7.27.2009

ကျေးဇူးတင်ပါသည်

ဘလော့ဂ်ဖတ်သူအားလုံးကို မင်္ဂလာပါလို့  ကျွန်တော် နှုတ်ခွန်း ဆက်လိုက်ပါရစေ..........။


ဒီနေ့ ဟာ ကျွန်တော့်ဘလော့ဂ်လေးကို စတင်မွေးဖွားလာတာ တစ်လတင်းတင်းပြည့်တဲ့နေ့ ပါပဲ။ ကျွန်တော် ဘလော့ဂ် လောကထဲ စတင်ဝင်ရောက်လာတဲ့ အချိန်မှာ မိတ်ဆွေ သူငယ်ချင်းဆိုလို့  တစ်ယောက်မှ မရှိပါဘူး။ မြေစမ်းခရမ်းပျိုး အဆင့်နဲ့  စတင်ရတာပါ။ လာရောက် ဖတ်ရှုသူ၊ ကွန်မန့် ပေးသူ လားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ဤနေရာမှ ပြောကြားပါရစေ။


လွန်ခဲ့သော နှစ်နှစ်ခန့်  ၂၀၀၇ လောက်ကစတင်၍ ဘလော့ဂ်ပေါင်းများစွာကို ဖတ်ရှုခဲ့ပါတယ်။ ကွန်မန့် တော့ ပေးခဲပါတယ်။ အဲဒီလို ဖတ်နေရင်းနဲ့ ကွန်မန့် ရေးချင်စိတ် ပေါက်လာပါတယ်။ နောက်တော့ အစအဆုံး ရေးချချင်လာပါတော့တယ်။ အဲဒီကစ၍ ဘလော့ဂ်ရောဂါ စွဲကပ်လာပါတော့တယ်။ ဒါနဲ့ ပဲ ဘလော့ဂ်ကို စတင်ဖြစ်တော့တာပါပဲ။

ဘလော့ဂ်စလို့  နှစ်ရက်မြောက်နေ့ ထိ စီဘောက်စ်က ဟောင်းလောင်း၊ ကွန်မန့် တစ်ခုမှ မလာလို့  စိတ်က ပျက်ချင်ချင် ဖြစ်နေတဲ့အချိန်မှာ စီဘောက်စ်မှာ ပထမဦးဆုံး ကွန်မန့် လာပေးသူကတော့ ယူနီကုတ်နဲ့  အလုပ်ရှုပ်နေတဲ့ ကိုဇက်တီ ဖြစ်ပါတယ်။ ပထမဦးဆုံး ကွန်မန့် ဖြစ်လို့ လားတော့မသိဘူး ထီပေါက်တဲ့ နီပါးပျော်သွားတာ ဒါပေမယ့် ကျွန်တော် ထီလည်းမပေါက်ဘူးပါဘူး။

သုံးရက်မြောက်နေ့ မှာတော့ ပထမဦးဆုံးပိုစ့်မှာ ပထမဦးဆုံးကွန်မန့် လာပေးသူကတော့ The Queen ပဲဖြစ်ပါတယ်။ ကျွန်တော်လည်း တော်တော်ကြီးကို အားရှိလာပြီး စိတ်ပျက်ခြင်းအလျဉ်း မရှိတော့ပဲ ရေးချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတယ်။ နောက်ပိုစ့်တွေမှာတော့ နာမည်ကြီးဘလော့ဂါတွေဖြစ်တဲ့ မkomတို့ ၊ ကို boyz တို့ ၊ ကိုလူထွေးတို့  အပါအဝင် အခြားအခြားသော ဘလော့ဂါတွေ ( ကျွန်တော် ရေးလျှင် ပြီးမှာမဟုက်တော့ပါ..းP) လာရောက် အားပေးတဲ့အတွက် (အထူးသဖြင့် လက်တွဲ ခေါ်လို့ ) ဆက်လက်ရေးဖြစ်တော့တာပါ။

