2.24.2010

ကွဲလဲချက်

ပြတင်းတံခါးတွေ
အတူတူ ဖွင့်ပါလျှက်
အလင်းရောင်နဲ့ 
လေဝင်လေထွက်
သူ ပိုပြီး ရနေတယ်
.
.
.
.
ကိုယ်များမှားနေသလားကွယ်။

ဘာရယ်လို့  မဟုတ်ပါဘူး။ ဗီယက်နမ်က ပြန်ရောက်ရောက်ခြင်း ခံစားရတာကို ကဗျာအဖြစ် ပြောင်းကြည့်တာပါ။ ဗီယက်နမ် ဆိုပေမယ့် မြို့ ပေါ် မဟုတ်ပါဘူး၊ ဟိုချီမင်းကနေ တော်တော်ဝေးတဲ့ နယ်မြို့ လေးပါ။ အလုပ်ကိစကြောင့်ပါ။

12 comments:

The Queen said...

ဗီယက်နမ် ကပြန်လာပြီးတော့ စကားတောင် အပီတော့ ဝူးးး ( ကိစ တဲ့ )

Nge Naing said...

Andrew ရေ ပို့စ်အသစ် ပြန်တင်တာ တွေ့ရလို့ ၀မ်းသာလိုက်တာ။ လက်စသပ်တော့ ခရီးသွားနေတာကိုး။

ပြတင်းတံခါးတွေ
အတူတူ ဖွင့်ပါလျှက်
အလင်းရောင်နဲ့ 
လေဝင်လေထွက်
သူ ပိုပြီး ရနေတယ်

ဆိုရင်လည်း ကံစီမံရာပဲ သဘောထားလိုက်ပါ။

မြစ်ကျိုးအင်း said...

ရပ်တည်ပုံခြင်းမတူတာကြောင့် မဟုတ်ရင်တော့ ဒါဟာ ကံတရား သက်သက်ကြောင့်ပဲ ဖြစ်မယ်ထင်တယ်။

စာမရေးတာ တော်တော်ကြာနေပြီနော်

ခရေညို said...

နေရာကွဲလို့ထင်ပါတယ် ပြတင်းပေါက်နား မှာဆိုရင် လေ/အလင်းရောင်ပိုရမှာပေါ့။ ပျောက်ချက်သားကောင်းနေတယ်နော်

မေဓာဝီ said...

ပျောက်နေတာကြာပြီနော်။ ခုမှပဲ တွေ့ရတော့တယ်။ ခရီးထွက်နေတာကိုး။
အစစ အဆင်ပြေပါစေ ... ။

Angel Shaper said...

အကို အင်ဒရူးရေ...
ပျောက်နေပါတယ်လို့... လက်စသတ်တော့ သူကခရီးလွန်နေတာကိုးးးးးးးးးးးးး

ပြတင်းတံခါးတွေ
အတူတူ ဖွင့်ပါလျှက်
အလင်းရောင်နဲ့ 
လေဝင်လေထွက်
သူ ပိုပြီး ရနေတယ်
ကိုယ်များမှားနေသလားကွယ်။
မမှားပါဘူးဗျာ။ မတူညီတဲ့ အခြေအနေကြောင့်။ အကြောင်းကြောင်းကြောင့်လို့သာ မှတ်ယူပါလေ။ အဟဲ
စာတွေရေးဦးနော် အကို။
ကျန်းမာရေးလေး ဂရုစိုက်ဦး။
အစစအဆင်ပြေပျော်ရွှင်ပါစေဗျာ။

ကိုလူထွေး said...

တချို့က ပြတင်းပေါက်ဖွင့်ထားတယ်
အဲဒီကနေ လေကောင်းလေသန့်တွေ ဖြတ်တိုက်လာတယ်...

တချို့က ပြတင်းပေါက်ဖွင့်ထားတယ်
အဲဒီကနေ ညှော်နံ့တွေ တလဟော ဝင်လာတယ်

တချို့က ပြတင်းပေါက်ဖွင့်ထားတယ်
အဲဒီကနေ သူခိုးတက်ခိုးတယ်...

တချို့က ပြတင်းပေါက်ဖွင့်ထားတယ်
ဒါပေမယ့် သူခိုးက အိမ်တွင်းမှာပဲ ရှိနေတယ်...

းဝ)

rose of sharon said...

ပြန်ရောက်ပြီလား... ခံစားချက်ကိုနားလည်တယ်... အမလဲဒီလိုဘဲခံစားရတယ်လေ....

ခြေလှမ်းသစ် said...

ဟုတ်တယ်ဗျာ ... ကွာဟနေတာက တကယ်ပါ အုပ်ချုပ်မှုတွေမှ မတူပဲ ...

သီဟသစ် said...

ကိုရင်အန်ဒရူး
ပျောက်ချက်ကတော့ ကျွန်တော့်ထက် လွန်တယ်ဗျ
:)

Vietnam အတွ့အကြုံလေး ရေးပါအုံးဗျ။

ခင်မင်စွာဖြင့်
သီဟသစ်

နန်းညီ said...

သြော်...တနေ့ကပဲ အဲ့သဘောမျိုးဆန်ဆန် ပြောခံလိုက်ရတာ .. ခု ဒါကို လာဖတ်မိနေပါရောလား..

စံပယ်ချို said...

ဟုတ်တာပေါ့ ဖွင့်ခဲ့တာတူတူပါပဲ
သူကဘာကြောင့် ပိုနေတယ်ဆိုတာ
စဉ်းစားစရာနော်