7.04.2009

နိုးထလာသော အာရှနဂါး (သို့ ) ရှန်ဟိုင်း (၁)

လွန်ခဲ့တဲ့ တစ်နှစ်ခန့်  ဇွန်လတုန်းက အလုပ်ကိစ္စတစ်ခုနဲ့  တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ကို သွားဘို့ အကြောင်းပေါ်လာတယ်။ သွားရမယ့်ကိစ္စကလည်း ကျွန်တော်တို့ ဆီကရောင်းထားတဲ့ ပစ္စည်းကို စမ်းသပ်ဘို့ အတွက် ကျွန်တော်ရယ်၊ ကိုရီးယား အင်ဂျင်နီယာ ၅ယောက်ရယ် သွားရမှာဖြစ်ပြီး ကိုရီးယား အင်ဂျင်နီယာတွေနဲ့  ရှန်ဟိုင်းလေဆိပ်မှာ ဆုံကြရမှာပါ။


ပြီးတော့ ရှန်ဟိုင်းကမှ ၂နာရီ ၄၅မိနစ် ကြာ ကားမောင်းရမဲ့ နန်တုန်း(Nang Tong) ဆိုတဲ့မြို့ ကို အတူတူ သွားကြရမှာပါ။ ခရီးစဉ်ကတော့ ကျွန်တော့်အတွက် ရှုပ်ထွေးစရာ ကောင်းပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ဒီအင်ဂျင်နီယာတွေကို တခါမှလည်းမတွေ့ ဖူးဘူး။ ဒါနဲ့ ပဲ စင်ကာပူဖလိုက်နဲ့  ညတစ်နာရီမှာ စင်ကာပူကနေ ကျွန်တော် ထွက်လာခဲ့တယ်။


စင်ကာပူကနေ ရှန်ဟိုင်းထိ ၅နာရီခွဲ လေယာဉ်စီးခဲ့ ရတယ်။ ရှန်ဟိုင်းကို နံက် ၆နာရီခွဲ မှာ ရောက်သွားတယ်။

စင်ကာပူနဲ့  တရုတ်နဲ့ က စံတော်ချိန် အတူတူပဲ။ ဒါနဲ့  လေဆိပ်က အင်မီဂရေးရှင်း ဖြတ်တော့ ကျွန်တော့်တို့  ရွှေမြန်မာတွေ ထုံးစံအတိုင်း နဲနဲ ကသိကအောက် ဖြစ်ခဲ့ရတယ်၊ မဗေဒါကို မေးကြည့်ပါ..........သူပိုသိတယ်............D)


ဒါနဲ့ ပဲ ကျွန်တော် ကိုရီးယား ဖလိုက်ကို စောင့်ရဦးမှာမို့  အချိန် စုံစမ်းကြည့်တော့ ၁၁နာရီခွဲမှ ရောက်မှာဖြစ်တယ်။ ကျွန်တော့်မှာ ၅နာရီ လုံးလုံး လေဆိပ်ထဲ နေရမယ့်ပုံ၊ ဘယ်မှလည်းမသွားရဲဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်မှ တရုတ်လို မပြောတက်တာ။ လေဆိပ်ထဲမှာတော့ အင်္ဂလိပ်လိုပြောလို့ ရတယ်။ ဒါနဲ့ ဘဲ လေဆိပ်မှာ ကျွန်တော်လည်း ဟိုလျှောက် ဒီလျှောက်နဲ့  ၁၁နာရီခွဲထိ စောင့်လိုက်ရတယ်။


ရှန်ဟိုင်းလေဆိပ်ရဲ့ ထူးခြားချက်က တစ်ခုခုကြော်ငြာရင် အဂ်လိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ဘာသာ၎မျိုးနဲ့  ကြော်ငြာတယ်။ ဒီလိုနဲ့  ၁၁နာရီခွဲတော့ ကိုရီးယားလေယာဉ် ဆိုက်ရော၊ ဒါနဲ့  ကျွန်တော်လည်း စာရွက်လွတ် မှာ သူတို နာမည်ရေးပြီး ထွက်ပေါက်ကနေ စောင့်နေလိုက်တယ်။