နောက်တစ်ချက် တောင်းပန်စရာတစ်ခုက ကျွန်တော်ရဲ့ My Blog List ထဲမှာပါတဲ့ ဘလော့ဂ်တွေထဲက တစ်ချို့ ဆို ကျွန်တော် လင့်ခ်ခွင့်မတောင်းဘဲနဲ့  ယူ လင့်ခ် မိသွားတယ်၊ ပထမ နားလည်တာက ကျွန်တော်ကြိုက်နှစ်သက်တဲ့ ဘလော့ဂ်တွေမို့  ကျွန်တော်ထည့်လိုက်မိတယ်။ နောက်မှသိတာက ယဉ်ကျေးမှုအနေနဲ့  ခွင့်ပန်ရမယ်ဆိုတာရှိတဲ့အတွက် ဒီနေရာကနေ တောင်းပန်လိုက်ပါရစေ။

နောက်ဆုံးအနေနဲ့  ကျေးဇူးတင်ရမှာကတော့ ပထမဦးဆုံး မမ်ဘာဖြစ်သူ ကိုသားကြီး ပါပဲ။ သူကတော့ နောက်ပိုင်းမှာ ဘယ်ပိုစ့်တင်တင် ကွန်မန့် က အရင်ရောက်နေတော့တာပါပဲ။ ကျေးဇူးပါပဲ ကိုသားကြီးရေ...း)
အခုလို ကျွန်တော်ကို လက်တွဲခေါ်သူအားလုံးကို အထူးကျေးဇူး တင်ပါတယ်၊ ထူးထူးခြားခြားဖြစ်အောင် ပထမဆုံးတွေရဲ့ နာမည်တွေပဲ ထည့်လိုက်မိတဲ့အတွက် နာမည်ကျန်ခဲ့သူအားလုံးကိုလည်း တောင်းပန်ပါရစေ။

စာလာဖတ်သူ အားလုံးမှ စ၍ မျက်စိလည် လမ်းမှားလာသူ အဆုံး အထူးကျေးဇူး တင်ရှိပါတယ်လို့  ဒီတစ်လပြည့် ပိုစ့်လေးမှ မှတ်တမ်းတင်လိုက်ရပါတော့တယ်။

25 comments:

The Queen said...

တခုခုနဲ့တိုက်ဆိုင်နေတယ်

jr.လွင်ဦး said...

ဘလော့ရေးတဲ့သူတိုင်း စစချင်းဒီလိုခံစားကြရမှာပါ။
Fighting!!
and..
Congratulaitons!! :)

မေဇင် said...

1 လပဲရှိသေးတာလား....မထင်ရအောင် စာရေးကောင်းပါတယ်ရှင်.... နောင့် လဲ တူတူပဲ... 1 လနဲ့ 4 ရက်ရှိပြီ ဒီနေ့ဆိုရင်....။ တစ်လမှသည် ဆန္ဒရှိတဲ့ နေ့ထိတိုင် အမြဲ ရွက်လွင့် နိုင်ပါစေနော်....

ရွက်လွင့်ခြင်း said...

The Queen
ဘာများတိုက်ဆိုင်သလဲဗျာ၊ သိခွင့်ရှိရင်ပေါ့

jr.လွင်ဦး
thanks for support and we have to fight till end

မေဇင်
ပေးတဲ့ဆုနဲ့  ပြည့်ပါစေဗျား

မေလေး said...

ဟင်
နာ့လဲပါဝူးးးးးးးးး
ဝါးးးးးးးး
ဝမ်းနည်းပက်လက် ခြေဆောင့် ငိုပြီး ပြန်သွားပြီ။
ခေါ်တော့ဝူးးးးးး

သားကြီး said...

