ကျွန်တော်တို့  စင်ကာပူဆိုသော ဒီကျွန်းပေါ်ကို ရောက်ကာစက မြန်မာလူဦးရေ အခုလောက် မများသေး။ ထို့  အတွက် ကောင်းကျိုးတွေ ရခဲ့သလို ဆိုးကျိုးတွေလည်းရခဲ့ပါတယ်။
ကောင်းကျိုးတွေက ဘာတွေလည်းဆိုတော့ နိုင်ငံသားတော်တော်များများက respect ပေးကြသည်။ မနှိမ်ရဲပေ။ ဘာမှန်းတော့ ကျွန်တော်နားမလည်၊ ကျွန်တော် နားလည်တာကတော့ အရင်ကအရှိန်နှင့် ဆက်လှိမ့်နေခြင်းသာ ဖြစ်မည်။ အရင်က ကျွန်တော်တို့  နိုင်ငံကို ဒီကောင်တွေ တော်တော် အားကျခဲ့ကြရသည်။
ဒါကြောင့်လည်း little india ဘက်က လမ်းနာမည်တွေကို မြန်မာပြည်မှ မြို့ နာမည်တွေ ပေးခဲ့သည်။ ယခုအခါမှာ မြန်မာပြည်မှာတော့ ဒီမြို့ နာမည်တွေကို အင်္ဂလိပ်လို ဒီကပုံစံအတိုင်း မပေါင်းတော့ပါ။ တစ်ချိန်က အင်္ဂလိပ်တွေ ခေါ်ရလွယ်အောင် စာလုံးပေါင်းခဲ့ခြင်းလည်းဖြစ်နိုင်သည်။ ဥပမာ မော်လမြိုင်ကို မော်လမင်း၊ ပုသိမ်ကို ပဇင်း၊ ရန်ကုန်ကတော့ ရန်ဂွမ်း ပေါ့ဗျာ။
နောက်တစ်ချက်က မြန်မာအချင်းချင်း စည်းလုံးကြသည်။ ရထားပေါ် ကားပေါ် တွေ့ လျှင် ပြုံးပြ နှုက်ဆက်ကြပြီး မိတ်ဖွဲ့ ပြီးလျှင် မိတ်ဆွေ ဖြစ်သွားကြတော့သည်။ လူဦးရေ နည်းတာလည်း ဖြစ်နိုင်သည်။
ဆိုးကျိုးတွေကတော့ အရာရာ ကိုယ်တိုင်ကိုယ်ကျ ထိုးဖောက်ရသည်။ ရှေဆောင်လမ်းပြ မယ့်သူ မရှိ။ အနည်းဆုံး အနေနဲ့  မြန်မာအစားအစာ စားချင်လျှင် ကိုယ်တိုင် ချက်စားမှ ရသည်။ အခုလို စားသောက်ဆိုင်တွေ မရှိသေး။ ပင်နီဆူလား တစ်ခုလုံး သုံးဆိုင်လား လေးဆိုင်လား မမှတ်မိတော့၊ ဒါပဲရှိသည်။ အဆိုးဆုံးက ဒီက ရိုးရာနေ့ တွေလည်း သေချာမသိကြ၊ ဘာအတွက် လုပ်ကြတာဆိုတာလည်း ကောင်းကောင်း နားမလည်။
အဲဒီထဲကမှ ကျွန်တော်အသိ လင်မယားနှစ်ယောက်ရဲ့ ဖြစ်ပုံကို ပြောပြချင်ပါတယ်။
တစ်ညမှာတော့ လင်မယားနှစ်ယောက် NTUC က ဈေးဝယ်ပြီး ပြန်အလာ သူတို့ အိမ်နားက ကွင်းပြင်ထဲမှာ တရုတ် အော်ပရာတစ်ခု ပြနေတယ်။ သူတို့ လည်း အရင်ကမမြင်ဘူးတာနဲ့  ခဏ ရပ်ကြည့်နေတယ်။ စင်ရှေ့မှာတော့ ထိုင်ခုံတွေ ချထားတယ်၊ ထိုင်ကြည့်နေတဲ့သူ မရှိဘူး။ အော်ပရာကလည်း အပြော အငို တွေက တော်တော်ကို ကောင်းတာ။
ဒါနဲ့ ပဲ နှစ်ယောက်သား အချိန်စောသေးတာနဲ့ ထိုင်ကြည့်ကြမယ်ဆိုပြီး ရှေ့ဆုံးတန်း အလယ်ကောင်ကနေ အေးအေးလူလူကို ထိုင်ကြည့်နေတော့တာပါပဲ။ ဇာတ်စင်ပေါ်ကလူတွေကလည်း ကသာကနေတာ သူတို့ နှစ်ယောက်ကို အံ့သြတဲ့ဟန်နဲ့  ကြည့်နေကြတယ်။ လမ်းသွားလမ်းလာတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ။ သူတို့ နှစ်ယောက်က လုံးလုံးကို သတိမထားမိဘူး။
ဒီလိုနဲ့ ပဲ မိနစ် ၂၀လောက်ကြာတဲ့အခါမှာတော့ တရုတ်အဖိုးကြီးတစ်ယောက်က မနေနိုင်ဘူးနဲ့ တူပါတယ်၊ သူတို့ ကို လာမေးရော။ မင်းတို့ နှစ်ယောက် ဘာလုပ်နေကြတာလဲပေါ့၊ သူတို့ ကလည်း ပြဇာတ် ကြည့်နေတာလို့  ဖြေလေရော။ အဲဒီမှာ အဖိုးကြီးက ဒါဟာ သူတို့  တရုတ်ရိုးရာအရ တေ စ္ဆသူရဲတွေကို ဖျော်ဖြေနေတာဖြစ်ကြောင်း လူတွေအတွက် မဟုတ်ကြောင်း ပြောပါတော့တယ်။
ဒီမှာတင် လင်မယားနှစ်ယောက် နောက်လှည့်မကြည့်ဘဲ သုက်ခြေတင် အိမ်ကိုပြေးတာ တန်းနေတော့တာပါပဲ။ အဲလို အဖြစ်အပျက်တွေလည်း တစ်ချိန်တုန်းက တကယ်ဖြစ်ခဲ့တာပါပဲ...း))
21 comments:
ဟိ ဟိ
အနော်လဲ ရေးမယ်
korea ကတလွဲများ ဆိုပီး
ရီသွားပါ၏
အဲ .. ဒီကိစ္စမျိုးရှိလား ... ။
ခုမှသိတယ်။ တစ္ဆေ သရဲတွေကို အဲဒီလို ဖျော်ဖြေပေးတယ်ဆိုတာ။
တော်သေးတယ် ... ဒီစာလေးဖတ်ထားလို့။
တော်ကြာ စင်္ကာပူသွားလည်ဖြစ်ရင် သူတို့လို အော်ပရာ ရပ်ကြည့်နေမိမှာစိုးလို့။ ကျမကလဲ စပ်စုတတ်ပါဘိသနဲ့။
ဟာသလေးကိုသဘောကျသွားတယ်(ဟိ)
ဟားးးဟားးး အဲလိုမျိုးရှိလား...
