11.07.2009

စုန်ဆန်ချည်

မင်္ဂလာပါ )))))))))))))))))))))))
အဲလိုပဲ အော်ပစ်လိုက်ချင်တယ်။
အွန်လိုင်းပေါ် မရောက်တာ အတော်ကြာပြီး ညီအကို မောင်နှမတွေနဲ့  မဆုံဖြစ်တာ အတော်ကို ကြာသွားတယ်။ ကျွန်တော် ဘလော့ဂ်ရဲ့ လတ်တလော အခြေအနေမှာ ရေးထားတဲ့အတိုင်း အမေရောက်လာတဲ့ အတွက် အလုပ်လည်း နဲနရှုပ်ပြီး ဘလောဂ့်ပေါ်မရောက်ဖြစ်တာပါ။ အားတဲ့အချိန်လေး မောင်နှမတွေရဲ့ ဘလောဂ့်တွေတော့ ဖတ်ဖြစ်ပါတယ်။ ကွန်မန့် တော့ မရေးဖြစ်ခဲ့ဘူး။

ဘယ်လောက်ထိ အလုပ်က ရှုပ်လည်းဆို ခွင့်ကလည်း ဘယ်လိုမှ ယူလို့ မရ(နှစ်ကလည်း ကုန်ကာနီးပြီဆိုတော့း))။ အမေရဲ့ စင်္ကာပူ မာလ်တီပယ် ဗီဇာကလည်း အချိန်မှီ စလုံးကို ပြန်ဝင်လို့ ရအောင် မလေးရှား ကေအယ်လ် နဲ့  စလုံးကို စုန်ဆန်ချည် ပြေးလိုက်ရတာ ဖက်ဖက်ကို မောသွားပါလေရော။

အမေက လာကတည်းက မလေးဗီဇာလည်း ယူလာတော့ ဗီဇာမကုန်ခင် မလေးကို ဝင်ဖို့  အရင်လုပ်ရတယ်။ ဒါနဲ့ ပဲ မလေးမှာရှိတဲ့ အမျိုးတွေနဲ့  လှမ်းချိတ်၊ ပြီးတော့ Golden Mile က ဘတ်စ်နဲ့  စနေနေ့  အမေ့ကို လိုက်ပို့ နောက်တစ်ရက် တနင်္ဂနွေကျ စလုံးကို တစ်ယောက်တည်း ပြန်လာရတယ်။ ဒါတောင် ဟိုကလူတွေက ဆွဲထားလို့  မနည်းတောင်းပန်ရတာ။

အသွားတုန်းကလည်း Golden Mile က ထွက်တဲ့ ဘတ်စ်တွေက Tuas ဖက်က ထွက်တော့ စလုံးဘက်က လဝက က ပြဿနာ မရှိပေမယ့် မလေးဘက်လည်းရောက်ရော ကျွန်တော့်ရဲ့ ပတ်စပို့  စာအုပ်က မတ်လမှာ ကုန်မှာဆိုတော့ မလေး သကောင့်သား လဝက က ရစ်ချင်နေတယ်။ ကံကောင်းတာက သူတို့ ရဲ့ Officer မလေး အဘွားကြီးက ရတယ်ဆိုပြီး လွှတ်လိုက်လို့ ။ ဒါတောင် ပညာက ပြလိုက်သေးတယ်။ အမေနဲ့  ကျွန်တော် အတူတူ ဝင်တာကို အမေ့ကို ရက်သုံးဆယ် ပေးပြီး ကျွန်တော့်ကြတော့ တစ်ပတ်ပဲ ပေးလိုက်တယ်။

နောက်တစ်ပတ်ကြတော့ ကျွန်တော် စဉ်းစားပြီး Tuas ဘက်က ထပ်ဝင်ရင် ဒီကောင် ရစ်ဦးမှာပဲဆိုပြီး Woodland ဘက်က ဝင်မယ်ဆိုပြီး ဆုးံဖြတ်လိုက်တယ်။ ဒါနဲ့ Kranji MRT ကနေ 107 ဘတ်စ်ကားစီးပြီး ဂျိုဟိုးဖက်ကို ကူးတာ Larkin ကားဂိတ်ထိကို ရောက်ရော။ ဒီတစ်ခေါက် မလေး လဝက ကတော့ ဘာမှကို မမေးတော့တာ။ နောက်တော့ Larkin ကားဂိတ်ကနေ ကေအယ်လ်ထိ ဘတ်စ်ကားစီးပြီးတော့ သွားတာပေါ့။ ကုန်ကျစရိတ်က အများကြီးကို သက်သာတယ်။

