
မနေ့ က သတင်းစာမှာ ဖတ်လိုက်ရတဲ့ ဒီသတင်းလေးကြောင့် ဝမ်းသာ ဂုဏ်ယူရသလို ကြိုတင်ပြင်ဆင်ပြီး လမ်းကြောင်းပြောင်းသင့်ကြောင်း အကြံပြုပါရစေ။
သတင်း အကျဉ်းကတော့ စင်ကာပူမှာရှိတဲ့ ပင်နီစူလာ ပလာဇာကို မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ တဖြည်းဖြည်း သိမ်းယူလာတဲ့ အတွက်ကြောင့် Little Myanmar ဟု ခေါ်ဆိုရပြီး လိုကယ် လုပ်ငန်းရှင်တွေ တစ်ခြားကို ပြောင်းပြေးနေရတဲ့ အကြောင်းဖြစ်ပါတယ်။ ဘာကြောင့် ပြောင်းရသလဲဆိုတော့ မြန်မာလုပ်ငန်းရှင်တွေဖက်က demand များလာတဲ့အတွက် အခန်းငှါးခတွေ မြင့်တက်လာပြီး လိုကယ်လုပ်ငန်းရှင် တော်တော်များများ ဆက်မငှါးနိုင်တော့ခြင်းဖြစ်ပါတယ်။
လိုကယ်လုပ်ငန်းရှင်တွေပဲ နစ်နာသလားဆိုတော့ မြန်မာလုပ်ငန်းရှင်တွေလည်းပဲ နစ်နာမှုတွေ ရှိပါတယ်။ မြန်မာလုပ်ငန်းရှင်တွေ လုပ်တဲ့ လုပ်ငန်းတော်တော်များများဟာ တစ်ပုံစံထဲ ဖြစ်နေပြီးတော့ သူတို့ ရဲ့ ဖောက်သည်တွေဟာ မြန်မာတွေပဲ ဖြစ်နေပါတယ်။ ဒါဟာ ကျွန်တော် အကျဉ်းချုပ်ရေးပြတာပါ။ အပြည့်အစုံကို ဒီမှာ ဖတ်ပါ။
ဒါကြောင့် ကျွန်တော် အကြံပြုလိုတာက မြန်မာလုပ်ငန်းရှင်တွေ အနေနဲ့  ထိုးဖောက်ပြီးတော့ ဒီကလိုကယ် ဖောက်သည်ရအောင်လည်း ကြံဆကြပါ။ ဥပမာ အစားအသောက်၊ ရိုးရာအဝတ်အထည် ဒါတွေကို ပုံစံသစ်နဲ့  ရောင်းချစေချင်တယ်။
အစားအသောက်ဆိုလည်း ဒီမှာ လိုကယ်တော်တော်များများ စားသုံးတဲ့ ပုံစံအတိုင်း ချက်စေချင်တယ်။ ဥပမာ ဆီလျှော့မယ်၊ အချိုမှုန့်  မသုံးဘူး။ ရိုးရာလည်း မပျက်ပေါ့။ ထိုင်းတို့  အင်ဒိုနီးရှားတို့  ဗီယက်နမ်တို့  အစားအစာတွေတောင် ဒီကလူတွေ တကူးတက သွားစားနေကြတာပဲ၊ မြန်မာ့ အစားအစာလည်း ဘာလို့  မရ ရမှာလည်း။
အဝတ်အထည်ဆိုလည်း မြန်မာ့ရိုးရာ ဝတ်စုံတွေကို ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့  ခေတ်နဲ့ အညီ ချုပ်ပြီးရောင်းရင် ရတာပါပဲ။ ဥပမာ စလုံးမှာ နေတဲ့လူတွေ သိမှာပါ။ မလေး လူမျိုးတွေ သူတို့ ရဲ့ ပွဲလမ်းသဘင်ဆိုလျှင် သူတို့ ရဲ့ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး သွာလာကြတာ တွေ့ ရမှာပါ။ ကျန်တဲ့အချိန်မှာ ဘယ်လိုပဲ ခေတ်မှီအောင် ဝတ်ဝတ် အဲဒီနေ့ တွေရောက်ရင် ဝတ်ဆင်ထားတာ တွေ့ ရမှာပါ။
အဲဒါ ကျွန်တော် ဥာဏ်မှီသလာက် စဉ်းစားကြည့်တာပါ၊ ဒီထက်ကောင်းတဲ့ နည်းတွေလည်း ရှိဦးမှာပါ။
ဖြစ်နိုင်ရင် ပင်နီစူလားတစ်ခုလုံး မြန်မာဆိုင်တွေ ဖြစ်စေချင်တာ ကျွန်တော် ဆန္ဒပါ.........။
13 comments:
ကောင်းတယ်
ကောင်းတယ်
ဘာပဲဖြစ်ဖြစ်ကိုယ့်လူမျိုးပဲကိုအားပေးတယ်
အဲဒါသွေးကြောင့်ပဲဖြစ်မယ်
စင်္ကာပူကမြန်မာစီးပွါးရေးလုပ်ငန်းရှင်တွေ
ဒီပိုစ်ကိုဖတ်စေချင်တယ်
ဟုတ်တယ်နော်.. အစားအသောက် တော့ နိုင်ငံတကာ မှာ ထိုးဖောက်နိုင်ရင် ကောင်းမှာ..
