ဘကြီးမှုံ တစ်ယောက် ဆေးကုရင်းနဲ့  တစ်ခါတည်း ဘုရားဖူးဖို့ အတွက် ရန်ကုန်ရွှေမြို့ တော်ကြီးကို ရောက်လာခဲ့ပါတယ်။ ရန်ကုန်ကို အရင်က တစ်ခေါက်မှ မရောက်ဘူးပဲ အခုတစ်ခေါက်တော့ အရဲစွန့် ပြီး ထွက်လာရခြင်းဖြစ်ပါတယ်။ အသက်ကလည်း ထောက်လာတော့ မသေခင် ရွှေတိဂုံ ဘုရားတော့ ဖူးဦးမှဟု ရည်ရွယ်ပြီး အရဲစွန့် တက်လာရပါတယ်။
ရန်ကုန်ကို မလာခင် ရွာက ဘုန်ကြီးကလည်း ရန်ကုန်မှာ လူလိမ်တွေ များကြောင်း၊ အရာရာကို သတိထားရမယ့် အကြောင်းတွေ အထူးမိန့် ကြားထားတယ်။ တစ်ခုခုမသိရင်လည်း ဆိုင်းဘုတ်တွေ ကြည့်ရင် သိနိုင်ကြောင်း၊ လမ်းတွေ ဆိုင်တွေ အကုန်လုံးလည်း ဆိုင်းဘုတ်တွေ တပ်ထားကြောင်း မိန့် ထားတော့ ဘကြီးမှုံ သိပ်တော့ စိုးရိမ်မှု မရှိဘူး။
ဒီလိုနဲ့ ပဲ ရန်ကုန်မှာ ဘကြီးမှုံအတွက် အခက်အခဲ မရှိ ဆေးကု၊ ဘုရားဖူး အစဉ်ကို ပြေနေရော။ မြို့ ထဲသွားလည်း ဘယ်နေရာကြည့်ကြည့် ဆိုင်းဘုတ်တွေနဲ့ ၊ ထမင်းစားချင်သလား ထမင်းဆိုင် ဆိုတဲ့ ဆိုင်းဘုတ် တပ်ထားတယ်။ ပစ္စည်းဝယ်စရာရှိလည်း စတိုးဆိုင် ဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတယ်။ ဘကြီးမှုံ အတွက်တော့ အားလုံးဟာ အခက်အခဲမရှိ အိုကေလို့  နေတယ်။
မပြန်ခင် တစ်ရက်မှာတော့ ဆူးလေဘုရားဖူးပြီး မြို့ ထဲ လမ်းအလျှောက် ဗိုက်နာလာပါရော၊ ဒါနဲ့  လမ်းသွားလမ်းလာကို အိမ်သာ နေရာမေးတော့ "ဘကြီး တည့်တည့်လျှောက်သွားရင် ကျား/မ ဆိုတဲ့ ဆိုင်းဘုတ် တွေ့ ရင် လှေကားအတိုင်း ဆင်းသွားလိုက်၊ အဲဒါ မြေအောက် အိမ်သာပဲ "လို့  လမ်းညွှန်လိုက်တယ်။ ဘကြီးမှုံ စိတ် ထဲ မှာတော့ သြော် နေရာတိုင်းမှာ ဆိုင်းဘုတ်တွေနဲ့  ညွှန်ကြားနေတာပဲ လို့  တွေးနေမိတယ်။
ဒါနဲ့ ပဲ အိမ်သာကို တွေ့ တာနဲ့  ကိစ္စရှင်းခြင်တာနဲ့  လွတ်နေတဲ့ အိမ်သာခန်းထဲ ဝင်ထိုင်လိုက်ပါလေရော။
အဲဒီမှာတင် အိမ်သာတံခါးမှာ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာကို ဖတ်ကြည့်လိုက်တယ်
" မိတ်ဆွေ သင်ရဲ့ ညာဖက်ကို ကြည့်လိုက်ပါ" ဆိုပြီး မျှားပြ ထားတယ်။
ညာဖက်က နံရံကို ကြည့်လိုက်တော့ စာရွက်တစ်ရွက် ကပ်ထားတာ ဖတ်ကြည့်လိုက်တယ်
"မိတ်ဆွေ သင်ရဲ့ ဘယ်ဘက်ကို ကြည့်လိုက်ပါ" ဆိုပြီး တံခါးက စာရွက်အတိုင်း ညွှန်ကြားထားတယ်။
ဒါနဲ့  ဘယ်ဘက်က နံရံကို ကြည့်လိုက်တော့
" မိတ်ဆွေ သင်ရဲ့ နောက်ဘက်ကို ကြည့်လိုက်ပါ" ဆိုပြီး စာရွက်ကပ်ထားပြန်လေရော။
ဘကြီးမှုံလည်း ရှင်းရမယ့် ကိစ္စကို မေ့ပြီး သိချင်စိတ်တွေ ပြင်းထန်လာတယ်၊ နောက်ဘက်ကို ကြည့်လိုက်တော့
