7.13.2009

အတ္တပုံဆောင်ခဲများ

ကျွန်တော်တို့  နေထိုင်သော ကမ္ဘာတွင် ကျွန်တော်တို့ လူမျိုးလောက် ဂါဝရတရားပြည့်ဝသော လူမျိုး ယနေ့ တိုင် ကျွန်တော်မတွေဘူးသေးပါ။ အသက် တစ်ရက်၊ တစ်မိနစ်၊ တစ်စက္ကန့်  ကြီးသူကိုပင် ရိုသေလေးစားကြသည်။ ခရီးသွားလာရာတွင်လည်း အသက်အရွယ်ကြီးသူများ၊ ကိုယ်ဝန်သည်များကို မည်သူမျှ အမိန့် တစ်စုံတစ်ရာ ထုတ်စရာမလိုဘဲ နားလည်မှူဖြင့် ညှာတာဖေးမကြသည်။

ယခု ကျွန်တော်နေထိုင်သော စင်ကာပူကျွန်ပေါ်တွင်ကား ထိုသို့ မဟုတ်၊ အမိန့် အာဏာဖြင့်ပင် ထိုသူများအတွက် ကား၊ ရထားများပေါ်တွင် နေရာသတ်မှတ်နေရသည်။ ဒီကိစ္စကို စင်ကာပူတွင် နေထိုင်ကြသော ရွှေမြန်မာများ အားလုံးအသိပင်ဖြစ်သည်။ အတ္တကြီးမားသော ဒီနိုင်ငံသားများတွင် တစ်ဖက်သားအပေါ် အထူးသဖြင့် အားနည်းသူအပေါ် ညှာတာရကောင်းမှန်း မသိ၊ သူတို့ သိသည်ကား ပိုက်ဆံပေးစီးရ၍ အခွင့် အရေးကို အပြည့်အဝ ပြန်လည် ရရှိရန်ဖြစ်သည်။

ကျွန်တော် တခါတရံ ကြုံဖူးသည်မှာ ထိုသူများအတွက် သတ်မှတ်နေရာမှာပင် အကျအနဝင်ထိုင်ပြီး အိုမင်းမစွမ်းသူများ (သို့ ) ကိုယ်ဝန်သည်များ ရထားပေါ်၊ ကားပေါ်တက်လာလျှင်ပင် မသိကျိုးကျွန်ပြု၍ အိပ်ချင်ဟန်ဆောင်ခြင်၊ ဟန်းဖုန်းထုတ်၍ ဂိမ်းဆော့ချင်ဟန်ဆောင်ပြီး နေရာဖယ်မပေးသည်များကို နေ့ စဉ်နီးပါး မြင်တွေ့ နေရပါသည်။ ဘယ်သူမှလည်း ထိုသူများကိုနေရာဖယ်ဖို့  မပြောကြပါ။ ကျွန်တော်လည်း ဝင်မပြောပါဘူး၊ ဒါပေမယ့် ရင်ထဲမှာတော့ ကျလိကျလိနဲ့  အသည်းတော်တော်ယားစရာ ကောင်းပါသည်။
ဒါပေမယ့် ဒီကိစ္စ တော်တော်များများကို အစိုးရလည်းသိပါသည်။ ရထားပေါ် ကားပေါ်တွင် ထိုင်စရာနေရာ သတ်မှတ်ပေးခြင်း၊ နိုင်ငံကျော် သရုပ်ဆောင်များနှင့် ကြော်ငြာရိုက်ပြီး စည်းရုံးခြင်းများဖြင့် လူတွေကို သိမ်းသွင်းနေပါသည်။

ဒါပေမယ့် တစ်ချို့ အချက်တွေ ကျန်ရှိပါသေးသည်။ နေ့ စဉ်နံက်တိုင်း ရုံးတက်ချိန် ရထားကျပ်၊ ကားကျပ် အချိန်တွေ့ မြင်ရသည်များကို ရင်ဖွင့်ပါရစေ။

သတင်းစာ
တချို့ သောလူတွေ သည် ရထားပေါ်ရောက်လျှင် မတ်တပ်ရပ်စရာ နေရာ ယူပြီးလျှင် ပါလာသော သတင်းစာကိုထုတ်၍ သဲသဲမဲမဲ မလှုပ်မယှက် ဖတ်တော့သည်။ မိတ်ဆွေ စဉ်းစားကြည့်ပါ၊ လူတစ်ယောက် မတ်တပ်ရပ်၍ သတင်းစာဖတ်သော နေရာတွင် လူနှစ်ယောက် ကောင်းကောင်းရပ်နိုင်သည်။ ဒီကလူတွေသည် ရထားပေါ် ကားပေါ်တွင် နဲနဲမျှ အတွန်းအထိ မခံချင်၊ မခံနိုင်ပါ။ ဘယ်သူမှ တွန်းထိုး၍ အဲဒီနေရာကို မကပ်ကြပါ၊ ထို့ ကြောင့် တစ်ယောက်စာ နစ်နာပါသည်။


