7.07.2009

အောက်မေ့ဖွယ် တစ်ချိန်က (၂)

မြန်မာငွေ ၁၈၀ ကျပ် => စင်ကာပူ ၁ ဒေါ်လာ

ကြက်ဥ တစ်ကဒ် => စင်ကာပူ ၈၀ ဆင့်

တီး ၊ ကော်ဖီ => စင်ကာပူ ၄၀ ဆင့်

ထမင်းတစ်ပွဲ => စင်ကာပူ ၂ ဒေါ်လာ

ဘတ်စ်ကား(ရိုးရိုး) => စင်ကာပူ ၄၀ ဆင့် (အနီးဆုံး ခရီး)
(အဲဒီခလုပ်ကို ရွှေခလုပ်ဟု ခေါ်ပါသည်)

ဘတ်စ်ကား(အဲကွန်း) => စင်ကာပူ ၆၀ ဆင့်

တက္ကစီ ခ => စင်ကာပူ ၁ ဒေါ်လာ ၂၀ ဆင့် (မီတာ စမှတ်ဈေး)

စီးကရက်(၂၀ လိပ်ဗူး) => ၄ ဒေါ်လာ ၅၀ ဆင့်

စီးကရက်(၁၀ လိပ်ဗူး) => ၂ ဒေါ်လာ ၇၀ ဆင့်
(၂၀၀၀ခုနှစ် နောက်ပိုင်း မရှိတော့ပါ)

စီးကရက် (၆ လိပ်ဗူး) => ၁ ဒေါ်လာ ၇၅ ဆင့်
(၂၀၀၀ခုနှစ် နောက်ပိုင်း မရှိတော့ပါ)

ပုံပြင်လို့ တော့ မထင်မှတ်ပါနဲ့ ။ လွန်ခဲ့သော ၁၀နှစ်ကျော် အတိအကျ ဆိုရလျှင် ၁၉၉၈ ဝန်းကျင်က ကျွန်တော်တို့  စင်ကျားပူ ရဲ့ ကုန်ဈေးနှုန်း ပါ။ ပထမပိုစ့်မှာ အတိက်ကို ပြန်တမ်းတရင်းနဲ့  အခုပိုစ့်မှာ လွမ်းမောစရာ အနေနဲ့  မှတ်တမ်းတင်လိုက်ရပါတယ်။

ခြွင်းချက် ဈေးနှုန်းတက်လိုလျှင် ပြည်သူတွေကို ကြော်ငြာပါသည်။

7 comments:

မေဇင် said...

ကျန်တာတွေ တော့ သိပ်မသိဘူး... စလုံး 1 မြန်မာကျပ် 180 ဆိုတာကိုတော့...း)။ ဘယ်လိုပြောမလဲ မြန်မာငွေ တန်ဖိုးရှိတယ် ပြောရမှာပေါ့...။ ဒါပေမယ့် ပေါ့နော်..... ခုချိန်မှာ အဲ့လောက်ပဲဆိုရင် ... မြန်မာပြည် ပြန်တော့မယ်..။

cockroach said...

ဈေးနှုန်းကျသွားရင်လည်း ကြော်ငြာပါတယ်။ တက်သွားသလောက်ကို ပြန်မကျလာပဲရှိတယ်။ ဟုတ်တယ်ဟုတ်။

မေလေး said...

၁၉၉၈ ဆိုတော့ ဆယ်တန်းတောင်မအောင်သေးဘူး။ရွှေဈေးမှ ၃ ၊၄သောင်းလောက်ဘဲရှိမယ်ထင်တယ်နော်။ ကြာပြီပေါ့ အကိုရောက်တာ။တော်တော်စုမိရောပေါ့။ ပိုက်ပိုက်လိုချင်ချေးမယ်နော်။

ရွက်လွင့်ခြင်း said...

အထင်မကြီးပါနဲ့  မေလေးရေ
စလုံး စတိုင်လ် သိတယ်မှတ်လား
အကြွေးပတ်လည်နဲ့ .......
စုမိတာ အကြွေးတွေ .....း)

နှင်းနဲ့မာယာ said...

ကုန်ဈေးနှုန်းသတင်းလေး စိတ်ဝင်စားမိတယ်...
ဟိုးတုန်းကပေါ့နော်....
မြန်မာငွေတွေ တန်ဖိုးရှိလိုက်တာနော်....
ခုတော့လဲ....

မေဓာဝီ said...

အဲဒါဟာ တကယ်လား ...
နောက်နေတာမဟုတ်လား ... :P
(သီချင်းလာဆိုသွားပါတယ်)

puluque said...

အော် ဟိုတုန်းကပေါ့နော်...ကြားတော့ ကြားဖူးသား..အခုမှ စာရင်းအတိအကျတွေ့ဖူးတယ်...