ကိုယ် ဒီကျွန်း ပိစိလေးပေါ်ရောက်နေတာ ဘာလိုလိုနဲ့  ဆယ်စုနှစ် တစ်ခုတောင် ပြည့်ခဲ့ပြီလေ......
ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတိတ်တွေ ကို ပြန်ကြည့်ရရင် အဆိုးအကောင်း၊ အချစ် အမုန်း၊ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း၊ အောင်မြင်ခြင်း ရှုံးနှိမ့်ခြင်း တို့ ဟာ ဒွန်တွဲနေကြတယ်။ ဒါတွေဟာ လောကဓံတွေလား......
ဒီခရီးရှည်ကြီးထဲမှာ ဖြတ်သန်းနေရင်းနဲ့  ကိုယ့်ရဲ့ နံရိုးတစ်ချောင်းကိုလည်း မျှော်လင်းစွာနဲ့ ပဲ ရှာဖွေမိပြန်တယ်။
ဒါပေမယ့် ကိုယ့်ရဲ့ နံရိုးမဟုတ်တဲ့အတွက် ခေတ္တခဏသာ ပိုင်ဆိုင်လိုက်ရပြီးတော့ နိဋ္ဌိတံ ခဲ့ရပေါ့......။
ဒီလိုနဲ့ ပဲ တစ်ရက်မှာတော့ သူငယ်ချင်းတစ်ယောက်နှင့် ပတ်သတ်ပြီးတော့ သူမကို သိကျွမ်းခဲ့ရတယ်။ သူမပုံစံကတော့ သာမာန်ထက် ပိုပြီး ဘာမှ ထူးခြားမှုမရှိဘူး။ သူလိုကိုယ်လိုပဲ။ ဒါပေမယ့် ရင်းနှီးမှုရဲ့ နောက်ပိုင်း သူမနဲ့  စကားပြောကြည့်တဲ့ အခါမှာတော့ ရှားရှားပါးပါး ကိုယ့်ရဲ့ နံရိုးပဲ ဆိုတာ သိလိုက်ရတယ်။
သူမရဲ့ ဘဝအပေါ်မှာထားတဲ့ ခံယူချက်နှင့် ကြိုးစားမှု၊ လူတွေရဲ့ အပေါ်မှာထားတဲ့ စိတ်နေစိတ်ထား စတဲ့ အရာအားလုံးဟာ ကိုယ့်ကို အံ့အားသင့်စေတယ်။ သူမဟာ ကိုယ့်ထက် သုံးနှစ်ငယ်ပေမယ့် ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝထဲကနေ ကိုယ်သတိမထားခဲ့မိတာ၊ လှစ်လျှူ ရှုခဲ့တာတွေကို ထောက်ပြ နိုင်ခဲ့တဲ့အတွက် ကိုယ်ရဲ့ အခါလွန် နောင်တတွေနဲ့  အတူ ကိုယ့်ရဲ့ လမ်းကြောင်းကို ပြန်တည့်နိုင်ခဲ့တယ်။
ဒီလိုနဲ့  ၁၄ ရက် ၁၁ လပိုင်း ၂၀၀၇ ခုနှစ်မှာ သူမဆီက ကိုယ့်ရဲ့ ပရိုပိုစ့်ကို လက်ခံကြောင်း သိလိုက်ရတဲ့နေ့ ဟာ ကိုယ်ဟာ အနာဂတ်ကို ဆက်လျှောက်ဖို့  အားသစ်တွေ မွေးဖွားခဲ့တယ်။ အဲဒီ အားအင်တွေနဲ့ အတူ အခုအချိန်ထိ သူမဟာ ကိုယ့်အနားကနေ မငြီးမငြူ လက်တွဲလာခဲ့တာ၊ ထိန်းကျောင်းလာခဲ့တာတွေဟာ အရမ်းကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
"ကဗျာဆန်ဆန် သူရုပ်က မလှပပေမယ့်.....
အိုဇာတာကောင်းဖို့ အတွက် ရွေးလိုက်ပါ့မယ်....."
ဒီသီချင်း စာသားလေးအတိုင်း ခံစားချက်နဲ့  အတူ ဘဝကို ဆက်လျှောက်လာရာမှာ လာမယ့် နိုဝင်ဘာဆိုရင် ချစ်ခရီးဟာ နှစ်နှစ် ပြည့်တောမယ့်။ ဒီ၂နှစ်အတွင်းလည်း သူမဟာ ကိုယ့်ကို တော်တော် ငဲ့ညှာခဲ့တယ်၊ အနွံတာခံခဲ့ရတယ်။
ဒါကြောင့် မိန်းကလေးရေ....... မင်းကို ကိုယ်သိပ်ချစ်တယ်ကွယ်...........။
*
မမဝါရေ.........