ကျောပိုးအိတ်
ကျောပိုးအိတ်လွယ်ထားသူတစ်ယောက် ရထားပေါ် ကားပေါ်တက်လာလျှင် ဖြစ်သင့်သည်မှာ မိမိလွယ်အိတ်ကို ချွတ်၍ ရှေ့ သို့ ထားကား သွားလိုရာသို့  သွားရမည်။ တစ်ချို့က ထိုသို့ မဟုတ် ကျောပိုးအိတ် တကားကားနှင့် လမ်းတလျှောက် လူများကို ဒုက္ခပေးတော့သည်။ ရှေ့ ပိုင်းက ပြဿနာ မရှိ သူရှောင်ကွင်းသွားနိုင်သည်။ နောက်ဖက်ပိုင်းသည် ဟိုလူ့ တိုက်၊ ဒီလူ့ တိုက်နှင့် သူကိုယ်တိုင်မသိရှာ။ စိတ်ဆိုးရန်လည်းအခက်၊ တမင်ကြံရွယ်မှု မရှိ။


မြူးဇစ် (သို့ ) ဂီတ
တစ်ချို့ သောလူများသည် ရထားပေါ် ကားပေါ် ရောက်လျှင် ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ ပါလာသော ဟန်ဖုန်းဖြင့် ကြိုက်နှစ်သက်သော သီချင်းကို စပီကာဖွင့်ကာ နားထောင်လျှက် ဇိမ်ယူတက်ကြသည်။ နားကြပ်တပ်နားထောင်၍လည်း ရပါသည်။ ကျွန်တော် နားမလည်နိုင်ပါ။ ထိုသို့ သောလူများသည် ပတ်ဝန်းကျင်ကို အတော် ဒုက္ခပေးသည်။

အထက်ပါ အကြောင်းအရာများသည် ကျွန်တော် နေ့ စဉ် ရုံးတက် ရုံးဆင်းချိန် အထူးသဖြင့် လူကျပ်ချိန်တွင် တွေမြင်နေရသော အတ္တကြီးသူများကြောင့်ဖြစ်ပေါ်လာသော ခံစားချက်များကို ဖြေဖျောက်စေရန် အလို့ ငှါ ဒီနေရာကနေ ရင်ဖွင့်လိုက်ရပါတယ်။

9 comments:

မေဇင် said...

ဟဟဟဟဟ အမှန်ပါပဲ အစ်ကို ရေ....တစ်ချို့တွေများ စပ်ကလဲ စပ်စုလိုက်သေး..... ကိုယ့်လက်ထဲလဲ သတင်းစာ ကိုင်ထားရက်နဲ့ သူများ သတင်းစာ ကိုလှမ်းလှမ်း ကြည့်သေးတယ်...။း) တကယ်ပဲ ဟုတ်ပါတယ်...တစ်ခါတစ်လေ စိတ်အနှောက်အယှက်ဖြစ်ရတယ် ၊ သင်ခန်းစာ ယူရမှာပေါ့ ကိုယ်လဲ မလုပ်မိအောင်လေ....း)

သားကြီး said...

ကျနော်တို့ဆီမှာလည်းဘာထူးလို့လဲဗျာ
သရုပ်ဆောင်တွေနဲ့ကြော်ညာတွေနဲ့တော့ သူတို့နိုင်ငံသားဘယ်လောက်စိတ်ထားပြည့်ဝကြောင်း
တစ်ဘက်သားကိုစာနာတတ်ကြောင်းတီဗွီတွေ စာစောင်တွေမှာလျှောက်ကြော်ညာနေကြတာပဲ
အစ်ကိုအခုရေးပြခဲ့သလို ကျနော်လည်းကြုံဖူးပ
တခါကဆို လူကြပ်နေပါတယ်ဆိုမှ ကုလားစုံတွဲတစ်တွဲက ရထားပေါ်မှာ နမ်းလိုက်ဖက်လိုက်နဲ့ ရထားပေါ်မှာဖြစ်ပျက်နေလိုက်တာ မိုးကြိုးပစ် ဘုရားစူး ရထားတွဲတစ်ခုလုံး သူတို့ထက်သားနားတဲ့ရုပ်ရည်တွေနဲ့ချည်း ထိုးပြီးတော့ပဲအန်လိုက်ချင်တော့တယ် မျက်စိရှေ့မှာ မဲမဲနှစ်ကောင်ဖြစ်ပျက်နေတာကိုကြည့်ပြီးတော့လေ
တော်တော်ဆိုးဆိုးပဲဗျာ နေရာကမရှိပါဘူးဆိုမှ

သားကြီး said...

