7.08.2009

နိုးထလာသော အာရှနဂါး (သို့ ) ရှန်ဟိုင်း (၃)

ဒီလိုနဲ့  ညဘက် အမြန်လမ်းမပေါ်မှာ ကျွန်တော်တို့  ကားလေးဟာ ရှန်ဟိုင်းမြို့ ဆီကို ဦးတည်မောင်းနေပါတယ်။ ညဘက် အမြန်လမ်းမပေါ်မှာ ကျွန်တော်တွေ့ ရသလောက် ကုန်တင်ကားကြီးတွေ တအားများတာ။ ကျွန်တော်တို့ ကားလေးဟာ ဟိုကြားဝင် ဒီကြားဝင်နဲ့  ည ၁၀နာရီခွဲ လောက် ရှန်ဟိုင်းမြို့ ပေါ်ကို ရောက်ရှိလာပါတယ်။ ကျွန်တော်တို့ လည်း ဈေးပေါတဲ့ မိုတယ်လေးမှာပဲ တညတာ နားခိုခဲ့ကြရပါတယ်။
ပေါချောင်ကောင်း မိုတယ် (တရုတ် နာမည် မဟုတ်ပါ)

ဘာဖြစ်လို့ လည်းဆိုတော့ အဲဒီ မိုတယ်ခက အိပ်ထဲက စိုက်ရလို့ ........း)

နောက်နေ့ မနက် အိပ်ယာနိုးတာနဲ့  ရှန်ဟိုင်းမြို့ရဲ့ အထင်ကရဖြစ်တဲ့ တုန်ဖန်းမင်းဇူ ကို အရောက်သွားကြပါတယ်။ တက္ကစီ ငှါးသွားတာပေါ့။ အဲဒီမှာ ထူးထူးဆန်းဆန်းတခုက ဒရိုင်ဘာတွေ တော်တော် လုံခြုံမှူ ရှိကြပါတယ်။ ဘယ်လောက်တောင် တက္ကစီတွေ အလုခံရလည်း မသိဘူး။ အောက်ကပုံကို ရှုပါမိတ်ဆွေ။

မှန်ပေါင်းချောင်ထဲက ဒရိုင်ဘာ


ဒီလိုနဲ့ ပဲ ရှန်ဟိုင်းမြို့လည်ကောင်က တုန်ဖန်းမင်းဇူ ဆိုတဲ့ မျှော်စင်ကို ရောက်သွားပါတယ်။
အဲဒီမျှော်စင်က ရှန်ဟိုင်းတစ်မြို့လုံး အပေါ်စီးကနေ ကြည့်မြင်နိုင် ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့  ရောက်တဲ့ အချိန်ဟာ ရှန်ဟိုင်းမြို့ဟာ တစ်မြို့လုံး မြူတွေဆိုင်းနေပါတယ်။ အရာရာဟာ မှူန်ဝါးပြီး စွတ်ဆိုနေပါတယ်။ အဲဒိမျှော်စင်တောင် တဝက်ပဲ မြင်ရပါတယ်။ ဒါနဲ့ ပဲ အပေါ် မရောက်ခဲ့ပါဘူး။


ကင်မရာမဆန့် တဲ့ မျှော်စင်


ရှန်ဟိုင်းမြို့ ဟာ ကျွန်တော် ထင်တာနဲ့  တခြားစီဖြစ်တာကို အံ့သြစွာတွေ့ ခဲ့ရပါတယ်။ သူဟာ mega city ထဲမှာ ပါဝင်ပြီး LAတို့ ၊ Sanfrancisco တို့ နဲ့  ယှဉ်ဘောင်တန်းနိုင်ပါတယ်။ ဒါတွေ အားလုံးဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်း တဟုန်ထိုး တိုးတက်မှုတွေရဲ့ ပြယုဂ်ပါပဲ။ ဒါကြောင့်လည်း စလုံးကို တရုတ်ပြည်က မြို့ ကြီးသားတွေ မလာတာပေါ့။
ရုန်းထနေတဲ့ နဂါး (သို့ ) ရှန်ဟိုင်း
မိုးမျှော်တိုက်တွေဆိုတာ စလုံးမှာ လက်ချိုးရေလို့ ရတယ်။ ရှန်ဟိုင်းမှာ တမျှော်တခေါ် မျက်စိတစ်ဆုံး ဆောက်နေဆဲ၊ ဆောက်ပြီးတဲ့ အဆောက်အဦးတွေကြီးပဲ။ ကုန်တိုက်တွေဆိုလည်း ဧရိယာ အကျယ်ကြီးယူပြီး ဆောက်ထားတာ ကျွန်တော်တို့  ကျွန်းလေးပေါ်က လူသားတွေအတွက် ကြည့်လို့ မဝဖြစ်ခဲ့ရပါတယ်။


