ပြီးခဲ့တဲ့ပိုစ့်မှာ အားကျိုးမာန်တက်နဲ့  တော်တော်များများ လာဖြေကြတာ တွေ့ ရပြီး အကုန်လုံးနီးပါးလည်း အဖြေမှန်နေတာ တွေ့ ရတော့ ဆုပေးဖို့  တော်တော်ခေါင်းကိုက်သွားတယ်...း)၊ အားလုံးနီးပါလည်း အဖြေ မှန်နေကြတယ်။
အဖြေမှန်ကတော့ အသက်ကိုးဆယ်ကျော် အဖိုးကြီးပါဆိုမှ ဘယ်လိုလုပ် သွားရှိမှာလည်း၊ ဟုတ်ဘူးလား....း))
ဒါနဲ့ ပဲ အဖြေမှန်တဲ့သူ အားလုံးလည်း ဆုရရှိအောင် လာပြီး မှားမှားမှန်မှန် ကွန်မန့် ပေးတဲ့လူတွေလည်း ဆုရသွားအောင် အထူးအစီအစဉ်ကို ပြောင်းလိုက်ရပါတယ်။
အဲဒါကတော့ ကျွန်တော့်ရဲ့ ကွန်မန့် ထဲက အစဉ်လိုက် အတိုင်း ကိုယုယက ဦးဆောင်ပြီး တစ်ယောက်တစ်နိုင်ပဲ သယ်သွားကြပါ၊ အပိုလူ ခေါ်မလာပါနဲ့ ခင်ဗျာ.... အထူးမေတ္တာရပ်ခံပါတယ်။ The Queen တို့ လို မိခင်တွေလည်း ခလေး ခေါ်လာလို့ မရပါခင်ဗျား)
အထူးသဖြင့် အမျိုးသမီး ဘလော့ဂါတွေလည်း အပိုခေါ်မလာပါနဲ့  နိုင်သလောက်ပဲ သယ်သွားပါလို့  တောင်းပန်ပါရစေ။
ဆုငွေကတော့ အောက်မှာပါ
တန်း
စီ
ကြ
ပါ၊
ကြား
မ
ဖြတ်
ပါနဲ့ ခင်ဗျာ။
ကဲ နိုင်သလောက်သာ သယ်သွားပါတော့ဗျား))

ဘလော့ဂါ မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
း)
16 comments:
၁ ကွ..
ငါအရင်ဆုံးရောက်တာကွ...
ဟေ့ကောင် မလုနဲ့...
ဒါအကုန် ငါယူမှာကွ...
ငါပိုင်တာကွ....
ဖယ်.. ဘေးကို...
ခွပ်...
ဝုန်း...
ဒိုင်း...ဒိုင်း...ဒိုင်း...
ဒက်...ဒက်...ဒက်...
((((( အား ))))))
ဒါ မက္ကစီကိုက မာဖီးယားတွေရဲ့ မြေအောက်ခန်းမှာ သိမ်းထားတဲ့ ငွေတွေ မဟုတ်လား...
သူတို့အားလုံးကို ဖမ်းမိသွားပြီး အတူလုပ်တဲ့ မော်ဒယ်မလေးတောင် ပါသွားသေးတယ် ဆိုလား...
တော်တော်နောက်တဲ့လူ...
းဝ)
နံပါတ် ၂နော်
ကိုလူထွေးက အားလုံးသိမ်းယူသွားပြီ နောက်မှကျန်တဲ့သူတွေအတွက် မရတော့ဘူးလား :(
အရင်ပို့စ်ကို Miss ဖြစ်သွားတော့ ပွဲကြည့် ပရိတ်သတ်အဖြစ်ပဲ ကြည့်ပြီးပြန်ရတော့မယ်။
ဆုယူတဲ့သူတွေကို
လူစီလာပါ။
တဦစီလာပါ။
လုမယူရ
အတူခွဲဝေယူပါ လို့ပဲ အကြံပြုပါတယ်။
အဟက် .အာတစ်ဖစ်ရှယ် ဆုကြီး ၊ ထင်တာ က ကိုရွက်လွင့် များ "ချက်" ထုတ် နေပြီလားလို့။
အမကတော့ သားနေမကောင်းလို့မပြိုင်လိုက်ရဘူး
နောက်ပွဲတွေရှိရင်တော့လာပြိုင်မယ်နော်။
ဟုတ်ကဲ့ ကျမကို စကားအနည်း ပြောခွင့်ပြူပါရှင် ဒီပွဲဖြစ်မြောက်အောင် စီစဉ် ပေးကြသော လူကြီးမင်များ အကဲဖြတ်ဒိုင်လူကြီးများ ဆုချီးမြင့်ပေးသော ဘလောက်ပိုင်ရှင်ကြီး ကြွရောက်လာကြသောဧည့်ပရိပ်သက် အပေါင်းတို့အား လှိုက်လှိုက် လဲလဲ ကျေးဇူးဥပကာရတင်ရှိပါကြောင်းပြောကြားအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင်။
လာဘဲကြည့်သွားတယ်... မသယ်သွားပါဘူး... သယ်လို့မှ မရတာ
ဆုတွေ ယူသွားပြီး မုန့်ဝယ်စားလိုက်ပြီ ကိုအင်ဒရူးရေ.. :P
yu ya
နောက်ကျသွားတယ်
ဖြေလို့ မရတော့ဘူး
ကိုလူထွေးဆီက ပဲ
နည်းနည်း ပြန် ဓါးပြ
တိုက်လိုက်တော့မယ်
အဲလေ
နည်းနည်း ပြန် မျှခိုင်းရမယ်
တစ်ယောက်တည်း ဘယ်သုံးလို့ ကုန်ပါ့မလဲနော့
ကိုအင်ဒရူးရာ
ခင်တဲ့
ဝသန်မိုး
ကျောင်းတက်နေရတာနဲ့ပဲ ပဟေဠိနဲ့ လွဲသွားတယ်။
ဒါကြောင့် ဆုနဲ့လဲ ဝေးပြီပေါ့။ နံပါတ် ၁ သောင်းကျန်းသူ ကိုလူထွေးကြီးကိုသာ ပေးလိုက်ပါလေ ... ။
အယ်.... အဖြေမှန်ပါတယ်ဆို...
ကိုလူထွေးကြီးက သူပဲ အကုန်ယူမတဲ့။
မတရားတာဗျာ.... ပြန်လုရမှာပဲ။ ဟိဟိ
ဆုလာယူပါတယ်....
အိပ်မက်ထဲမှာ မန့်လိုက်တာ မှန်သွားလို့လေ...
ခုတော့ ကိုလူထွေးအိမ်လိုက်ရတော့မယ်..
နှင်း
အခုခေတ်က အကုန်သွားအတုနဲ့ဗျ.. :P
ကိုလူထွေးကြီးနှိပ်ဟ
သေနတ်နဲ့ပစ်တယ်ဗျိုးးးး
ရဘူး ပိုက်ဆံအတွက်တော့သေဆို သေလိုက်ဦးမယ် ယူမှာပဲ ယူမှာပဲ :P
Post a Comment