ပြောဖို့ကျန်ခဲ့လို့ဗျ
ခေါင်းစဉ်ပေးထားတာလေးသဘောကျတယ်

မဟာဆန် said...

ဟုတ်တယ်နော်..ကိုယ့်စိတ်က စာနာစိတ်နဲ့ ဖေးမကူညီတတ်မှုတွေထဲမှာ နေသားကျနေခဲ့တော့ ဒါမျိုးတွေ မြင်ရင် ကျလိ ကျလိ ဖြစ်မှာပဲ။ ဂျာမနီမှာတော့ လူကြီးတွေ၊ ကလေးတွေ၊ မသန်စွမ်းသူတွေ၊ အမျိုးသမီးတွေကိုဆိုရင် လူတိုင်းက ဦးစားပေးကြတယ်။ မြန်မာမှာလိုပဲ စာနာစိတ်ရှိအောင် သင်ထားတယ်ထင်ပါရဲ့။

ရွက်လွင့်ခြင်း said...

အဲဒါတွေ အားလုံးဟာ ကိုယ်နိုင်ငံ ကိုယ်မနေရလို့ ၊ စရိုက်မတူညီတဲ့ ပတ်ဝန်းကျင်မှာ နေရလို့  ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပါ။
ဘယ်တော့များမှ လွတ်ပါ့မလဲနော်

khin oo may said...

အမြင်မတော်တာတွေ ကတော့ အများကြီးဘဲ။ နေရာမရတာတောင် မျကိစိပိတ်ထားက မှ တော်ရုံလောက်ကြမယ။် ပူးကပ်ဖက်နေတာရယ်။ သီချင်းကို အကျယ်ကြါ်းဖွင့်တာ ရယ် အသည်းယားဆု့းံဘဲ။ အဲဒီလူဘေးနားတော့ ထိုင်ချင်ဘူး.။ နားညည်းလွန်းလို့။

နွေးနေခြည် said...

အစားမစားရတဲ့... အစားစားနေတာကလည်း သူတို့တွေပါပဲ။
ဟိုနေ့ကလည်း အနောက်ကိုမှီ ခြေထောက်ကိုရှေ့မှာ တလံလောက်ထွက်အောင် ထုတ်ထားပြီး ချိတ်ထားသေးတယ်။ ရပ်နေတဲ့လူတွေကိုမှ အားမနာ..
အဲဒါနဲ့ အမြင်ကတ်လို့ ဓာတ်ပုံရိုက်ခဲ့တယ်။ သူအိမ်ပျော်နေတာပဲ သတိမရှိလို့ ဒီလိုချည်းထိုင်နေတယ်ဆိုပြီး ခြေထောက်ပဲကွက်ပြီး ဓာတ်ပုံရိုက်လိုက်တယ်။ နောက် နိုးလာတော့လည်း အဲလိုပဲ ဆက်ထိုင်နေလို့ ပိုအမြင်ကတ်ပြီး မျက်နှာပါ ရိုက်ခဲ့တယ်... ဟွန့်
ခုတော့ ဓာတ်ပုံက ဖုန်းပြောင်းလိုက်တာ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။။။

The Queen said...

ကိုရွက်လွင့်ရေ > အခြေခံယဉ်ကျေးမူမရှိတဲ့သူတွေအကြောင်း ကိုပြောရ ရင် ပြောမဆုံးပေါင် တောသုံးထောင် ပါ။ နောက်ဆုံး သထ္ထု ချကြည့်တော့ အပြစ် ရှိသူက ???????

မင်းအိမ်ဖြူ said...

ကောင်းတဲ့ပိုစ့်လေးပါ ဗျာ

မှန်ပါတယ်

ကျွန်တော် က အဲဒီအရာတွေကိုတွေ့တိုင်း မြန်မာပြည်ကို ပိုသတိယတယ်

မြန်မာပြည်မှာ ပိုဆိုးတယ်အစ်ကို ၊ ကျွန်တော်က အောက် ခြေလူတန်းစားဆိုတော့ ဘတ်စ်တို့ မီး၇ထား တို့စီရတယ် ၊ ပိုမြင်ရတယ် ၊၊ ရထားပေါ်မှာ ဆေးလိပ်သောက်တာ တွေ့ဘူးလား မြန်မာပြည်မှာလေ အေးဆေးပဲ သူအပြစ်တစ်ခုမလုပ်သလိုပဲ

ဘယ်လိုပြောမလဲ အားလုံးကိုတော့ ညီတူညိမျှလေး သိစေချင်ပါတယ်