တစ်လအတွင်းတော်တော်ခရီးရောက်တယ်ဆိုရမယ်ဗျ
ခုဆိုဘော်ဘော်တွေနဲ့ပျော်ရွှင်စရာစည်ကားနေတဲ့ဘလော့လေး
တစ်ခုဖြစ်နေပြီ ခရီးသွားအတွေ့အကြုံတွေ ဓါတ်ပုံတွေကြိုက်တယ် သုံးဖက်အမြင်ကနေ
ရေးဖွဲ့ထားတဲ့ ကျား/မ ဆိုတဲ့ပိုစ်လေးကိုလည်းကြိုက်တယ်
ပေါ့ပေါ့ပါးပါးနဲ့ဖတ်လို့ပျော်တဲ့ဟာသဆန်ဆန်လေးတွေလည်း
ကြိုက်ပါတယ် စီးတီးချိုင်း လိုဟာမျိုးပေါ့ဗျာ
ကျနော်ဘလော့ဖွင့်ကာစကဆိုတစ်နှစ်အတွင်းတောင်
လူတစ်ယောက်မှမရောက်ဘူး လမ်းမှားပြီးလည်းမလာကြဘူး ကိုယ့်ဘာသာကိုအိပဲ့အိပဲ့နဲ့ဘလော့ကိုလုပ်နေတာပဲ
ဒါလည်းရောဂါတစ်မျိုးပဲထင်တယ် :P
.........
၁လသားပြည့်သွားပြီဖြစ်တဲ့
ဒီဘလော့လေး နောင်နှစ်ပေါင်းများစွာဘလော့လောကမှာ
ပျော်ပျော်ရွှင်ရွှင် ရွှက်လွင့်နိုင်ပါစေဗျားး ။

khin oo may said...

အရှည်တည်တံ့နိုင်ပါစေ။

Nge Naing said...

မင်္ဂလာပါ။ ဘလော့ဂ်က တလပဲ ရှိသေးတယ်ဆိုတော့ ကျွန်မဘလော့ဂ်ထက် နှစ်ပတ်ကျော်ကျော်ပဲ စောတာပေါ့။ ကျွန်မဘလော့ဂ်ကို လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘလော့ဂ်တလ ပြည့်မွေးနေ့ကနေ အဒွန့်ရှည်စွာ ဆက်လက်ရေးသားနိုင်ပါစေ။

ရွက်လွင့်ခြင်း said...

မေလေး
စိတ်မကောက်နဲ့ နော်၊ မုန့် ကျွေးမယ်

ကိုသားကြီး၊ မkom၊ မNge Naing
တစ်လပြည့် ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါပဲဗျာ

ခြေလှမ်းသစ် said...

မွေးနေ့ကို နောက်ကျမှ ရောက်လာတာ မအားလို့ပါနော်. ဆက်လက်အေင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..

ပုလုကွေး said...

တစ်လပြည့်လေးကို လာအားပေးသွားပါတယ်။ ဆက်လက်ချီတက်နိုင်ပါစေဗျာ.......ဒါပေမဲ့ ဘလော့နာတော့ မကျစေနဲဗျာ...မှန်မှန်ချီတက်နိုင်ပါစေ........

သီဟသစ် said...

တစ်လပြည့်မှသည် နောင်နှစ်ပေါင်းများစွားတိုင် ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

နွေးနေခြည် said...

အကိုစီနီယာကြီးရေ ဆက်လက်ပြီးဘလော့လောကမှာ အောင်အောင် မြင်မြင်ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

ညီမကတော့ ကျောင်းတူအကိုစီနီယာကို တွေ့ရလို့ အရမ်းဝမ်းသာတယ်။ တက္ကသိုလ်တူတဲ့လူမျိုးက ရှာရလွယ်တယ်။ အထက်တန်းကျောင်းတူတဲ့လူမျိုးက တွေ့ရခဲလို့ ပိုပျော်မိပါတယ်။

ကိုAndrew ဆက်လက်အောင်မြင်ပါစေနော်...

ရွက်လွင့်ခြင်း said...

ကွန်မန့် ပေးသူအားလုံး အထူးပဲကျေးဇူးတင်ပါတယ်
နောင်လည်း အစဉ်အမြဲ လာအားပေးမယ်လို့  မျှော်လင့်ပါတယ်

နွေးနေခြည်
ဂျူနီယာလေးရေ အကိုလည်း အရမ်းဝမ်းသာပါတယ်
အကို စလုံးမှာ ကျောင်းတူတွေ့ ရတာဆိုလို့  ညီမက ပထမဦးဆုံပါ

Angel Shaper said...