ကေအယ်လ် ဝင်ဝင်ချင်း စိတ်ညစ်စရာတစ်ခု ကြုံရသေးတယ်။ ဘာလည်းဆိုတော့ Traffic Jam။ ဘယ်လောက်ထိဆိုးလည်းဆိုရင် ကေအယ်လ် တိုးဂိတ်ကို ကားဖြတ်တော့ နေ့ လည် နှစ်နာရီခွဲ သာသာပဲ ရှိဦးမယ်။ စပြီး ကားပိတ်မိနေတာ။ တရွေ့ ရွေ နဲ့  သွားလိုက်တာ နောက်ဆုံး ကားဂိတ် Pudu Rarya ကို ညနေလေးနာရီမှ ရောက်ပါတော့တယ်။ ဒီကြားထဲ ကားပေါ်မှာ ဆီးသွားချင်တာ တစ်ပိုင်းကို သေရော။ ကားရပ်ရပ်ချင်း ပထမဦးဆုံး အိမ်သာကို ပြေးရပါရော၊ မလေးငွေ ပြားနှစ်ဆယ်ထည့်ရတဲ့ လမ်းဘေးက အိမ်သာလေး။ မဆိုးပါဘူး သပ်သပ်ရပ်ရပ် သန့် သန့် ရှင်းရှင်းနဲ့  အစဉ်ပြေပါတယ်။

နောက်မှ အမေတည်းနေတဲ့ ပူချွှန်းအရပ်ကို သွားရတယ်။ ဒီလိုနဲ့  တစ်ညအိပ်ပြီး နောက်တစ်နေ့မနက် ကေအယ်လ်ရဲ့ ပြယုဂ်ဖြစ်တဲ့ KLCC tower ကို သွားလည်ဖြစ်တယ်။ ဓါတ်ပုံတွေ ဘာတွေရိုက်ပြီး မြို့ လည်က SOGO ကုန်တိုက်ကို ဝင်လည်ဖြစ်တယ်။ ထမင်းစားချိန်ရောက်တော့ အဲဒီ SOGO ရဲ့ ခြောက်ထပ်မှာရှိတဲ့ မြန်မာထမင်းဆိုင် Paradise Palace မှာ နေ့ လည်စာ စားခဲ့ရတယ်။ အစားအသောက် တော်တော်လေးကို တန်တယ်။ ငါးယောက်စားတာ အအေးပါ အပါအဝင် မလေးပိုက်ဆံ ၁၂၆ ရင်းဂစ်ပဲ ကျတယ်။

စားပြီးတာနဲ့  ကားဂိတ်သွား စလုံးပြန်မယ့် ကားလက်မှတ်ဖြတ်ပြီး နေ့ လည်နှစ်နာရီလောက်မှာ ကေအယ်လ်ကို နှုတ်ဆက်ပြီး စလုံးကို ပြန်လာတော့တယ်။ ညနေ ခုနှစ်နာရီလောက်မှာ စလုံးမြေကို ပြန်နင်းလိုက်နိုင်ပါတယ်။ ကျွန်တော်လည်း တော်တော်လေးကို ပင်ပန်းသွားပြီး အနားယူလိုက်တာ အခုမှပဲ ပိုစ့်ပြန်တင်နိုင်တော့တယ်။

လာရောက်လည်ပတ်တဲ့ မောင်နှစ်မများအားလုံး ဧည့်ဝတ်မကျေခဲ့တာရှိရင် ခွင့်လွှတ်ပါလို့  တောင်းပန်လျှက်............။

16 comments:

သားကြီး said...

ဟောဗျာ
၁ဖြစ်နေပါရောလား :)

သားကြီး said...

welcome backဘရားသားရေ
ပျော်ပျော်ပါးပါး လှေလှော်သွား...အဲ...ဘလော့ဂင်းသွားကြဦး
စို့ဗျာ

သားကြီး said...

