7.18.2009

City Child

ကမ္ဘာပေါ်တွင် ဘာသာစကားပေါင်း မြောက်များစွာ ရှိသည့်အနက် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရန်အတွက် အင်္ဂလိပ်စာကို ဘုံအဖြစ် ထားရှိထားသည်။ ထိုကြောင့် ကျွန်တော်တို့ အားလုံး တိုင်းတပါးတွင် အဆင်ပြေစွာ ပြောဆိုနိုင်ရန်အတွက် အင်္ဂလိပ်စကားကို ပြောဆိုကြရသည်။

ထိုသို့ ပြောဆိုရာတွင် လေယူလေသိမ်း၊ အသံထွက်၊ အဖြတ်အတောက် တို့ ကို အထူးဂရုစိုက်သင့်ပေသည်။ ထို သုံးချက်ကြောင့် အဓ္ဓိပါယ်တွေ ပြောင်းသွားသလို၊ လုံးလုံးကို ဘာပြောခြင်မှန်းမသိ ဖြစ်သွားနိုင်သည်။ ထိုအတူ အခြား မည်သည့်ဘာသာစကားမဆို ပြောဆိုလိုလျှင်လည်း ထိုသုံးချက်ကို ဂရုစိုက်၍ ပြောဆိုသင့်ပေသည်။ လုံလုံးမတူလျှင်တောင် အနီးစပ်ဆုံးတော့ ကြိုးစားသင့်ပေသည်။

အဲဒီ လေယူလေသိမ်း၊ အသံထွက် ကိစ္စနှင့် ပတ်သက်၍ အလွဲလွဲအချော်ချော် ဖြစ်ခဲ့သော လူတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ က ကျောင်းသားဘဝ၊ သူက ကျွန်တော်တို့ ထက် ဆယ်နှစ်ခန့် ကြီးတယ်။

သူနာမည်က ကိုသိန်းလွင်.....

အလုပ်အကိုင်ကတော့ တက္ကစီကားမောင်းတယ်။ တက္ကစီကားမောင်းတယ်ဆိုလို့  သူကို အထင်မသေးလိုက်နဲ့ ဦး။ စာပေးစာယူတက်ရင်းနဲ့  ကားမောင်းစားတာ။ ကားကတော့ ရန်ကုန်မြို့လည် ဘားလမ်းမှာ ဂိတ်ထိုးတယ်။

တစ်ရက်မှာတော့ ဂျပန် မိသားစုတစ်စု ကားလာငှါးပါလေရော။ လင်မယားနှစ်ယောက်ရယ်၊ သူတို့ ရဲ့ ကလေးနှစ်ယောက်ရယ်ပေါ့။ ဂိတ်က ကားသမားအများစုက သိတဲ့အတိုင်း အင်္ဂလိပ်စာ အခြေခံကနည်းတော့ သူကို သွားခိုင်းပါလေရော။ ဒါနဲ့ ပဲ သူသွားမယ်ဆိုပြီး အင်္ဂလိပ်လို မေးလိုက်ပါတယ်....

"ဝှယ်း ...ယူ..ဝန့် (တ်)တူဂိုး.....ဆာ...?"


"စီး..သီး...ချိုင်း....."


"ပလိစ်..ဆေး........အဂိမ်း......."


"ယက်စ်...စီး...သီး...ချိုင်း....."


"အိုကေ..အိုကေ....ကမ်းအင်"

ဆိုပြီးတော့ ကားပေါ်တင်ပါလေရော။ စိတ်ထဲမှာတော့ ဒီဂျပန်တွေ အင်္ဂလိပ်စာ တော်တော်ညံ့တာပဲ လို့  တွေးနေမိတယ်။ ကားမောင်းရင်းနဲ့  သူတွေးနေတာက သူတို့ သွားချင်တဲ့နေရာက စီးသီး(city) ဆိုတာ မြို့၊ ချိုင်း(child) ဆိုတာ ကလေး။ ကလေးတွေရဲ့ မြို့တော် ဆိုတော့ အဲဒီအချိန်မှာ ရန်ကုန်မြို့မှာ လောက်လောက်လားလား နိုင်ငံတကာ အဆင့်မှီ ကလေးကစားကွင်းဆိုလို့  သာကေတ ရှုခင်းသာ တစ်ခုပဲရှိတယ်။
(အဲဒီအချိန် တရိစ္ဆာန်ရုံမှ ကလေးကစားကွင်း မပေါ်သေးပါ)

