8.07.2009

တွေးကြည့်တာပါဗျာ

ကျွန်တော်တို့ အားလုံးဟာ အခြေအနေ အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားကို ထွက်ခွါခဲ့ကြရတယ်။ နောက်တော့ ရောက်ရှိတဲ့နိုင်ငံမှာ အခြေချဖို့  ကြိုးစားကြတယ်။ ဒါတွေ အားလုံးဟာ နိုင်ငံခြားမှာ ရောက်နေကြတဲ့ လူအားလုံးရဲ့ အခြေခံတူညီချက်တွေပါ။

အဲဒီမှာ ကျွန်တော်တို့  အားလုံးဟာ တော်တော်လေးကို ပေးဆပ်ကြရတာပါ၊ ကိုယ်ရဲ့ မိဘ မောင်ဘွား ဇနီးမယား အားလုံးကို ထားခဲ့ပြီးတော့ ထွက်လာာကြရတာပါ။ နောက်တော့မှ အလုပ်အကိုင် အတည်အကျ အခြေကျတဲ့ အခါမှ သူတို့ ကို ခေါ်ရတာပါ။ ဒါဟာ အကြမ်းပျင်း တွေးကြည့်တာပါ။


ဒီအထိ ပြဿနာ မရှိသေးပါဘူး၊ ပြဿနာက ကျွန်တော်တို့ ရဲ့ မျိုးဆက်ပါ။ ကျွန်တော်တို့ ရဲ့ သားသမီးတွေ၊ နောက် သူတို့ မှ တဆင့် ပေါက်ဖွားလာမယ့် မျိုးဆက်သစ်တွေ လက်ထက်ဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်သလဲ။ ကျွန်တော် တွေးကြည့်တာပါ။


ဘာကြောင့် ဒီလို အတွေးတွေ ဖြစ်ပေါ်လာရသလဲဆိုတော့ ဒီမှာမွေးတဲ့ ကလေး တော်တော်များများ မြန်မာစကား သိပ်မပြောတက်ကြဘူး၊ ပြောတက်ရင်တောင် ဝေါဟာရ ရှားပါးကြတယ်။ တစ်ချို့ ဆို မြန်မာယဉ်ကျေးမှုတောင် ဆုံးရှုံးနေကြရတယ်။


ဒီလိုဖြစ်ကြရတာလည်း မိဘတွေဖြစ်တဲ့ ကျွန်တော်တို့  မျိုးဆက်ရဲ့ တာဝန်မကျေမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်ကြရတဲ့ မိဘတွေ ခင်မျာလည်း အိမ်ရှိလူကုန် အကုန်အလုပ်ထွက်လုပ်နေကြရတော့ ကိုယ့်သားသမီးအတွက် အချိန်မပေးနိုင်၊ ပြန်လာတော့လည်း အလုပ်က တင်းကျပ်မှုတွေနဲ့  အိပ်ယာစောစောဝင် ဒီလိုနဲ့ ပဲ သားသမီးနဲ့  မိဘ တစ်ဖြည်းဖြည်း ကင်းကွာသွားကြပြီး ကလေးတွေက သီးခြားဟန်နဲ့  ရပ်တည်သွားကြရော။


နောင်အနှစ် နှစ်ဆယ် လေးဆယ် ရောက်တဲ့အခါ ကျွန်တော်တို့  ရွှေနိုင်ငံကြီးက အာရှမှာထိပ်တန်းဖြစ်နေ.....း)) တဲ့အခါမှာ နိုင်ငံခြားမှာရှိတဲ့ မျိုးဆက်က ရွှေမြန်မာ နဲ့  ရွှေပြည်ကြီးက ရွှေမြန်မာတွေ ဆက်သွယ်မှုတွေ ရှိကြရတော့မယ်။ အဲ့ဒီအခါမှာ မြန်မာစကား လိပ်ပတ်လည်အောင် မပြောတက်လို့  တရုတ်စကားမတက်တဲ့ တရုတ်ကို စကားတက်တဲ့တရုတ်က နှိမ်သလိုမျိုး အနှိမ်ခံကြရမှာ မြင်ယောင်မိတယ်။


ဒါကြောင့် အခုအချိန်ကတည်းက ကလေးတွေကို ကြိုးစားအချိန်ပေးပြီး လိုအပ်တာလေးတွေကို သင်ကြားပေးရမှာ ကျွန်တော်တို့  မိဘ မျိုးဆက်တွေရဲ့ တာဝန်ပါ။ ကိုယ့်ခလေး မြန်မာလို မပြောတက်တာ ဂုဏ်ယူစရာ မဟုတ်ပါ။


ဘာရယ်မဟုက်ပါဘူး၊ ပင်နီဆူလားမှာ တွေ့ ခဲ့တဲ့ သားအမိနှစ်ယောက် အင်္ဂလိပ် တစ်ဝက် မြန်မာတစ်ဝက် ပြောတာ မြင်ယောင်ပြီး ဆက်တွေးကြည့်တာပါ။

(အားလုံးကို မဆိုလိုပါ)

14 comments:

jr.လွင်ဦး said...