ဒီမှာတော့ကားjamဖြစ်တာတော့ပြောမနေနဲ့
တော့ ဟိုတစ်ခေါက်ဘယ်လောက်ဆိုးလဲဆို
တစ်နာရီကြာလို့ကားကတစ်လက်မ မရွေ့နိုင်ဘူး KLမှာရိုက်ခဲ့တဲ့ပုံတွေတင်ပါဦးလားဗျ
ကြုံရင်လည်းGenting Highlandsဘက်အရောက်သွားပါဦး
အဆင်ပြေပျော်ရွှင်ပါစေဗျိုးးးးးးး

zawzaw said...

နားလည်ပါတယ်အကိုရယ် ... ဒီလို တကူးတက ဘလောဂ့်သမားအချင်းချင်း အသိပေးခွင့်တိုင်တာကိုက ချစ်ဖို့ ကောင်းနေတဲ့ ယဉ်ကျေးမှုလေးပါဗျာ ... လုပ်စရာ ရှိတာတွေ လုပ်ပြီး ပြီးမှပဲ ပြန်လာပါဗျာ ...
ကိုဇော်

moemoestar said...

ပျော်ပျော်ပါးပါး လည်လည်သွားနေတယ်ပေါ့...

rose of sharon said...

တော်တော်မောသွားမှာဘဲ...ပျော်လဲပျော်ခဲ့မှာဘဲနော်

ကိုလူထွေး said...

ရောက်လာတဲ့ အမေကို
တွေ့တုန်းတွေ့ခိုက်
အတိုးချပြီး
အပြတ်ပြုစုလိုက်ပါဗျာ...
မဘလော့ဂင်းနိုင်သေးလည်း ခွင့်လွှတ်တယ်...

းဝ)

နွေးနေခြည် said...

ဘာမုန့်ပါလာလဲး)

ခရေညို said...

ရပါတယ် ကိုအင်ဒရူး ရယ် ခွင့်လွတ်ပါတယ်။
အမေ့ကိုပဲ အချိန်တွေပေးလိုက်ပါ။ အမေပြန်မှပဲလျှောက်လည်ပေါ့

Phyo Maw said...

သွားချင်တယ် မလေး
သွားလို့ လွယ်ကြောင်း ပြောတဲ့လူတွေများသော်လည်း
ဘာက ခက်လို့ ခက်နေမှန်းကိုမသိတာ။
ခေါ်သွားမယ့်လူ ထိုင်စောင့်နေတယ် ဟဲဟဲ

သီဟသစ် said...

ကိုအင်ဒရူးရေ

စိတ်ရော လူရော အားတဲ့ အချိန် ပြန်ဆုံကြတာပေါ့ဗျာ
အမေရောက်တုန်း သေချာ ပြုစုလိုက်ပါအုံး


ခင်မင်စွာဖြင့်
သီဟသစ်

Angel Shaper said...

ကိုအင်ဒရူးကြီးရေ...
အမေရောက်တုန်း အဆင်ပြေအောင် သေချာ လုပ်ပေးလိုက်ပါ။ မောင်နှမတွေက ဘယ်အချိန်ဖြစ်ဖြစ် ရှိနေတာပဲလေ။
အဆင်ပြေပျော်ရွှင်ကြပါစေနော်။

မြစ်ကျိုးအင်း said...

အမောတွေကြားထဲက ခရီးစဉ် အတွေ့အကြုံလေး မြင်လိုက်ရတယ်...။

ကျနော်လည်း အမေနဲ့ တွေ့ချင်တယ်

Nge Naing said...

Andrew ရေ ကျွန်မလည်း ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေတာ မခုမှ ပြန်ရောက်တယ်။ မိခင်ကို စိတ်ချမ်းသာအောင် ဂရုစိုက်ပါနော့်။

Sonata Cantata said...

သူများတွေ စုန်ဆန်ချီ နေတာ
တို့များဖြင့် မရောက်ဖူးသေးဘူး
အမေကို လိုက်ပို့တာမို့ ပိုအားကျမိပါတယ်

မေဓာဝီ said...

ဖတ်ပြီး မောသွားတာပဲ။ ရေးတဲ့သူ ဘယ်လောက်မောမလဲ ကိုယ်ချင်းစာမိပါတယ်။
ဒါပေမဲ့ အမေနဲ့ တွေ့ရတာမို့ အမေနဲ့ ပြောရင်း အမောပြေသွားမယ် ထင်ပါတယ်။ :)