6.29.2009

ချမ်ဂျောင်ဂန်း (သို့ ) ကိုရီးယား တို့ ရဲ့နန်းတော် (၂)

ဒီလိုနဲ့  နန်းတော်အတွင်း လှည့်ပတ်ကြည့်ရှပြီး တစ်နေရာအရောက်မှာ ကိုရီးယားလူမျိုးတို့ ရဲ့ ရှေးဟောင်းနာရီကို တွေ့ ခဲ့ရပါတယ်။ နေရောင်က အရိပ်ကို အခြေခံပြီး တွက်ချက် ထားတဲ့ ရှေးလူမျိုးတို့ ရဲ့ တီထွင်ကြံဆမှုကတော့ အံ့မခမ်းပါဘဲ..........



ပုံမှာ ပါတဲ့အတိုင်း အရိပ်ရဲ့ အစွန်းက ဇယားကွက်ပေါ်ကျနေပြီး အဲဒီအကွက်တွေအတိုင်း တွက်ချက်ပုံရတယ်။

ကျွန်တော်တို့  ရောက်တဲ့အချိန်မှာ ကိုရီးယား စံတော်ချိန် ၁၀နာရီခွဲလောက် ရှိနေပြီ၊ (ကျွန်တော်တို့  ကြိုးစားပြီး တွက်ကြလည်း အဖြေမရခဲ့ဘူး......P)

ဒီလိုနဲ့ ဘဲ ၁၂နာရီထိုးခါနီးကျ နန်းတော်ရဲ့ အပြင် ပြန်ထွက်ခဲ့ကြတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့  ဟော်တယ် မှာ checkout လုပ်ရမယ်။ အပြင်လည်းရောက်ရော ထပ်ပြီးထူဆန်းတဲ့ တစ်ခု တွေ့ ရသေးတယ်။ အဲဒါ ဘာလည်းဆိုတော့ စာကလေးတွေနဲ့  မိတ်ဆွေဖြစ်နေတယ့် လူတစ်ယောက်ကို ထူးဆန်းစွာ တွေ့ ခဲ့ရတယ်။ ဒါနဲ့ ဘဲ ကင်မရာထုတ်ပြီး မှတ်တမ်းတင်ခဲ့ရပါတယ်။ ပိုစ့်လည်းအတော်ရှည်သွားပြီ၊ ဆိုလ်းမြို့အကြောင်းကို နောက်မှ ပိုစ့် သပ်သပ်ထပ်ရေးမယ်။

ဘလောဂ်ဂါ မောင်နှမများ အားလုံးကို လေးစားလျှက်...........


2 comments:

နန်းညီ said...

မန်းလေးနန်းတော်လောက် မလှဘူးဆိုပေမယ့်လည်း သူတို့ထိန်းသိမ်းထားတာကတော့ မြန်မာထက်သာတယ်လေ.. နော..

အဲ့နန်းတော်တွေလျှောက်သွားတော့ လမ်းလျှောက်ရတာ မညောင်းဘူးလား.. နန်းညီတို့ Youth Camp တုန်းကတော့ နန်းတော် ၂ ခု တစ်ရက်ထဲ သွားရတာ ပြိုင်းသွားတာပဲ

ရွက်လွင့်ခြင်း said...

ပြိုင်းတာပေါ့ ဒါပေမယ့် လေယာဉ်ချိန် နီးတော့ အမောမဖြေနိုင်ဘူး
လေဆိပ်ကို တန်းပြေးရတာ