မနိုင်းနိုင်းစနေရဲ့ စိတ်ပျော်ရွှင်နည်း ညကပဲဖတ်ထားတယ်။ Positive Thinking အရကြည့်ရင် Globalization ထဲ ငါတို့တွေ စီးမျောနေကြတယ် လို့ပဲမြင်ပါလေ။ :P

့်Home Sweet Home said...

ကလေးရှိတဲ့မိဘမို့ နဲ့ တူတယ် စိုးရိပ်တာချင်းတူနေတယ်။ နောင် ၁၀ နှစ် လောက်ဆိုရင်မြန်မာနိုင်ငံကိုပြန်မယ်လို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က ကလေးအဆင်ပြေမလားဆိုတာတွေ ၊တစ်ကိုယ်ကောင်းဆန်တဲ့ဆုံးဖြတ်ချက်လားဆိုတွေ။ အတွေးတွေ အတွေးတွေ --------

သားကြီး said...

ဟုတ်တယ်ဗျ ဒီကိစ္စကို ခုကတည်းကဆင်ခြင်သင့်တယ်
နောင်အနှစ်နှစ်ဆယ် ကျနော်တို့ရဲ့ရွှေပြည်ကြီး
အာရှမှာထိပ်တန်းမဖြစ်ဘူးလို့ဘယ်ပြောနိုင်မလဲ
(ဟိ.....ကိုယ့်ဘာသာကိုယ်အသိပါလေ)
ကျနော်လည်းတွေ့ဖူးတယ်ဗျဒီမှာ မြန်မာမိသားစုပါပဲ ကလေးတွေက ဒီကမွေးတာ မိဘနဲ့သားသမီးစကားပြောတာ အင်္ဂလိပ်တစ်ပိုင်း တရုတ်လိုတစ်ပိုင်း မြန်မာလိုတစ်ပိုင်းနဲ့ ဘေးကနားထောင်တဲ့လူတောင် မူးသွားတယ်
(ဝီစကီသောက်စရာမလိုဘူး ဟီးးးး)
ပျော်ရွှင်ပါစေဘရားသားရေ...
အဖက်ဖက်ကတွေးပြီးတင်ပြပေးတဲ့ပိုစ်လေးအတွက်
ကျေးဇူး။

မေဇင် said...

နောင့် လဲအမြဲ တွေးမိတယ်.... ကလေး တွေ ကျောင်းရောက်ရင် အင်္ဂလိပ် ပြောကြမှာပါ.... ကိုယ့်အိမ်မှာတော့ မြန်မာလိုလေး ပြောပေးစေချင်တယ်ပေါ့နော်...။ မြန်မာတွေ မြန်မာစကား မမေ့ စေချင်လို့ပါ...။ ကလေးတွေကတော့ အင်္ဂလိပ်လိုပြောရတာ ပိုအားသန်တာ တွေ့ရတယ်...ဟုတ်ပါတယ်..ဘာပဲဖြစ်ဖြစ် မြန်မာလိုလေး လဲကျင့်ပေးသင့်တယ်..။

rose of sharon said...

ဒို့ခလေးတွေတော့ပြောတတ်ပါတယ်... ရနှစ်ခွဲသမီးကြီးကမွှတ်နေအောင်ပြောတတ်တယ်... ဒါတောင်၅၀%မြန်မာပါ... ၃နှစ်အရွယ်သားအငယ်က အင်္ဂလိပ်စကားလုံးတိုင်းကိုမြန်မာလိုဘယ်လိုခေါ်လဲ လိုက်မေးပြီးသင်ယူနေတုန်း.... အိမ်မှာမိဘကမြန်မာလိုပြောရင်သူတို့တွေ မြန်မာလိုပြောတတ်ဘို့သေချာပါတယ်...