"မိတ်ဆွေ အပေါ်ကို ကြည့်ပါ" ဆိုပြန်ရော။
ဒါနဲ့  အပေါ်ကို မော့ကြည့်ပြီး ရေးထားတာ ဖတ်လိုက်တော့
" ဟိုကြည့် ဒီကြည့်နဲ့  ဘာဖြစ်နေတာလည်း သေသွားချင်လား" ဆိုပြီး တွေ့ ပါလေရော။
ဘကြီးမှုံလည်း ရှင်းမယ့်ကိစ္စကို မေ့ပြီး ကြောက်အားလန့် အားနဲ့  အိမ်သာကနေ ပြေးထွက်လို့  သွားပါတော့တယ်။
*တစ်ချိန် မဆလ လက်ထက်က ဆူးလေဘုရားလမ်းမကြီးပေါ်မှာ မြေအောက်အိမ်သာ ရှိခဲ့ဖူးပါသည်။
18 comments:
ပထမဆုံးလာရယ်သွားပါတယ်ဘရားသား
ရေး အဲလို အရင်ခေတ်ကအကြောင်းအရာ
လေးတွေ ဖတ်ရတာပျော်တယ်
ဘကြီးမှုံသနားပါတယ်
တစ်လမ်းလုံးနံနေရော့မယ် ဟီးဟီး
အစ်ကို စာလာဖတ်ပါတယ် ရယ်စရာဟာသလေး
ကိုဖတ်ရတာ ပေါ့ပါးသွားတယ်
အေးမြသာယာပါစေ
ညီငယ်ရန်ကုန်
:D
ရီရတယ်နော်... ငယ်ငယ်တုန်းက ကျောင်းအိမ်သာတွေမှာလဲလို စာတွေတွေ့ဘူးတယ်
=D
အတော်ပေါက်ကရနိုင်တဲ့သူပဲ။ အဲ့စာတွေ ရေးခဲ့တဲ့သူကလေ။ နော်။ =]
ဖတ်ဖူးတယ် အဲဒီဟာသ။
ဘကြီးမှုံ ကိစ္စကို ဘယ်မှာသွားရှင်းလိုက်ပါလိမ့် နော်။ ;)
ဘကြီးမှုံ မမှုံပဲ စာအကုန် လိုက်ဖတ်မိတာကိုး ခက်ပါ့
မဖတ်ဖူးဘူး အဲဒီဟာသ။
ဘကြီးမှုံကိစ္စ ဘလော့ပေါ်လာရှင်းရင် ဒုက္ခ...
းဝ)
ဟဟဟားးးးးးးးးးးးးးး
လာရယ်သွားတယ်ဗျ အားရပါးရကြီးကို။
အခန်းထဲက လူတွေ ၀ိုင်းမေးကုန်ကြပြီ။
ဘာတွေ သဘောကျနေသလဲတဲ့။ ဟဟားးးး
ဖတ်ပြလိုက်တော့ သူတို့ လဲ ၀ိုင်းရယ်ပါလေရောဗျာ။။။
ဘကြီးမှုံ သနားပါတယ်။ ဘယ်မှာ ကိစ္စပြီးမလဲ သိချင်နေသေးတာ ခက်တယ်။ ဟဲဟဲ။။။
ရီလိုက်ရတာတော့ အရမ်းပဲ...ဘကြီးမှုံသနားပါတယ်နော်..သူ့ခမျာ အန္တရာယ်ကို ရှင်းချင်ပါတယ်ဆိုမှ ရှင်းတောင်မရှင်းလိုက်ရဘူး...ဟားဟား...ဂယ်ရီရတယ်
ဟဟဟဟ ဘကြီးမှုံတစ်ယောက် ... သနားပါတယ်..။ တော်တော်လန့်သွားလား မသိ....း))
အဲဒိစာတွေကိုကျွန်တော်လဲတွေ့ဖူးတယ်။တကယ့်ကိုကြောင်တောင်တောင်နိုင်ခဲ့ဖူးပါတယ်ဗျာ။ဟဲဟဲ
ဟားဟားဟားး တော်တော်ဆိုးတဲ့ သူတွေ
ဘကြီးမှုံတော့ ပေပေကြီးနဲ့ ဘယ်လိုဆက်သွားမလဲ။
ထမင်းစားမလို့ ထမင်းဘူးကြီးရှေ့ချပြီး အရင်ဖတ်နေတာ
တွားပါဘီ ဟင့်
ဟယ်
ဘကြီးမှုံ ကြီးသနားပါတယ်နော်။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို
ကိုအင်ဒရူးရေ..
ဖတ်ပြီးသားပေမဲ့ ပြုံးမိတယ်..
း)
ဟိဟိ
ဘကြီးမှုံ အညာခံထိသွားတယ်ပေါ့လေ...
ကိုအင်ဒရူးရေ စာတွေ အမြဲလာဖတ်နေပါတယ်...
အားပေးနေတဲ့
နှင်း
မယုံမရှိနဲ့ ကျောင်းအိမ်သာမှာ ကိုယ်တွေ့
အခုလဲ အဲဒီ အိမ်သာတွေ ရှိနေတုန်းပဲနဲတူတယ်။
Post a Comment