9.18.2009

စဉ်းစားကြစို့ 

တခါတုန်းက တောမြို့ လေးတစ်မြို့ မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ မြို့ ငယ်လေးတစ်မြို့ ပါပဲ။ ဒါပေမယ့် ရထားဘူတာရုံလေး ရှိပြီး အစုန် အဆန် ရထားတွေ နေ့ စဉ် ဖြတ်သွားတဲ့ အတွက် သူဟာနဲ့ သူတော့ စည်ကားလှပါတယ်။ မြို့ ငယ်လေးရဲ့ ထုံစံအတိုင်း ဘူတာရုံလေးကို ဗဟိုပြုပြီး ကုန်စည် စီးဆင်းနေတာပေါ့။


ဘူတာရုံဘေးဘက်မှာတော့ ရထားလမ်းနဲ့ အပြိုင် ဈေးတန်းလေးက မနက်တိုင်း အရောင်းအဝယ် ဖြစ်လို့ နေတယ်။ တစ်မြို့ လုံးမှာလည်း အဲဒီဈေးလေးတစ်ခုပဲ ရှိတယ်။ ဘူတာရုံ တစ်ဘက်ခြမ်းမှာနေတဲ့ လူတွေကလည်း မနက်တိုင်း ရထားသံလမ်းကို ဖြတ်ကျော်ပြီး ဈေးကိုလာတာဟာ အဲဒီမြို့ ကလူတွေအဖို့  အထူးအဆန်းမဟုတ်တော့ပါဘူး။


အဲဒီ ဈေးတန်းလေးရဲ့ မြင်ကွင်းဟာ နေ့ စဉ်နေ့ တိုင်း သမရိုးကျ ပုံမှန်လည်ပတ်နေတာပေါ့။ အဲဒီအချိန်မှာ အသက် ကိုးဆယ်ကျော်လောက်ရှိမယ့် အဖိုးအို တစ်ဦးဟာ တုန်ချည့်တုန်ချည့်နဲ့  ရထားလမ်းကို ဖြတ်ကျော်ပြီး ဈေးကို လာနေပါတယ်။ အဲဒီအချိန်မှာ အစုန်အဆန်ရထားနှစ်စင်းဟာ မျက်နှာချင်းဆိုင် အနေအထားနဲ့  ဥသြဆွဲပြီး လာနေပါတယ်။


လူငယ်လူရွယ်တွေကတော့ ခပ်သွက်သွက် ရထားလမ်းကို ဖြတ်ကူးနေကြတယ်။ တစ်ချို့  ကလေးအမေတွေနဲ့  လူကြီးတစ်ချို့ က ရထားနှစ်စီး ဖြတ်မောင်းသွားပြီးတဲ့ အချိန်ထိ စောင့်ပြီးမှ သံလမ်းကို ဖြတ်ဖို့  စောင့်နေကြတယ်။ အဲဒီအချိန်မှာ အဖိုးအိုက တုန်ချည့်တုန်ချည့်နဲ့  ရထားသံလမ်းကို ဖြတ်ကူးဖို့  ကြိုးစားနေတယ်။ ဒီမြင်ကွင်းကို တွေ့ တော့ စိုးရိမ်တဲ့ လူတွေက ဝိုင်းအော်ကြတာပေါ့။


"အဘ... ရထား လာနေတယ် ခဏစောင့်လိုက်ဦး.."


တစ်ချို့ ကြတော့လည်း


"အာ....ဒီလူကြီး သေချင်လို့ လား မသိဘူး"


အဲလိုနဲ့  တစ်ယောက်တစ်ပေါက် ဝိုင်းပြီး အော်ကြတာပေါ့။ အဖိုးကြီးကတော့ မကြားတာလား၊ သိရဲ့သားနဲ့  ဖြတ်ကူးတာလား ဘယ်သူမှ မသိဘူးပေါ့။ လူတွေကလည်း အထိတ်တလန့် နဲ့ ပေါ့။ ရထားနှစ်စင်းကလည်း အရှိန်ပြင်းစွာနဲ့  ဖြတ်သွားပါလေရော။ လူတွေမြင်လိုက်တာ အဖိုးကြီးဟာ ရထားနှစ်စင်းကြားထဲမှာ ရိပ်ခနဲ တွေ့ လိုက်ရတယ်။


