8.23.2009

မွေးနေ့ လက်ဆောင်

ဘလော့ဂါ မောင်နှစ်မ များအားလုံးကို အထူးပဲ တောင်းပန်ချင်ပါတယ်။

ကျွန်တော် ဘလော့ လောကနဲ့  အဆက်ပြတ်သွားတာ တော်တော် ကို ကြာသွားပေါ့။ ဖြစ်ပုံက ကျွန်တော်ရဲ့ လက်ပ်တော့လေး ဆေးရုံ တက်နေရတဲ့ အချိန်မှာ အမျိုးတွေ အလည်လာပါလေရော။ ဒါနဲ့  အလုပ်တွေ အရမ်းရှုပ်ပြီး ဘလော့မဂင်းနိုင်တော့ပါ။

ဒါပေမယ့် နေ့ စဉ်နေ့ တိုင်း ဝတ္တရား မပျက် စီဘောက်မှာ လာလာအော်နေတဲ့ ညီအကို မောင်နှစ်မများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အခုအချိန်က စပြီး ပုံမှန် ပိုစ့်တွေ တင်နိုင်ပါတော့မယ်။

အမျိုးတွေ တစ်ပတ်လောက် နေသွားတဲ့ အချိန်မှာ စလုံးကျွန်ပေါ်မှာ နေရာအနှံ ကျွန်တော် ရောက်ခဲ့တယ်။ ဒီမှာ အနေကြာတဲ့ ကျွန်တော်အဖို့  တစ်ချို့ နေရာတွေဆို သူတို့  ပြောမှ ကျွန်တော်သိရတယ်။ ဥပမာ စင်္ကာပူမြို့  စတည်ကတည်း က တရုတ်ဘုံကျောင်းဆိုရင် ကျွန်တော် မသိရိုး အမှန်ပါ။ အဲဒီ ဘုံကျောင်းကတော့ China Town နားက Telok Ayer လမ်းပေါ်မှာ ရှိပါတယ်။ နှစ်ပေါင်း နှစ်ရာကျော် သက်တမ်းရှိပြီး ရှေးဟောင်းအမွေအနှစ် အဖြင့် အစိုးရက ထိန်းသိမ်းထားပါတယ်။ ဆုတောင်းပြည့်တယ်လို့ လည်း ပြောကြတယ်။

ကျွန်တော်တို့  ရောက်သွားတဲ့အချိန်မှာ နောက်ကျသွားတဲ့အတွက် ပိတ်သွားပါပြီ။ အပြင်ကနေပဲ ကြည့်ခဲ့ရတာပါ၊ လက်ရာကတော့ တော်တော်ကို ရှေးဆန်ပါတယ်။ ခေတ်မှီအဆောက်အဦတွေ ကြားထဲမှာ ရှေးဟောင်း အဆောက်အဦ တစ်ခုက တော်တော်ကို ရသ ပေးနိုင်စွမ်း ရှိပါတယ်။ ကျန်တဲ့ နေရာတွေကတော့ အများသိတဲ့အတိုင်း ပေါ်ပြူလာ ဖြစ်တဲ့ နေရာတွေပါပဲ။

နောက်တစ်ခု အနေနဲ့  Night Safari သွားမယ်ဆိုရင် ညနေစာ အဝစားပြီးမှ သွားပါ၊ အထဲမှာ တော်တော်လေးကို ဈေးကြီးပါတယ်။ လူငါးယောက် ကြက်ဆီထမင်း၊ ကြက်တစ်ခြမ်း နဲ့  ရေလေးဗူးသောက်တာ စလုံး ၈၅ ကျပ်တောင် ကျပါတယ်။




ဒါပေမယ့် လူရိုင်းတွေကတော့ စားပွဲနားထိ လာဖျော်ဖြေပါတယ်။ ပျော်ဘို့တော့ ကောင်ပါတယ်။

ဗလတွေတော့ အကြီးကြီးပဲ နော်.....း)

အထဲမှာတော့ ရထားစီးပြီး ပတ်လို့ ရသလို လမ်းလျှောက်ပြီးတော့လည်း သွားလို့ ရပါတယ်။ ကျွန်တော်တို့  အဖွဲ့ ကတော့ လူကြီးတွေပါတော့ ရထားစီးဖို့ ပဲ ရွေးလိုက်ပါတယ်။ အဲဒီမှာလည်း လေကြောင်းလိုင်းတွေက တိုးရစ်တွေအတွက် စပွန်ဆာ ပေးထားပါတယ်။ လက်မှတ်တစ်စောင် ၅ ဒေါ်လာ လျှော့ပေးပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ရဲ့ MAI မပါ ပါ....း(

အထဲမှာတော့ တိရိစ္ဆာန်တွေ ပြထားပါတယ်၊ သိပ်မထူးဆန်းပါဘူး။ ထူးဆန်းတာကတော့ ကျွဲ ကိုလည်း Asian Bufflo အနေနဲ့  ပြထားတာပါပဲ။ ရွှေတွေ အဖို့ တော့ ဒါဟာ ဟာသတစ်ခုလို ဖြစ်နေရော..း))

ဘာပဲပြောပြော စိတ်ချမ်းသာမှုတော့ ရှိပါတယ်။ ပိုက်ပိုက်လည်း နောက်ကလိုက်ရတာကို......

ဒါနဲ့ စကားမစပ် ဒီကျွန်းပိစိပေါ်က မောင်နှမ သုံးယောက်ရဲ့ မွေးနေ့ ကိုလည်း မနေ့ က သွားလိုက်ရတယ်၊ တစ်နေရာထဲမှာ စုပြီးတော့ နွေးနွေး ထွေးထွေး ပျော်ပျော်ရွှင်ရွှင်နဲ့  အရမ်းပီတိဖြစ်ရပါတယ်။ သူတို့ တွေကတော့

အစဉ်အမြဲ ချစ်မယ့်  သီဟသစ် ( နှင်းဆီဖြူ ကို ပြောတာပါ...)