မမဝါ တဂ်ထားတာ ဒီပိုစ့်နဲ့ ပဲ ကျေနပ်မယ်လို့  မျှော်လင့်ပါတယ်။
25 comments:
Bravo. Ko Andrew !!!
မိုက်တယ်ဟေ့
နံရိုး ဆိုတော့တော်တော် ပိန်မှာပေါ့နော်
နံရိုးပိုင်ရှင်လေးမှန်းသေချာတယ်... နံရိုးမလွဲဘူးပေါ့....
ဝမ်းသာပါတယ်
အော်ချစ်တတ်ပါ့ ကိုင်ဒရူးရယ် အချစ်ဆိုတာ
ဘယ်လိုပဲဖြစ်ဖြစ် အမြင်အေးအေး အသံသာ
သာ ရှိလှပါတယ်လေ ....
ချစ်သောဇနီးမောင်နှံထာဝရ
အပျော်မဆုံး တပြုံးပြုံးနဲ့ ချစ်နိုင်ကြပါစေ
ခင်လျှက်
ရန်ကုန်
:D
ကိုယ့်ရဲ့ နံရိုးလေးကို ပိုင်ဆိုင်နိုင်တယ်ဆိုတော့ ကံကောင်းတာပေါ့။
နံရိုးလေးနဲ့ ထာဝရ ပျော်ရွှင်စွာ လက်တွဲနိုင်ကြပါစေ ...။
(သူ့ကိုလဲ ဂရုစိုက်ပါ၊ ကြင်နာပါ၊ ငဲ့ညှာပါ၊ သူကချည်း အနွံတာခံတာကို ကျေနပ်မနေနဲ့အုံးနော်)
:)
နံရိုးလေးက ပိန်သလား ၀သလားဗျ :)
တယောက်ရဲ့လိုအင်ကို တယောက်ကဖြည့်ဆည်းရင်းနဲ့
လှပတဲ့အနာဂါတ်ကို ပိုင်ဆိုင်နိင်ပါစေဗျာ...။
ကဗျာဆန်ဆန် သူရုပ်က မလှပပေမယ့်.....
အိုဇာတာကောင်းဖို့ အတွက် ရွေးလိုက်ပါ့မယ်.
ကျနော်လည်းအဲဒီသီချင်းကိုအလိုက်ဆိုပေး
သွားတယ်နော်
နှစ်နှစ်မှသည် သက်ထက်ဆုံးထိ တူနှစ်ကိုယ်
ပျော်ရွှင်နိုင်ပါစေ
ဟယ် ဂလိုကြီးလားဗျ
ဟိုနေ့ကတော့ နံရိုးလေး ခေါ်မလာဘူး
:D
BTW, ၀က်နံရိုးပေါင်းလေး သတိရလိုက်တာဗျာ :P
ကြည်နူးစရာပဲ...
သူကကိုယ့်ကို ညှာသလို ကိုယ်ကလဲ သူ့ကို ညှာမှ တရားရာရောက်မပေါ့...
ချစ်ခရီးနောင်နှစ်ပေါင်း ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ တိုင်ပါစေ...
းဝ)
အကိုရေ.... နံရိုးလေးနဲ့ နှစ်နှစ်မှ နှစ်နှစ်ဆယ်၊ နှစ်နှစ်ရာ၊ ထာဝရ လက်တွဲလို့ အောင်မြင်ပျော်ရွှင်ကြပါစေနော့်။
အဟိ...
နာ့အကို ကြော်ငြာပြီ..ဟီးးး
ချစ်ခရီးလေး အစဉ်သာယာဖြောင်ဖြူးပါစေရှင်...
နံရိုးလေး သန်မာအောင် ကယ်လစီယမ် များများသောက်..း)
ကိုရွက်လွင့် နဲ့မနံရိုး ထာဝရလက်တွဲ ပျော်ရွှင်နိုင်ပါစေ
ချစ်ခရီး 2 နှစ်ပြည့်ရင်... ဘာကျွေးမှာလဲ ဗျို့...ဘယ်တော့ စားရမလဲ...။ ပျော်ရွှင်သောဘ၀ နဲ့ တွဲလက် ခိုင်ခိုင်မြဲပါစေနော်...။း))
ဟဟ ...ကိုယ့်ရဲ့နံရိုးလေးနဲ့ အဆင်ပြေပါစေ။
ချစ်ခရီးလမ်းကို တူတူကျော်ဖြတ်နိုင်ပါစေ။
လှတာမလှတာက အဓိကမကျပါဘူး။
သူ့ကို ကိုယ်တကယ်ချစ်ရင်ပြီးတာဘဲ။
အချစ်မှာ ရိုးသားဖို့ဘဲလိုတယ်
"အချစ်စစ် အချစ်မှန် ပိုင်ဆိုင်တဲ့သူတွေဟာ
တစ်ဦးနဲ့ တစ်ဦး အမြဲသစ္စာတည်မှာ........"