ရွက်လွင့်ခြင်း said...

rose of sharon>> ကလေးတွေ မေးသမျှ ပြန်ပြီးတော့ ဖြေပေးဖို့  ကျွန်တော် တောင်းဆိုပါတယ်
သူတို့ သိချင်လို့  ပြန်ဖြေတာဟာ တစ်သက်လုံး မှတ်မိစေပါတယ်

ရွှန်းမီ said...

ကိုအန် တွေးမိပုံကို လေးစားမိပါတယ်..
အခုတော့ ဘာသာစကားတွေ ကျွမ်းကျင်ချင်လို့ လေ့လာနေတုန်းပါ..

မေဓာဝီ said...

အဲဒီကိစ္စကို ကျမလဲ တော်တော်လေး အစာမကြေ ဖြစ်မိတယ်။ ပို့စ်တခု ရေးမလို့တောင် စဉ်းစားထားမိသေးတယ်။
အင်္ဂလန်ရောက် မြန်မာမိသားစု တော်တော်များများမှာလဲ အဲဒါမျိုးတွေ တွေ့နေရပါတယ်။ မြန်မာပြည်မှာ မွေးခဲ့ပေမဲ့ ဒီမှာနေတာကြာရင် မြန်မာစကား မပြောတတ်တော့တာမျိုးတွေ ဘုန်းကြီးရှေ့ ဘုရားရှေ့မှာ အဂါရ၀ဖြစ်တဲ့ အ၀တ်အစား၊ အနေအထိုင်မျိုးတွေ ၀တ်စား နေထိုင်နေကြတာတွေ မြင်နေရတော့ စိတ်ထဲ တော်တော်လေး ကသိကအောက် ဖြစ်ရတယ်။
အဓိက ကတော့ မိဘရဲ့ လိုအပ်ချက်လို့ တွေးမိပါတယ်။

Angel Shaper said...

မှန်လိုက်တာနော်။ ဒါ မိဘရဲ့ ကြီးမားတဲ့ပေါ့လျော့မှုတွေ အများကြီးပါတယ်။ မိဘက သားသမီးကို အရှေ့က လုပ်ပြမှ သားသမီးက လိုက်လုပ်မှာပေါ့။ ကလေးတွေဆိုတာကလဲ မြင်တာကို လိုက်တု လိုက်သင်ချင်တာမို့လား။ မိသားစုအိမ်မှာနေရင် ပြောပါလား မြန်မာလို သားသမီးတွေ မွတ်နေစေရမယ်။ မိဘများရေ.... ကြည့်လုပ်ပါ။ ရိုးရာယဉ်ကျေးမှုလေးတွေတော့ ကလေးတွေကို သင်ပေး၊ လုပ်ပေးကြပါဗျာ။။။။

ကြည်ဖြူပိုင် said...

ဟုတ်ပါ့။ အနော်မြန်မာစာသင်ပေးတဲ့ကလေးတစ်ယောက်မြင်ဖူးတယ်။ မြန်မာလိုလိပ်ပတ်လည်မပြောတတ်ဘူး။သူ့ကို အီးလိုကြားညှပ်ပြောမှရတာ။ သူ့အမေကတော့ဂုဏ်ယူနေလေရဲ့။အမှန်တော့လမ်းမှားတွေပါ။

Anonymous said...

ဟုတ်ပါ့ကွယ်..

အနော် said...

မျိုးဆက်တွေအတွက် နောက် အနှစ် ၂၀ လောက်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားမိရင် :(
ကြယ်ငါးလေးတွေ ပင်လယ်ထဲ ပြန်ပစ်ချသလိုပါပဲ တစ်ကောင်တည်း ဘာမှ မဟုတ်လောက်ဘူးဆိုပေမဲ့ အဲ့ဒီတစ်ကောင်အတွက်တော့ အကျိုးရှိသလို ကလေးတစ်ယောက်လောက် ဆိုပေမဲ့လဲ အဲ့ဒီကလေးအတွက် အမျိုးမပျောက်အောင် ထိန်းသိမ်းနိုင်မယ်ဆိုရင် .....
စဉ်းစားတွေးတောသွားပါတယ် အကိုရေ

မြစ်ကျိုးအင်း said...