ညီမငယ် နွေးနေခြည်

ညီမငယ် မေဇင် တို့ ပဲ ဖြစ်ပါတယ်။

အထူးကျေးဇူးတင်ရမှာကတော့ Chief cook များဖြစ်ကြတယ့် ညီမငယ် ထင်းထင်း ခေါ် မေလေးနဲ့ အဖွဲ့  ဖြစ်ပါတယ်။ ချက်ပြုတ်တာကတော့ အရမ်းကောင်ပါတယ်း)

တောင်းပန်စရာတစ်ခုကတော့ ကျွန်တော် အဲဒီရောက်မှ မွေးနေ့ ဆိုတာ သိတဲ့ အတွက် လက်ဆောင်လည်း မပေးခဲ့ရပါဘူး။ ဒါကြောင့် အခု ဒီပိုစ့်လေးကို သူတို့ ရဲ့ မွေးနေ့ လက်ဆောင်အဖြစ် တင်လိုက်ပါတယ်ဗျား။

9 comments:

သီဟသစ် said...

ကိုအန်ဒရူးရေ

မွေးနေ့ပွဲကို လာရောက်အားပေးသွားတာကိုရော မွေးနေ့လက်ဆောင်ပို့စ်လေးတင်ပေးတာကိုရော အထူးကျေးဇူးပါခင်ဗျာ

နောင်လဲ အဖွဲ့တွေ ဆုံကြလို့ အဆင်ပြေရင် လာခဲ့ဖို့ ကြိုပြီး ဖိတ်ပါရစေ

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ကောင်းတယ်...
တခါတလေ စက်ပိတ်ပြီး အပြင်လောကကိုထွက် လေရှုလိုက်ရတာလဲ တမျိုးကောင်းတာပဲ...

မွေးနေ့ကိုရောက် ပျော်ခဲ့ရတယ်ဆိုတော့ ကံကောင်းတာပေါ့...

းဝ)

Unknown said...
This comment has been removed by the author.
မေဇင် said...

အစ်ကိုရေ.....အရောက်လာတာကိုပဲ ကျေးဇူးတင်လှပါပြီ... ကိုသီဟ ပြောသလိုပဲ နောက် အဆင်ပြေရင် ထပ်ဆုံ ကြတာပေါ့နော်...........း) ။ ကျွန်းလေး သေးပေမယ့် အနှံ့မရောက်ဖြစ်သေးပါရှင်...။

ထင်းထင်း said...

အကိုရေ
မေဇင်ပြောသလိုဘဲ အရောက်လာတာ ကျေးဇူးနော်။ ဒါပေမဲ့ လိပ်စာမှားတဲ့အတွက်ရော သေချာဧည့်မခံနိုင်တာရော အားနာမိတယ်။ လိပ်စာမှားတာကတော့ မေလေးအပြစ်မဟုတ်။ မေလေးက ဦးသစ်ပို့တဲ့ အတိုင်း ပို့ပေးတာနော်။ အဲတာ့ ဦးသစ် အပြစ်။ အချက်အပြုတ်ကောင်းတယ် ဆိုလို့ ကျေးဇူးနော်။ အဲလိုပြောတာ အကိုတယောက်ဘဲ ရှိတယ်း))))))))

အကိုကမှအနှံရောက်သေး မေလေးဆို ဘယ်မှသိမရောက်ဘူး။

နောက်တစ်ခေါက် ချက်ကျွေးအုန်းမယ်။ စားကောင်းတယ် ဆိုလို့။ အဟားး

ရွက်လွင့်ခြင်း said...

ရပါတယ် ထင်းထင်းရေ
အကို နားလည်ပါတယ်၊ အလှူအတန်းဆိုရင် လူတိုင်း အလုပ်ရှုပ်ဆုံးအချိန်ပေါ့
ဒီကြားထဲ ညီမက ချက်ပြုတ်ရတော့ ပိုပြီးအလုပ်ရှုပ်တာပေါ့

သားကြီး said...

“ထင်းထင်း”လက်ရာကောင်းမှန်းကြားဖူးနေတာကြာ
ပြီဗျ တခါလောက်တော့ စားကြည့်ချင်သေးတယ်
အစ်ကို့လက်ပ်တော့ဆေးရုံတက်နေရတဲ့အချိန်
ကျနော့ကောင်လည်း အရေးပေါ်ခန်းထဲရောက်နေပါရောလားဗျာ
အခုမှပြန်ကောင်းလို့ ခုမှဘလော့လှည့်နိုင်တော့တာ
ပို့အသစ်လေးတွေမျှော်နေပါ့မယ်
ပျော်ရွှင်ပါစေဘရားသားရေးးး

Phyo Maw said...

အချိုပွဲ လွတ်သွားတာ နာဒယ်

Angel Shaper said...

ဝါးးးးးးးးးးး
အကိုက ခု နှံ့ စပ်နေပြီဆိုတော့ လာလည်ရမယ်။
လိုက်ပို့ မယ်မို့ လား။
ဟိဟိ...
ဟိုတစ်နေ့က အားကျနေတာနော်။
ထင်းချောင်းလက်ရာ စားချင်ပါတယ်ဆိုနေ။
ဟွန်းးးး
လာလည်ရင်တော့ နေ့ တိုင်းကျွေးမယ်ပြောတာပဲ။
ဟုတ်မဟုတ် သေချာစမ်းရမယ်။ ဟဲဟဲ