြီး နိုင်ငံတကာလေဆိပ် ရှိတဲ့မြို့ က INCHEON မြို့ ဖြစ်ပါတယ်။ ကားစီးသွားလျှင် ၁နာရီလောက် မောင်းရပါတယ်။

ဒါန့ဲ ပြန်မဲ့ နေ့  မနက် သူတို့ ရဲ့ ရှေးဟောင်းနန်းတော် Changgyeonggung (ချမ်ဂျောင်ဂန်း) ကို လိုက်ပို့ ပေးပါတယ်။

အဲဒီနေရာနဲ့  ကျွှန်တော်တို့ တည်းတဲ့ဟော်တယ် နဲ့ က နီးနီးလေးပါ၊ ဒါနဲ့  ကျွှန်တော်တို့ အဖွဲ့  နန်းတော်ဝန်းထဲ လှည့်ပတ်ကြည့်ရှုခဲ့ကြပါတယ်။ မျက်ကန်းမျိုးချစ် အမြင်ရှိတယ်ပဲပြောပြော ကျွှန်တော်တို့  နိုင်ငံရဲ့ မန်းလေး နန်းတ်ာကို မမှီပါဘူး..........

ဒါပေမယ့် သူတို့ ရဲ့ ယဉ်ကျေးမှုကတော့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ တော့ အတော့်ကို ချစ်ခင်နှစ်သက်ဖို့ အရမ်းကောင်းတယ်။

ဒီလိုနဲ့  နန်းတော်အတွင်းထဲ လှည့်ပတ်ကြည့်ရှုတော့ တနေရာအရောက်မှာ...........။

ဆက်ပါဦးမည်........

6.27.2009

ရွက်လွှင့်ခြင်း


ကျွန်တော်တို့  အထက်တန်းကျောင်းသားဘဝတွေတုံးက အရမ်းကို ခရေဇီ ဖြစ်ခဲ့တယ့် အဆိုတော် ဇော်ဝင်းထွဋ္ဋ် ရဲ့ ရွက်လွှင့်ခြင်း ဆိုတဲ့ ဒီသီချင်းဟာ အခု ကျွန်တော်တို့  ဘဝတွေနဲ့  တစ်ထပ်ထဲ နီးပါး ဖြစ်နေပါတယ်။ အထူးသဖြင့် နိုင်ငံခြားမှာ ရောက်နေတယ့် ကျွန်တော်တို့  မြန်မာတွေ အဖို့ ပိုပြီး ထပ်တူကျ နေ တာ တွေ့ ရပါတယ်။
ကျွန်တော်တို့ ဟာ မမြင်ရတဲ့ အနာဂတ် နှင့်အတူ ဒီလောကကြီး ထဲ ရွက်လွှင့်နေရတာပါ။ တခါတရံမှာ ကံကောင်းနေတက်ပြီးတော့ တခါတရံ ဆုံးရှုံးခြင်း များစွာကို ရင်ဆိုင်ရတက်တယ်။ ကံကောင်းတဲ့အခါ မှာ
ပျော်ရွှင်သလို ကံဆိုးတဲ့ အခါ ခံနိုင်ရည်ရှိအောင် ကြိုးစားနိုင်ရပါမှ ဒီပင်လယ်ကြီးထဲ ရွက်လွှင့်နိုင်မှာပါ။

ထို့ အတူ ရွက်လွှင့်ရာလမ်းတလျှောက် ဦးတည်ရာတူသူခြင်း စုဖွဲ့ ပြီးတော့ ရွက်လွှင့်နေကြမှာပါ။

တခါတရံ တူညီတဲ့ အစုအဖွဲ့  ကနေတစ်ချို့ တွေ ခွဲထွက်သွားကြပြီး တစ်ချို့ တွေ လာရောက်ပေါင်းစည်းကြတယ်


ဘာဘဲဖြစ်ဖြစ် အားလုံးဟာ ရွက်လွှင့်နေရဆဲပါ ဘဲ.....................။

ဖွင့်ပွဲ

အားလုံးမဂ်လာပါခင်ဗျာ

ဒီဘလောဂ်လေးကို ဖန်တီးရတဲ့အကြောင်းကတော့ ကျွန်တော့အတွေ့ အကြုံ တွေနဲ့  မိတ်ဆွေတို့ရဲ့အတွေ့ အကြုံ တွေကို ဖလှယ်ရန်အတွက် ဖြစ်ပါတယ်။
အခုမှစရတဲ့ အတွက်ကြောင့် သည်းခံခွင့်လွတ်၍ ဖတ်ရှုကြပါရန် အနုးအညွှတ် တောင်းပန်ပါတယ်။ လိုအပ်သည်များကိုလည်း အကြံပြုကြပါဦး။ လွန်ခဲ့တဲ့ တနှစ်က စ၍ ဘလောဂ်ပေါင်းများစွာ ဖတ်ရှုလေ့လာရင်း နှင့် ဘလောဂ်ရေးခြင်စိတ်ကို ထိန်းလို့  မရတဲ့အတွက် ဒီဘလောဂ်လေးကို ဖန်တီးခဲ့ရပါတယ်။ နည်ပညာပိုင်းမှာတော့ အခက်အခဲ နည်းနည်းရှိပါတယ်၊ ကူညီကြပါ ခင်ဗျာ။
ဘလောဂ်ဂါညီအကိုမောင်နှစ်မ အားလုံးကို လေးစားလျှက်.........။