6.28.2009

ချမ်ဂျောင်ဂန်း (သို့ ) ကိုရီးယား တို့ ရဲ့နန်းတော်

ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ကို အလုပ်နှင့် ကျွန်တော် ၂ညအိပ် ၃ရက်ခရီး ရောက်သွားခဲ့တယ်။ ပထမဦးဆုံး ၂ရက်ကတော့ အလုပ်တွေရှုပ်ယှက်ခတ်ပြီး ညဦးပိုင်းပဲ ဆိုလ်းမြို့ထဲပဲ လှည့်လည် ကြည့်ရှုခဲ့ရပါတယ်။(အဲဒီ အကြောင်း နောက်ပိုင်း ပိုစ့် အဖြစ် တင်ပါဦးမည်)

နောက်ဆုံးနေ့ ရောက်တော့ ဖလိုက်ကို ညနေပိုင်း စီစဉ်ခဲ့တဲ့အတွက် တမနက်ခင်းလုံးဟာ ကျွှန်တော်အတွက် ဖြစ်လို့  နေပါတယ်။ ပြောဖို့ မေ့နေတဲ့ တစ်ခုက ကျွန်တော်တို့  တည်းတဲ့နေရာက ဆိုလ်းမြို့ ဖြစ်ပြီး နိုင်ငံတကာလေဆိပ် ရှိတဲ့မြို့ က INCHEON မြို့ ဖြစ်ပါတယ်။ ကားစီးသွားလျှင် ၁နာရီလောက် မောင်းရပါတယ်။

ဒါန့ဲ ပြန်မဲ့ နေ့  မနက် သူတို့ ရဲ့ ရှေးဟောင်းနန်းတော် Changgyeonggung (ချမ်ဂျောင်ဂန်း) ကို လိုက်ပို့ ပေးပါတယ်။

အဲဒီနေရာနဲ့  ကျွှန်တော်တို့ တည်းတဲ့ဟော်တယ် နဲ့ က နီးနီးလေးပါ၊ ဒါနဲ့  ကျွှန်တော်တို့ အဖွဲ့  နန်းတော်ဝန်းထဲ လှည့်ပတ်ကြည့်ရှုခဲ့ကြပါတယ်။ မျက်ကန်းမျိုးချစ် အမြင်ရှိတယ်ပဲပြောပြော ကျွှန်တော်တို့  နိုင်ငံရဲ့ မန်းလေး နန်းတ်ာကို မမှီပါဘူး..........

ဒါပေမယ့် သူတို့ ရဲ့ ယဉ်ကျေးမှုကတော့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ တော့ အတော့်ကို ချစ်ခင်နှစ်သက်ဖို့ အရမ်းကောင်းတယ်။

ဒီလိုနဲ့  နန်းတော်အတွင်းထဲ လှည့်ပတ်ကြည့်ရှုတော့ တနေရာအရောက်မှာ...........။

ဆက်ပါဦးမည်........

2 comments:

mabaydar said...

ဟုတ်ပ.. မဗေဒါလဲ အဲဒိနန်းတော်ရောက်တော့ မန်းလေးက မြနန်းစံကျော် ရွှေနန်းတော်ကို မမှီဘူးလို့ ပြောခဲ့မိသေးတယ်... နန်းတော်နာမည် မေ့သွားတာနဲ့ အစ်ကိုရေးထားတော့ အတော်ပဲ... နောက်ပိုင်း ကိုရီးယားပိုစ့် အဲနန်းတော်ရောက်တဲ့ အကြောင်းရေးရင် ထည့်ရေးလို့ရပြီ...

ရွက်လွင့်ခြင်း said...

ဟုတ်ကဲ့ ကျွန်တော်လည်း guide book ယူလာခဲ့လို့  မှတ်မိတာပါ၊ မဗေဒါ ရေးပြီးရက်လည်း လာအားပေးဦးမှာပါ