ရထားနှစ်စင်းလည်း ဖြတ်မောင်းပြီးသွားရော လူတွေအကုန်လုံး အဖိုးကြီး သွား ကြည့်တာ မရှိတော့ဘူးတဲ့


WHY?
ဘလော့ဖတ်သူအားလုံး ဒီပိတ်ရက်မှာ စဉ်းစားပြီး ဖြေနိုင်မယ်လို့  မျှော်လင့်ပါတယ်။ အဖြေတွေကို ကွန်မန့် မှာ ရေးပေးသွားပါခင်ဗျာ။
အဖြေမှန်တဲ့လူကို ဆုငွေ ချီးမြှင့်မှာပါ။ အဖြေမှန်ကို နောက်ပိုစ့်မှာ တင်ပေးပါမယ်။

း))

16 comments:

The Queen said...

ငယ်လေး ကတည်းက သံလမ်းမှာရေခဲရေ ရောင်းစားလာတဲ့ အဖိုးပဲဖြစ်ရမယ်။ ရထားတစီးစီးပေါ် တွယ်တက်သွားတာဖြစ်မှာပေါ့ကွယ်။

ခရေညို said...

ရထားပေါ်ကိုတက်သွားတာနေမှာပေါ့

Yu Ya said...

ကိုအင်ဒရူးရယ်.. အဘိုးကြီးပါဆိုမှတော့ ဘယ်လိုလုပ် “သွား” ရှိမှာလည်းဗျာ..

ဟိုပုံပြင်လေးတစ်ခုသတိရသွားတယ်.

လေက မြောက်ကနေ တောင်ကို တိုက်တာ ဖွားသီလရှင် ဆံပင် ဘယ်ဖက်ကို လွင့်မလဲဆိုသလိုပေါ့..အဟီး။

yu ya

Angel Shaper said...

အဖြေကို နောက်ဆုံးမှ ဖြေကြည့်မယ်။ ဟိဟိ

နွေးနေခြည် said...

အဖိုးကြီးမှာ "သွား" သွားကြည့်မှတော့ ဘယ်ရှိမလဲ

အဖြေမှန်တယ်မလား
မုန့်ကျွေး ဟဲဟဲး)

sweetpeony said...

ဟဲဟဲ
သိတွားပြီ
၂ခါလောက်ဖတ်လိုက်ရတယ်...
အဖိုးကြီး `သွား´ ကြည့်တာ ဘယ်ရှိမလဲလို့
အဖြေမှန်၁ဦးထက်ပိုနေရင်တော့ မဲစနစ်လား ခွဲဝေစနစ်လား
း)

ကိုလူထွေး said...

သိပြီသိပြီ...

အဖိုးကြီး အံကွက်ကြီး ပြုတ်ကျလို့ လှမ်းကောက်တုန်း ရထားက အပေါ်ကနေ ဖြတ်မောင်းသွားတာ...

ဒါနဲ့ အံကပ်ကြီးလဲ ဘယ်ပါသွားမှန်မသိတော့တာ...

းဝ)

Phyo Maw said...

အာ... ဒါလေးများ
သူများတွေ သိကုန်မယ် နောက်မှ ဖြေမယ်

Waing said...

အဖိုးကြီးမှာ သွားတွေ မရှိတော့လို့ပါ
မှန်တယ် ဟုတ်..

PhotoVigor said...

Ha ha, this is the kind of one and only one post that I ever read.
Different thinking.
:)

ခရေညို said...

အဘိုးကြီးပါဆိုမှတော့ ဘယ်လိုလုပ် “သွား” ရှိမှာလည်း
copy from Yu Ya

rose of sharon said...

အဖိုးကြီးမို့သွားမရှိတာကထားပါတော့.... လူမသေတာတော့ သေချာတယ်ဟုတ်.... သွားမရှိတာကို ရှင်လျှက်တွေ့တာလား...

ဇော် said...

ကိုယုယ ပြောတာမှန်တယ်ဟုတ် ??

NangNyi said...

လူနောက်.. . ဟွန့်

Rebel said...

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ (၁)

Rebel said...

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ (၁)