ဆင်ခြင်ဦးမှ
ပို့စ်လေးကို သိပ်သဘောကျတယ်။ နေရာတိုင်းမှာ ဒေသခံတွေရဲ့ ဓလေ့တွေ ရှိပါတယ်။ ဒါကြောင့် တနေရာကိုသွားရင် အဲဒီဒေသရဲ့ ဓလေ့တွေကို ကြိုတင်လေ့လာထားသင့်ပါတယ်။
ခုမှ သိတော့တယ်...။ ထိုင်မကြည့်ပေမယ့် ရပ်တော့ကြည့်ဖူးတယ်...။ :D
ကြုံမှ..ကြုံတတ်ပလေ..တယ်..
ရီရတယ်နော်..
မရီသင့်ပေမဲ့ ရီသွားတယ်ဗျာ...ကျတော်တို့လဲ ဆင်ခြင်မှပဲ ....
ဟုတ်လား? အဲလိုတကယ်ရှိတယ်?
သူတို့ ကသရဲဆိုရင် အတော်ကြောက်တဲ့သူတွေလေ။
ဟ ဟ ကောင်းပါတယ်။ ရယ်သွားရတယ်။
နောင့်ဆို အမြဲ ၀င်ငေးတာ.... သူတို့တွေ ပွှဲလုပ်နေပြီဆိုရင်....ဘာအတွက်လုပ်လဲတော့ ဘယ်သိမလဲ... မမတွေက အတင်းခေါ်မှ ပြန်လိုက်တာ... ဟဟဟ သရဲ တွေကို ကပြတဲ့ပွဲမျိုး မဖြစ်တာကံကောင်း..။
the maidဆိုတဲ့ စင်္ကာပူမှာအလုပ်သွားလုပ်တဲ့
ဖိလစ်ပိုင်သူတစ်ယောက်အကြောင်းကိုဇာတ်လမ်း
ဖွဲ့ထားတဲ့သရဲကားထဲမှာ အဲလိုတစ္ဆေထိုင်ဖို့ချထားတဲ့ခုံတွေမှန်းမသိဘဲဝင်ထိုင်မိ
တဲ့အခန်းကို တော်တော်ကြောက်ဖို့ကောင်းအောင်ရိုက်ပြထားတယ်ဗျ
ဘရားသားပြောသလိုပဲကျနော်တို့ဆီမှာလည်းအဲလို
ဘုမသိဘမသိနဲ့ဝင်ဝင်ထိုင်တဲ့နိုင်ငံခြားသားတွေရှိတယ်ဗျ
ကိုယ်ကြိုက်လို့ကြည့်ချင်ရင် ဆက်ကြည့်ပေါ့...
းဝ)
ဟုတ်ပါ့ ကျနော်လဲ သတိထားရတော့မယ် ဒေါ်လေးမေဓါဝီ ပြောသလို။
ဟာသလေး သဘောကျသွားတယ်ဗျ။
ကျနော်ဆိုလဲ အဲ့လိုပဲ ဖြစ်မှာပဲ။ ဟီဟိ။ =)
အဲလိုမျိုးရှိသကိုး
တကယ်ကောင်းရင်တော့ ရပ်ကြည့်မိမှာသေချာတယ်..
အဟား.. ကျနော်လည်းကြည့်မိမှာပဲ..
ဟဟ ဖြစ်တတ်ပါ့ပေ့
တွေးရင်းနဲ့တောင် ရီချင်တယ်
ဟဟားးးးးး သတိထားမှ။
သဘောကျပါ့နော်.
ဟိဟိ ကိုယ်ထင်ပြတယ်ထင်နေဦးမယ်
ဟယ်ဒါမျိုးတခါမှမကြားဖူးဘူး... အဆန်းဘဲနော်
တို့လဲ တယောက်အပါအ၀င်ဖြစ်တော့မလို့ ဟားဟားးး :D
Post a Comment