7.08.2009

နိုးထလာသော အာရှနဂါး (သို့ ) ရှန်ဟိုင်း (၂)

ဒီလိုနဲ့  ကျွန်တော်တို့  အဖွဲ့  ဟော်တယ်မှာ ပစ္စည်းတွေချပြီး နန်းတုန်းမြို့ ရဲ့ ရှုခင်းတွေကို ဟော်တယ်ပေါ်ကနေ ကြည့်ရှုတဲ့အခါမှာ နန်တုန်းမြို့ ဟာ စက်ရုံအလုပ်ရုံ အမြောက်အများ ဖွင့်လှစ်ထားတဲ့အတွက် တိုးတက်တယ်လို့  ခေါ်နိုင်ပေမယ့် သဘာဝပတ်ဝန်းကျင်ပိုင်းမှာ ယုတ်လျော့လာတာ တွေ့ ရပါတယ်။
ဘာဖြစ်လို့ လဲဆိုတော့ တစ်မြို့ လုံးဟာ မိးခိုးငွေ့ တွေနဲ့  အုံ့ မှိုင်းလို့ နေပါတော့တယ်။


မီးခိုးတွေ ဖုံးလွှမ်းနေတဲ့ မြို့ နန်တုန်း

ကျွန်တော်တို့  တည်းရတဲ့ အခန်းက ၁၃ ထပ်မှာ ရှိပြီး တစ်မြို့ လုံကို အပေါ်စီးကနေ မြင်နေရပါတယ်။ တိုးတက်မှုနဲ့ အတူ ဆုတ်ယုတ်မှူက ဒွန်တွဲ ပါလာတက်ပါတယ်။


လွှမ်းမောဖွယ်ရာ မြို့ နန်တုန်း



ညရောက်တော့ ဟော်တယ်နဲ့  နီးတဲ့ စားသောက်ဆိုင်မှာ ညစာထွက်စားကြပါတယ်။ စားသောက်ပြီး အပြန်လာ လမ်းမှာ ရယ်စရာအဖြစ်အပျက်တစ်ခု ကြုံခဲ့ပါသေးတယ်။ မျက်နှာချင်းဆိုင်ကနေ လူတစ်ယောက် မျောက်တစ်ကောင်ကို ဆွဲပြီးလာနေတယ်။ မျက်နှာချင်းဆိုင်ဆိုတော့ ကျွန်တော်တို့ လည်းကြည့်ကြတာပေါ့၊ အဲဒီမှာ သူက မျောက်ကို ဂျွှမ်းထိုးခိုင်း၊ ကင်းမြီးကောက် လျှောက်ခိုင်းလိုက် နဲ့ အမျိုးမျိုးဆော့ခိုင်းတော့တာပဲ။ ပြီးလဲပြီးရော ပိုက်ဆံတောင်းပါလေရော။ တရုတ်တွေ ပိုက်ဆံရှာချက်ကတော့ ကြံကြံဖန်ဖန်ကို ရှာတက်တာ ချီးကျူးစရာပဲ။

ကျွန်တော်တို့ လည်း အလုပ်ကို တက်သုတ်ရိုက်လုပ် တော့တာပဲ။ ဘာဖြစ်လို့ လည်းဆိုတော့ ရှန်ဟိုင်းမှာ လည်ချင်လို့ ပေါ့။ ဒီလိုနဲ့  ၅ ရက် ၄ ည နေပြီး သောကြာနေ့ ညနေဘက် အလုပ်ပြီးပြီးချင်း ပစ္စည်းတွေသိမ်း၊ ဟော်တယ်မှာ check out လုပ်ပြီးတာနဲ့  ရှန်ဟိုင်း ကို ညတွင်းချင်း ချီတက်လာခဲ့ပါတော့တယ်................။

ဆက်ပါဦးမည်..............။

6 comments:

မေဇင် said...

ှရှန်ဟိုင်းမှာ ဘာတွေ ကြုံရသေးလဲ သိချင်နေပြီ ဗျို့... ဆက်ရန်တွေကလဲ လေ...း)

ရွက်လွင့်ခြင်း said...

မမေဇင်ရေ ရေးရင်းနဲ့  ရှည်သွားလို့ ပါ
နောက်တစ်ပိုင်းဆို ပြီးပါပြီ
သည်းခံပြီး ဖတ်ပေးပါခင်ဗျာ

subuueain said...

မြန်မြန်ဆက်ပါဗျို့  :)

မီးမီးချစ် said...

ဆောင်းတွင်း မှတ်လို့  လှတယ်ထင်နေတာ..
မီးခိုးတွေ ဖြစ်နေတာကိုးး))
ပျော်ခဲ့ တယ်ပေါ့လေ...

cockroach said...

ပြန်လာရင်မုန့်ဝယ်ခဲ့ ဒါပဲ :P

khin oo may said...

အဟက်.