နံရိုးလေးနဲ့ အကိုတို့ ယနေ့မှစ နှစ်တစ်ရာတိုင် ပျော်ရွှင်စွာ အတူတကွ လက်တွဲနေနိုင်ပါစေနော်....
အစားသောက်အကြောင်းရေးမှာလားလို့ ........
ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။
အစားသောက်အကြောင်းရေးမှာလားလို့ ........
ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။
ချစ်သူနဲ့ ပျော်ရွှင်စွာ..ဆုံစည်းနိုင်ပါစေ..ရှင်
အော် နာ့အကိုရယ် စနေနေ့ကခေါ်လာတာ ပီးရော
နောက်အပတ် စနေခေါ်လာနော်။
မမနံရိုးလေးနဲ့ ထာဝရ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ။
wow!!
တိုတိုလေးနဲ့ ထိတယ်ရှင့်..
နံရိုးလေးနဲ့ ထာဝစဉ်ပျော်ရွှင်ပါစေ ကိုအင်ဒရူးရေ..
း)
မနံရိုးလေးနဲ့ သက်ဆုံးတိုင်ပျော်ရွှင်ပါစေ ကိုAndrew ရေ.. မေဓါဝီပြောသလိုပဲ သူအလိုလိုက်အနွံတာခံ လိုက်လျောတာပဲကျေနပ်မနေနဲ့ဦးနော်။။
ကိုယ့်ဖက်ကလည်းပြန်ပေးဆပ်လိုက်ပါဦး (ဟဲဟဲ မနံရိုးဘက်ကလိုက်ပြောတယ်..မုန့်ဝယ်ကျွေး)
လှတာမလှတာအဓိကမဟုတ်ပါဘူးအကိုရာ...
ချစ်ဖို့သစ္စာရှိဖို့မြတ်နိုးစွာပေါင်းသင်းဖို့သာအဓိကပါ
ပျော်ရွှင်ပါစေနော်
ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်နိုင်ပါစေ ..
ဆုမွန်ကောင်းတောင်းပေးလိုက်တယ်ဗျ
တိုတိုလေးနဲ့ မိမိလေးရေးထားတာ ဖတ်လို့ကောင်းပါ့။
သွားပြီ မကြီးဝါ လုပ်တာနဲ့ သူများတွေ သိကုန်ပြီ။အဟက်
ဟိုနေ့က နံရိုးလေးပါ ခေါ်လာတာ မဟုတ်ဖူး။
ကျေးဇူးပါ မောင်အန်ဒရူးရေ...
တွေ့ဆုံခဲ့ရတဲ့ အတွက်လည်း ကျေးဇူးတင် ၀မ်းသာမိနေပါတယ်။
မောင်နှံနှစ်ဖော် မင်္ဂလာနှစ်ပေါင်း ၈၀ တိုင်ပါစေသော်ဝ်.
မကြီးဝါ
ကဗျာဆန်ဆန် သူရုပ်က မလှပပေမယ့်.....
အိုဇာတာကောင်းဖို့ အတွက် ရွေးလိုက်ပါ့မယ်....."
အစ်မလည်း အဲသီချင်းလေး အရမ်းကြိုက်တယ်လေ.
လှတာ မလှတာအရေးမကြီးပါဘူး။
စိတ်ထားမြင့်မြတ်ပြီး ကိုယ်အထင်ကြီးတဲ့ အမျိုးသမီး
တစ်ယောက်ဖြစ်လို့ တသက်လုံး တန်ဘိုးထားစွာနဲ့
ပေါင်းသင်းနိုင်ကြပါစေလို့။
ခင်မင်လျှက်
မကြီးဝါ
ဂုဏ်ယူပါတယ်ဗျာ။
သြော် .. တစ်ခါတည်း ကိုလွင့်ကို ခွင့်တောင်းခဲ့ချင်ပါတယ်။ ကျနော်မေ့လျော့နေခဲ့တဲ့ အကြောင်းအရာအတစ်ခုက ကိုလွင့်ရဲ့ ဒီစာမူ ခေါင်းစဉ်လေးကြောင့် ပြန်သတိရလာခဲ့တယ်။ ဒါ့ကြောင့် ကျနော့်တက်ဂ်ပိုစ့်မှာလဲ ကိုလွင့်ရဲ့ ဒီခေါင်းစဉ်နဲ့ ဆင်ဆင်တူတဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာမျိုး ရေးပါရစေလို့။
ရတယ်ဟုတ် =)
Post a Comment