ဒီနိင်ငံမှာလည်း ဒါမျိုးတွေရှိနေတယ်လေ....။
တခါကဆို သင်္ကြန်မှာ ရေပက်လို့တဲ့ ပက်တဲ့သူကို ပါးရိုက်ပါလေရော ကျန်တဲ့သူတွေက ၀ိုင်းဖြန်ဖြေတော့ သူက တရုတ်လိုပဲ ပြောတယ်လေ လူတွေကတော့ တရုတ်မ လို့ထင်ကြတာပေါ့...။ယှဉ်ပြောရင်းမနိင်မှ မြန်မာလိုထုတ်ပြောလာတယ်လေ...။
အဲဒီတော့မှ လူတွေဝိုင်းဆဲလိုက်ကြတာများ ခပ်မြန်မြန် လစ်ပြေးရတယ်...။
အဲဒါ ကလေးမဟုတ်ဘူး လူကြီးဗျ ဘာတွေဘ၀င်မြင့်နေ လည်းမသိပါဘူး...။
မြန်မာအမျိုးသမီးဘောလုံးအသင်း ဒီနိင်ငံမှာ
လာကန်တော့ မြန်မာတွေအားပေးတဲ့ဘက်မှာ ထိုင်ပြီး
အိမ်ရှင်နိင်ငံကိုအားပေးနေတဲ့ မြန်မာမိသားစုကိုလည်း တွေ့ခဲ့ဖူးတယ် ကလေးတွေက မကောင်းပြောတာကို မိဘလုပ်တဲ့သူတွေကပါ အားပေးအားမြှောက်လုပ်နေ တာလေ...။တရားစွဲသာမခံရဘူးဆို ကျွန်တော်ထရိုက် ပြစ်ချင်စိတ်တောင်ဝင်မိတယ်..။
နောက်ထပ်အဲဒါတွေလည်းအများကြီးကျန်ပါသေးတယ်။
ဆက်ရေးရင် ပို့စ်တပုဒ်တောင်ဖြစ်လောက်ရဲ့..။

WWKM said...

ပို့စ်လေးလာဖတ်သွားပါတယ်ရှင်.
ဟုတ်ပါတယ် ဒီလိုစေတနာလေးက သားသမီးတွေအပေါ်မှာထားတဲ့ မိဘတိုင်းရဲ့စေတနာပါ။
ကျွန်မရဲ့သမီးလေးဆိုရင်လည်း အိမ်မှာကျွန်မတို့က မြန်
မာလိုပြောရင် သူက ဂျပန်လိုပဲဖြေနေလို့ မြန်မာလိုပြော
ရင် ဘာဝယ်ပေးမယ်၊ညာဝယ်ပေးမယ်ဆိုပြီး ပြောရတာ
လေးတွေရှိပါတယ်.. မြန်မာစာကို သင်ရမှာကြောက်ရှာ
ပါတယ်... ကျွန်တို့ကလည်း ကလေးကို စထရက်စ်မရစေချင်လို့ ရသလောက်ကလေးကို ကြိုး
စားသင်ပေးပြီး မြန်မာစာကို မမေ့အောင်ကြိုးစားရတာပါ
ပဲ။မိဘတွေကြောင့် သူတို့နိုင်ငံခြားကိုရောက်ရတာပါ။
ိနိုင်ငံခြားရောက်တော့လည်း သူနိုင်ငံ၊သူ့သဘာဝအရ
TV အစီအစဉ်ကအစ သူတို့စကားတွေပဲ နားထဲရောက်
နေတော့ ကလေးအပြစ်တော့ မဟုတ်ပါဘူး။လူကြီးတွေ
ကလည်း သင်ပေတယ်ဆိုပေမယ့် သူတို့တွေမှာ ဒီက
ကျောင်းစာတဖက်နဲ့ဆိုတော့ အရမ်းကြီးဖိအားပေးပြီး
မြန်မာလိုမသင်ချင်တာလည်းပါပါတယ်ရှင်။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားရောက်နေတဲ့ကလေးတွေ မြန်မာ
ပြည်ပြန်ရောက်သွားရင် သူဖာသာသူ တခြားကလေး
တွေထက်ပိုပြီး ထူးချွန်သွားတတ်ကြတယ်လို့ ဆရာမ
တစ်ဦးက ပြောပြခဲ့ဘူးပါတယ်။
အဓိကကတော့ မြန်မာစကားပြောမမေ့ရလေအောင် ကျွန်မတို့ မိဘတွေမှာ တကယ်တာဝန်ရှိကြပါတယ်ရှင်။
ပို့စ်လေးအတွက်ကျေးဇူးတင်မိပါတယ်.
မိဘတစ်ယောက်ရဲ့စေတနာတွေကို မြင်လိုက်ရပါတယ်
။အဆင်ပြေပါစေနော်။