ကျွန်တော်တို့ စုမိကြပြီး နာရီဝက်လောက်ကြာတော့ တရုတ်တာဝန်ခံ ရောက်လာပါတော့တယ်။ သူကတော့ အီးလို နဲနဲ ရတယ်။ ဒီလိုနဲ့ ပဲ ကျွန်တော်တို့ အဖွဲ့  နန်တုန်း ကို ခရီးဆက်ခဲ့ကြပါတယ်။ ရှန်ဟိုင်းကနေ နန်တုန်းကို ကားစီးရတာ၂နာရီ ၄၅မိနစ် ကြာပြီး လမ်းမှာ မြို့ တွေအများကြီး ဖြတ်သွားရတယ်။


တစ်ခုသတိထားမိတာက သူတို့ ရဲ့ အဝေးပြေးလမ်းတွေ အကုန်လုံးက စလုံးက အဝေးပြေးလမ်းတွေပုံစံအတိုင်း ဆောက်လုပ်ထားတာပါ။ လမ်းဘယ်လောက် ကောင်းလည်းဆိုရင် ကားဟာတစ်ချိန်လုံး ကီလိုမီတာ ၁၁၀ အထက် ကနေမောင်းနေတာ ကျွန်တော်တောင် ဘုရားတယူရတယ်။ လမ်းတလျှောက် တိုးရ်ဂိတ်တွေကလည်း အများကြီးပဲ။ တိုးရ်ဂိတ်အကျော် လမ်းတစ်ဖက် တစ်ချက်ဟာလည်း လူတိုင်းလမ်းဘေးမှာ ဆီးသွားကြပြီး သေးစော်ဖုန်းလွှမ်းနေပါတော့တယ်။


လမ်းကမြို့ တွေ ဖြတ်တဲ့အခါမှာလည်း မြို့ တွင်းလမ်းကသွားစရာမလိုဘဲ မြို့ ပေါ်ကဖြတ်ဖောက်တားတဲ့ မိုးပျံလမ်းတွေကနေ ဖြတ်သန်းသွားရတာလည်း ထူးခြားမှူတစ်ခုပါပဲ။


ဒီလိုနဲ့ ပဲ ကျွန်တော်တို့ ကားလေးဟာ ညနေ ၆နာရီ ကျော်ကျော်လောက်မှာ နန်တုန်းမြို့ လေးထဲကို ဝင်ရောက်လာပါတော့တယ်။






နန်တုန်းမြို့ ရဲ့ ညနေခင်းအလှ


နန်တုန်းမြို့ ဟာဆိုရင် စင်ကာပူလောက် ရှိပြီး အံ့မခန်း တိုးတက်နေတာကို တွေ့ ရပါတယ်။ ကျွန်တော်ထင်တဲ့ အေးအေးဆေးဆေး နယ်မြို့ မဟုတ်ဘဲ ခေတ်မှီတိုးတက်လာတဲ့ မြို့ ပြတစ်ခုဖြစ်နေပါတယ်။ စက်မှုဇုံမြို့ ဖြစ်ပြီး ဂျပန်စက်ရုံ အမြောက်အများ လာရောက်ဖွင့်လှစ်ထားပါတယ်။

နန်တုန်းမြို့ လည်တစ်နေရာ

ဒီလိုနဲ့ ပဲ ကျွန်တော်တို့ တည်းရမယ့် ဟော်တယ်ကို ရောက်လာပါတော့တယ်.................။

ဆက်ပါဦးမည်..............။









5 comments:

မေဇင် said...

ဆက်ပါဦး...စောင့်နေပါတယ်..။ ဗဟုသုတ ရတာပေါ့..စင်္ကာပူက သူတို့ လမ်းတွေအတိုင်း ဖောက်တာလား..သူတို့ ကစင်္ကာပူက လမ်းတွေ အတိုင်းဖောက်တာလား..မသိဘူးနော်..ဘယ်သူက လိုက်လုပ်တာလဲ

ရွက်လွင့်ခြင်း said...

ကျွန်တော်ထင်တယ်၊ တရုတ် ဖွံဖြိုးလာတာ သိပ်မကြာသေးဘူး

မျက်မှန်လေး said...

မျှော်နေမယ်နော်။ဒုတိယပိုင်း။
လာခဲ့ဦးလေ။ပို့စ်အသစ်တင်ထားတယ်။

Ko Boyz said...

ဆရာကလဲ ခုမှ လေဆိပ်ကထွက်ပြီး အဝေးပြေးပဲ ရောက်သေးတယ်။ ဆက်ရန်။
(ငါနဲ့ တူလိုက်တာ...။ :D )

မပြောတတ်
ဖုံးလွမ်း

:P said...

ဆက်ပါ။