၇ ထပ်လုံးဆိုင်တွေနဲ့ ပြည့်နေတဲ့ shopping mall

ဒါကြောင့် တိုင်းပြည်တစ်ပြည်ဟာ ဘယ်စနစ်နဲ့ သွားသွား တိုင်းပြည်အတွက်၊ ပြည်သူအတွက် ပြန်ကြည့်ရင် တိုးတက်မှာ မလွှဲပါ။

ဒီလိုနဲ့  ကျွန်တော်ဟာ လေယာဉ်ချိန် နီးတဲ့အခါမှာတော့ ဟိုတယ်ပြန် check out လုပ်ပြီး red-dotကျွန်လေးဆီသို့  ပြန်လာခဲ့ ရပါ တော့တယ်။

မှတ်ချက်။ ။ ကမ္ဘာ့မြေပုံပေါ်က အနီစက်(စင်ကျားပူ)


9 comments:

မဟာဆန် said...

မှန်ပေါင်းချောင်ထဲက ဒရိုင်ဘာကိုကြည့်ပြီး အသက်ရှူကျပ်လိုက်တာ။ အလုခံရမှာစိုးလို့ မှန်ထဲဝင်နေတာပေါ့နော်။ မှန်ကိုခွဲပြီးရော လုလို့ မရဘူးလား။ တွေးကြည့်တာပါ။ ကျွန်မ..မလုပ်ဘူးနော် (အဟီး)

ရွက်လွင့်ခြင်း said...

ကောင်းလိုက်တဲ့ အကြံဗျာ
သူတို့ ကိုပြောလိုက်ပါမယ်။ နောက်ဆို သံပြားတွေ ကာထားပါလို့ 

သားကြီး said...

ခုမှပဲတွေ့ဖူးတော့တယ်
မှန်ထဲကဒရိုင်ဘာတွေလေ ဆေးလိပ်တောင်သောက်လို့ရပါ့မလားလို့ကြံဖန်ပြီးစဉ်းစားမိတယ်
အင်း...သူများတိုင်းပြည်ကတိုက်တွေမျှော်မျှော်ကြည့်ပြီးတော့လည်း
ဘဝတွေကမျှော်မောကြီးဖြစ်နေရတယ်
မိုးမျှော်တိုက်မရှိတာပဲကောင်းပါတယ်လေ
တော်ကြာနာဂစ်နဲ့ဆိုမလွယ်ပေဘူး :P

မီးမီးချစ် said...

ဒရိုင်ဘာ ကိုတော့ အတော် သနားတယ်..
ရှန်ဟိုင်း က ထင်ထားတာ ထက် ပိုခမ်းနား ပါလား..
တော်တော် တိုးတက်တယ်နော်..
တို့ ရွာ အတိုင်းပဲး))

ကိုလူထွေး said...

ပေါရှောင်ဂေါင်း မိုတယ်ကို လာလည်ပါတယ်...

းဝ)

အချစ်မဲ့ဂစ်တာ said...

ခုမှပဲ ရောက်ဖူးတော့တယ်ဗျာ....။ ရှန်ဟိုင်းကို..နောက်လည်း လာဦးမယ်..။

နွေးနေခြည် said...

တိုင်းပြည်တစ်ပြည်ဟာ ဘယ်စနစ်နဲ့ သွားသွား တိုင်းပြည်အတွက်၊ ပြည်သူအတွက် ပြန်ကြည့်ရင် တိုးတက်မှာ မလွှဲပါ။

သူတို့လိုက်နာပါစေ...

Anonymous said...

တိုင်းပြည်တစ်ပြည်ဟာ ဘယ်စနစ်နဲ့ သွားသွား တိုင်းပြည်အတွက်၊ ပြည်သူအတွက် ပြန်ကြည့်ရင် တိုးတက်မှာ မလွှဲပါ။

can u elaborate more? can u tell me why M'sia and Thailand r not that developed even though their gov look after their citizens well enough?

Thanx..

ရွက်လွင့်ခြင်း said...

to Anonymous
At first, thanks for your comment.
M'sia & T'land also developed than ours, even all the village have the basic requirement such as electricity, communication & transporation. Another ten more years, those all villages are become growing up, no stop. You should look back our country and its like as before, nothing improved.
So that I mean whatever system you go, you should look back for people.