ဝေးးးးးးးးးးးးးး တစ်လပြည့်သွားတဲ့ သားသားကို လာကြည့်သွားပါတယ်။ တော်တော်သွက်တာပဲနော်။
အောင်မြင်မှုများစွာနဲ့ ဆက်လက် ရွက်လွင့်နိုင်ပါစေလို့ ။

ကိုလူထွေး said...

(မေဇင်ကလဲ သိရဲ့သားနဲ့...
စာရေးကောင်းတာ တလပြည့်တာနဲ့ မဆိုင်ဘူးဆိုတာကိုလေ...)

ဗဟုသုတတွေ မျှဝေပေးတဲ့အတွက် ကိုလူထွေးကလဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ...

ဆထက်တပိုးလဲ အောင်မြင်နိုင်ပါစေ...

းဝ)

ဇော် said...

ခုမှ တစ်လပဲ ရှိသေးတယ်...။ @-@
( မျက်လုံးပြူး ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။ )
စာရေးအရမ်းကောင်းပြီး ဖတ်လို့ အရမ်းကောင်းတဲ့အိမ်တွေထဲ အကိုပါနေလို့။

Lu Pyo Gyi said...

တစ်လပြည့် အထိမ်းအမှတ်နဲ့ ဘာမှအကျွေးအမွေး မပါဘူးလားဟင်။ ကိုယ်လည်း ကိုယ်စိတ်ဝင်စားတာ ကိုယ်မေးရတာ။ :P

မေဓာဝီ said...

တလမှ ... နှစ်ပေါင်းများစွာတိုင်
ဆက်လက်ချီတက်နိုင်စေသောဝ်

rose of sharon said...

တစ်လပြည့်တဲ့လား... တစ်လရုပ်လဲမပေါက်ဘူး... (တော်တာကိုပြောပါတယ်)... နောက်အမြဲလာခဲ့မယ်...မောင်းမထုတ်နဲ့....

ကြည်ဖြူပိုင် said...

ဇော့်လိုပဲ မျက်လုံးကြီး အပြူးလိုက်ထွက်ပြီး ကွန်ပြူတာ screen ပေါ်ကို “ဘတ်” ဆိုမျက်လုံးကြီးကပ်သွားကြောင်းပါ။
တော်လိုက်တဲ့အကို
ဒီလောက်အချိန်တိုလေးမှာ ဒီလိုအောင်မြင်တာ
cheers

sonata-cantata said...

ရွက်လွှင့်ခြင်း တလပြည့် အမှတ်တရ~

...ကျေးဇူးတရားကို ရှေ့တန်းမတင် ချစ်ခြင်းတရားကို ရှေ့တန်းတင်မိသည့် အခါမျိုးတွင်
သင့်၌ ပူပန်စရာမလို၊ အပြစ်ဆိုမည့်သူ မရှိ။
...
ဒီနေရာလေးမှာ

ရွက်လွင့်ခြင်း said...

အပေါ်က ကွန်မန့် ပေးသူအားလုံးကို ကျွန်တော် အထူးပဲ ကျေးဇူးတင်ပါတယ်။
ဒီလို အသိအမှတ်ပြုပေးတာဟာ ကျွန်တော်အတွက် အသက်ဆက်ရမယ့် အားဆေးတွေပါပဲ။ နောက်လည်း အစဉ်အမြဲလာလည်ကြပါလို့  ဖိတ်ခေါ်ပါရစေ။ ကျွန်တော်တို့ အားလုံးဟာ အွန်လိုင်းပေါ်က မိတ်ဆွေတွေ ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ကြင်ကြင်နာနာ ဖေးမလက်တွဲ ခေါ်ဆောင်ကြတဲ့အတွက် ဖြူစင်သန့် ရှင်းကြပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

နှင်းနဲ့မာယာ said...

အခုမှတစ်လလား
တော်လိုက်တာနော်...
ဒီဘလော့လေးက အသက်သာငယ်တာ
စာလေးတွေက အရမ်းကောင်းတယ်။။။
အမြဲလဲ လာဖတ်ပါ့မယ်နော်...

Photo_vigor said...

Keep going...