6.30.2009

Flu & Me

အခု စလုံးမှာ ဝက်တုပ်ကွေးဖြစ်တဲ့ ဦးရေ တဖြည်းဖြည်းများလာတော့ လူတိုင်း ကျန်းမာရေးကို အထူဂရုပြုလာ တွေ့ လာရတယ်။ တကိုယ်ရေသန့် ရှင်းမှုလည်း ပိုလုပ်လာကြတယ်၊ ကျွန်တော်လည်း အတက်နိုင်ဆုံးတော့ ကျန်းမာရေး ဂရုစိုက်နေတာဘဲ။ ဖြစ်လာမှတော့ ဘာတက်နိုင်မှာလည်း........ဟုတ်ဘူးလား။

ဒါနဲ့  စကားမစပ် ကိုရီးယားက ပြန်လာကာစက ကျွန်တော်လည်း ရှိန်းတိန်း ဖိန်းတိန်း ဖြစ်ပြီး ကိုယ့်ကိုယ်ကို စိတ်မချတာနဲ့  ရုံးမသွားသေးဘဲ ဆေးခန်းသွားပြရတော့တယ်။ မန်နေဂျာ ကိုလည်း မက်ဆေခ့်ျ ပို့ ပြီး နောက်ကျမယ့် အကြောင်း ပြောထားရတယ်၊ ဆေးခန်းရောက်တော့ ပထမစာရေးမတွေက သာမာန် နေမကောင်းတဲ့ လူနာပုံစံပဲ ဆက်ဆံတာ၊ ဘာ mask မှ အကာအကွယ် ယူမထားကြဘူး။ (၆လပိုင်း ပထမ ပတ်လောက်ပေါ့) အဲဒါနဲ့  ကျွန်တော်လည်း လိုအပ်တဲ့အတိုင်း စာရင်းသွင်း၊ ဆရာဝန် စောင့် နဲ့  နောက် မိနစ် ၂၀လောက်ကြာတော့ ဆရာဝန်နဲ့  တွေ့ ရတော့တာပဲ။

အဲဒီမှာ ပြဿနာက စတော့တာပဲ...၊ ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်တယ်၊ အဖျားတိုင်း၊ ဟိုမေးဒီမေး အနည်းငယ်မေးပြီးတော့ travelling history ကို မေးပါလေရော.......

ကျွန်တော်လည်း အမှန်အတိုင်း ဖြေလိုက်ရော ဆရာဝန်ခမျာ ကျွန်တော့ကို တရားခံတယောက် တွေ့ လိုက်ရ သလို ဖြစ်သွားပြီး သေချာကို စစ်ဆေးမေးမြန်းမှုတွေ လုပ်တော့တာပဲ၊ ကျွန်တော့်ကိုလည်း ဘယ်မှမသွားခိုင်းဘဲ နဲ့  ဆေးခန်းထဲမှာ ခဏစောင့်ခိုင်းထားတယ်။

အပြင်ထွက်ပြီးတော့လည်း သူ့ စာရေးမတွေနဲ့  စောင့်နေတဲ့ လူနာတွေကို mask တွေ အကုန်တပ်ခိုင်းထားတယ်၊ ကျွန်တော့်ကိုလည်း ဘယ်မှ မသွားခိုင်းဘူး၊ လူတွေကလည်း ကွက်ကြည့်ကွက်ကြည့် နဲ့ ..........။

နောက်မှသိရတာ ကျွန်တော့်လေယာဉ်ခရီးစဉ်နဲ့  MOH ကျန်းမာရေးဝန်ကြီးဌာန ကို လှမ်းစုံစမ်းနေတာ။ ဟိုက အကြောင်းမပြန်သေးတော့ စောင့်ခိုင်းထားတာ ။ ၂၅မိနစ်လောက်ကြာတော့ MOH က ဖုန်းဝင်လာရော၊ အဲဒီကျ မှ ကျွန်တော်လည်းပဲ အသက်ရှုချောင်တော့တယ်။

ဒါနဲ့ ဆရာဝန်က ကျွန်တော် ဆောင်ရန်ရှောင်ရန်များကို မှာပြီး ဆေးခွင့် ၂ရက် ပေးလိုက်တာနဲ့  ကျွန်တော်လည်း ရုံးကို ပြန်မသွားတော့ဘဲ အိမ်မှာဘဲ အနားယူပြီးတော့ နေပြန်ကောင်းတဲ့အထိ ဇိမ်ကျနေတော့ တယ်။

အခုတော့ နေပြန်ကောင်းပြီး ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။ စလုံးမှာ သတိထားစရာ တစ်ချက်က နေရာတိုင်းဟာ အလုံပိတ် ဖြစ်နေပြီးတော့ ကူးဆက်ရောဂါ လွယ်လွယ်နဲ့  ပြန့် နှံနိုင်ပါတယ်၊ သတိထားရမှာပါ၊

ဘလောဂ်ဂါ ညီအကို မောင်နှမ အားလုံး ဒီရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့  ဆုတောင်းလျှက်........

3 comments:

မီးမီးချစ် said...

ဒီရာသီ က mc ယူလို့ ကောင်း တဲ့  ရာသီ ပဲ.. ချောင်းနဲနဲ လောက် ဆိုးပြလိုက် လန့် သွားမယ်း))

ရွက်လွင့်ခြင်း said...

တကယ်ပါ သူဌေးကအစ လုံးဝနေကောင်းမှ ပြန်လာခိုင်းတာ၊
လာလည်တဲ့ အတွက်ကျေးဇူးတင်ပါတယ်

Ko Boyz said...

သတိထားပါ...။ အခု ဒီနေ့ကို ၇၈၃ ယောက် ဖြစ်သွားပါပြီ...။
ဝလုံးကို မှန်အောင် ရိုက်နေတာကို သတိထားမိတယ်။ ချီးကျူးပါတယ်...။