ထိုင်းစာ ထက်တောင်ကောင်းသေးတယ်..
ဂုဏ်ယူပါတယ်မြန်မာတွေအတွက်
ဒီ့ထက်ပိုပြီးတိုးတက်နိုင်ပါစေ
ရောက်ရင်တော့ သွာလည်အုံးမယ်
တော်တော်နာမည်ကြီးတဲ့
ပင်နီစွဲလာ
း)
မြူးလေး
ဟုတ်တယ်နော် အစ်ကို။ မြန်မာအစားအစာကို နဲနဲလေးပဲ ပြင်လိုက်ရင် ရှယ်ပဲ။ တချို့ singaporean တွေက ပြောတယ် မြန်မာအစားအစာတွေက စားရင်ကောင်းတယ်တဲ့။ အဓိက က အနံ့ပဲ။ သူတို့က အနံ့ကိုသိပ်မကြိုက်ကြဘူး။ မကြိုက်ဘူးသာပြောတာ စားလိုက်တော့လည်း ကုန်သွားကြသား။
အဲဒိသီတင်းလေးကြားရတာ ၀မ်းမြောက်တယ်အကိုရေ..အနော်လဲအားပေးတယ်။ အနော်ကတော့ ၀က်သားတုတ်ထိုးကြိုက်တော့ အဲဒိဆိုင်ကို အကြီးကြီးရယ်မှ အကြီးးးးးးးးးးးးးးကြီး ဖွင့်ချင်တယ်။ အဟဲ
:D
သားကြီး၊ မီးချစ်၊ မြူး၊ ပိုးဟပ် ကွန်မန့် အတွက် ကျေးဇူးပါပဲ။
ကြည်ဖြူပိုင်
ဆိုင်ဖွင့်ရင်ပြောနော် နေ့ တိုင်းလာအားပေးမှာ
မှန်၏။
မှန်၏၊
အားပေး၏။
အနံကလေးကတော့ ဆိုးတယ်။
မျှစ်ချဉ်နံ့၊ ကွမ်းယာဆေးနံ့...
ကျော်ဟိန်း သီချင်းအလိုက်ကလေးနဲ့ ဆိုလိုက်ဦးမယ်...
မမွှေးရင်နေပါ၊ မနံပါနဲ့
မြန်မာများ အားလုံးအတွက်၊ ပင်နီဆူလာ)))
ဟုတ်ပါတယ်.. မြန်မာအစားအသောက် ကို ပြင်သင့်တယ်လို့ ယူဆပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ်.. မြန်မာတွေ ဈေးကွက်ကို ထိုးဖောက်နိုင်တာကိုပဲ .. လေးစားမိပါတယ်....
အကို့အကြံမဆိုးဘူး။ ကြိုက်တယ်။ =)
အကိုရေ
ပင်နီစူလားမှာ စားသောက်ဆိုင်ဖွင့်မလို့ လာအားပေးနော်.ဂယ်ပြောတာနော်
:)
Good suggestions! proud of Myanmar!
ပင်နီဇူလားက စားသောက်ဆိုင်တွေက မြန်မာပြည်က လက်ရာကိုလည်း မမှီဘူး။ ဒီက စလုံးတွေလည်း စားမရဘူး။ ဘာလိုလို့ လိုနေမှန်းလည်း ကျွန်တော် မသိဘူး။ ကျွန်တော့်အနေနဲ့ စားလို့ မကောင်းတာတော့ အမှန်ပဲဗျ။
Post a Comment