7.02.2009

သတိ

ဒီနေ့  စင်ကာပူထုတ် တူဒေးသတင်းစာမှာ ပါတယ့် အမှုတစ်ခုကတော့ မိန်းကလေးတွေအတွက် သတိထားရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်၊ mini skirt ဝတ်တဲ့ မမတို့ ဂရုစိုက်ပါ။ အမှုအကျဉ်းချုံးကတော့ မိန်းကလေးတစ်ယောက် သူ့ ရုံးသွားဖို့  အငှါးကားငှါးစီးတာ အဲဒီကားဒရိုင်ဘာက spy cam နဲ့  မှတ်တမ်းတင်ထားလိုက်တာ ဖြစ်ပါတယ်။

နည်းပညာ တိုးတက်နေတဲ့ ဒီခေတ်မှာ spy cam ဆိုတာလည်း တော်ရုံလူ သတိမထားမိနိုင်ပါဘူး။ အဲဒီ spy cam ကလည်း ရိုးရိုးလေးပါပဲ၊ ဘောလ်ပင် လေးပါပဲ။

ကားသမားက အဲဒီဘောလ်ပင်ကို သူ့ ရဲ့ ဘယ်ဘက်ခြမ်း ရှေ့ထိုင်ခုံ နှစ်ခုံကြားမှာ ထောင်ထားတယ်၊ ကားပေါ်စတက်တော့ ကားမောင်းနေရင်းနဲ့  ဘောလ်ပင်ကို လှည့်ပြီး target ကို ချိန်တယ်။ ဒါပေမယ့် ကားသမားမှားသွားတဲ့ အချက်က ဒီမိန်းကလေးက ဒီဘောလ်ပင် အကြောင်းကို သိနေတယ်၊ ဒီဘောလ်ပင်ကို လည်း စလုံးက e-bay မှာ ကြောငြာထားတယ်။

ဒါကြောင့် သူ့ ရဲ့ ဟန်းဖုန်းထုတ်ပြီး ဓါတ်ပုံရိုက်၊ ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်။ သူမအနေနဲ့  အံ့သြတာကလည်း ကားသမားဟာ သူ့ အဖေအရွယ် ဖြစ်နေပြီး ဒီလို မလုပ်သင့်ဘူးလို့  သူမြင်တယ်။
ဒါ့ကြောင့် စလုံးမှာ နေထိုင်ကြတဲ့ ရွှေမြန်မာ ညီမတွေလည်း သိပ်မတို ကြပါနဲ့ လို့  သတိပေးခြင်တယ်။

တိုမယ်ဆိုလည်း သတိမလွတ်ကြပါနဲ့ .......

နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ဘာကိုမှ ယုံလို့  မရပါဘူး။ ဒီသတင်းကို ရွှေညီအမတွေလည်း အချင်းချင်း လက်တို့ လိုက်ပါလို့ ပြောကြားရင်း....................။

(ဒီဇိုင်းနာ မမတို့ရေ ဖြစ်နိုင်ရင် မြန်မာ့ရိုးရာထမီကို ခေတ်ပေါ်ဒီဇိုင်းထွင်ပြီး penisula မှာတင်ရောင်းကြပါလို့ )

9 comments:

Ko Boyz said...

ကောင်မလေးက ဘာလို့ စပိုင်ကဲမ်အကြောင်း သိနေပါလိမ့်...။ သူလဲ ၀ယ်ဖူးတယ်နေမှာ..။

ရွက်လွင့်ခြင်း said...

အဲဒါ စဉ်းစားစရာဘဲ
ကိုဘွိုင်းလည်း အပြင်ထွက်ရင် လုံလုံခြုံခြုံ ဝတ်ထွက်နော်.........D)

မေဇင် said...

ဟဟဟ ကားသမားကြီး ထိသွားပြီ...ကောင်းပါတယ်..။ အဲ့ဒါကြောင့် နောင့် က စကဒ် အတို ဘယ်တော့မှ မ၀တ်ဘူး..း)).. နောင့် ရဲ့ မမ တွေကိုလဲ လက်ဆင့်ကမ်း ပြောပြလိုက်ပါ့မယ်...။ ကျေးဇူး....

ကြည်ဖြူပိုင် said...

စိတ်ချ စိတ်ချ...အနော်က taxi စီးဘူး။ ဟဲဟဲ
စကပ်တိုလဲကြိုက်ဘူး။ လာလည်တာကျေးဇူးပါအကိုရေ :D

မြစ်ကျိုးအင်း said...

အဲဒီဘောပင်တော့ မြင်ဖူးချင်သေးတယ်..။
အတိုဝတ်တဲ့သူတွေ သတိထားပေါ့...
ခေတ်ကဒီလောက်တိုးတတ်နေတာလေ..။

မျက်မှန်လေး said...

ခုလိုသတိပေးတာကျေးဇူးပဲနော်
ဟီး၂
တခါတည်းလင့်ခ်ပါယူသွားတယ်နော်

Ko Boyz said...

ဘောပင်ဈေးလေး မေးပေးပါလား...။ :D

ရွက်လွင့်ခြင်း said...

ကိုဘွိုင်း အောက်ကလင်ခ့်ကို သွားကြည့်ပါ
http://shop.ebay.com.sg/?_from=R40&_trksid=p4634.m38.l1311&_nkw=spy+pen&_sacat=See-All-Categories

ရွက်လွင့်ခြင်း said...

ကိုဘွိုင်း ကျွန်တော် အမှုတွဲ မပါဘူးနော်