အဲဒီမှာ ရိုလာကိုစတာ၊ ရဟတ် နှင့် အခြားနိုင်ငံတကာ အဆင့်မှီ ကစားစရာ အစုံရှိတယ်။ နောက်တစ်ချက်က ဒီမိသားစုမှာ ကလေးနှစ်ယောက်ပါလာတဲ့အတွက် ရှုခင်းသာ သွားမှာပဲဆိုပြီး သူ ကောက်ချက်ချလိုက်တယ်။
ဒါနဲ့ ပဲ ရှုခင်းသာ ရောက်သွားပါလေရော။ အဲဒီမှာတင် ပြဿနာ တက်ရော၊ ဂျပန်မိသားစု သွားချင်တာ ဒီနေရာမဟုတ်။

၁၅ မိနစ်လောက် အခြေအတင် ပြောနေရင်းနဲ့ မှ ကိုရွှေဂျပန်က သူ့ ကို ကြိုးစားပြီးရှင်းပြရှာပါတယ်။ သူတို့ လာရတဲ့အကြောင်းက ဒုတိယကမ္ဘာစစ်တုန်းက သူ့ အဖိုးက မြန်မာပြည်တွင် တိုက်ပွဲကျကြောင်း၊ ဒါ့ကြောင့် သူတို့ ရိုးရာအရ လာရောက်ကန်တော့ရခြင်းဖြစ်ကြောင်း၊ အဲဒီအတွက်ကြောင့် သူတို့  စစ်သင်္ချိုင်းကို သွားလိုကြောင်း ရှင်းပြပါတယ်။
အဲဒီကျမှ ကိုသိန်းလွင်လည်း သူ့ နဖူးသူရိုက်ပြီး သာကေတမှ ထောက်ကြံ့ကို မောင်းပို့ ပေးလိုက်ရပါတော့တယ်။
ဂျပန်ကလည်း ကြိုးစားပြီး မြန်မာစကားကို ပြောပေမယ့် လေယူလေသိမ်း လွဲနေတယ့်အတွက် အဓ္ဓိပါယ်ပါ လွဲသွားပါတယ်။
ဒါ့ကြောင့် အခြားဘာသာစကား ပြောဆိုလိုလျှင် အသံထွက်၊ လေယူလေသိမ်း အရမ်းဂရုစိုက်သင့်ကြောင်း ဒီအဖြစ်အပျက်လေးက သက်သေခံလျှက်ရှိပါတော့တယ်။

9 comments:

sonata-cantata said...

သူငယ်ချင်းတယောက် ထိုင်းမှာ လေဆိပ်ဆင်းဖို့ တက္ကစီသမားကို အင်္ဂလိပ်လိုပြောတာ ဘယ်လိုမှ နားမလည်လို့ လက်နှစ်ဖက် ဆန့်တန်းပြီး လေယာဉ်လို လုပ်ပြတာ...သူကို ရေကူးကန် ပို့ပေးလိုက်လို့တဲ့ ...

khin oo may said...

body laung အကောင်းဆုံ့း. အဲ. မသီတာအလိုအရဆိုမကောင်းဘူး. ပြောတတ်တော့ပါဘူ။ အတွေ့အကြုံတွေကတော့ တထမ်းကြီးဘဲ။

မေဓာဝီ said...

အဖေပြောပြဖူးတဲ့ ရယ်စရာလေးက တက်ခ်စီသမားကို နိုင်ငံခြားသားက movie လို့ပြောတာ မှော်ဘီကိုပို့လိုက်သတဲ့။
ထူးပါဘူး ကျမလဲ အသံထွက်က ခပ်ညံ့ညံ့၊ အဖော်တွေရပြီ။ :P

:P said...

အတွေ့အကြုံအစုံဖတ်သွားတယ်.. ရယ်ရတယ်.။

သားကြီး said...

ကိုရွှေဂျပန်ရွှေဥာဏ်တော်စူး လူတတ်ကြီးလုပ်ပြီး
စစ်သင်္ချိုင်းကိုပြောလိုက်တာ
ငါးပါးမှောက်ပါရောလားဗျိုးးး
တွေးတွေးပြီးရယ်ချင်တယ် တကယ်ပဲ

ရွက်လွင့်ခြင်း said...

မသီတာ
တော်သေးတာပေါ့ ချက်ရှ် လိုက်မပို့ လိုက်တာ

မkom
အဲဒါတွေကို ပိုစ့်အဖြစ်တင်ပါလား

မမေဓါဝီ၊ မစင်ဒန်လား၊ ကိုသားကြီး
ကွန်မန့် အတွက် ကျေးဇူး

နွေးနေခြည် said...

ဒါမျိုးတွေလည်း ရှိတယ်နော်း)

ကိုလူထွေး said...

ရယ်စရာတွေ ရှာဖတ်နေတာ...

းဝ)

mabaydar said...

TAXI ခ ဘယ်လိုယူလိုက်လဲလို့ သိချင်မိတယ်... အဟီး...