ဒါနဲ့ ဘဲ သူအိမ်ရောက်တော့ သူငယ်ချင်းနဲ့  ဆေးခန်းအတူသွား ပြီးတာ့ ညနေစာကို အဲ့ဒီနားက Tiongbaru Plaza အပေါ်မှာဖွင့်ထားတဲ့ Koppitian မှာ ညနေစာ အတူတူ စားကြတယ်၊ အဲဒီက ကိုရီးယား ဆိုင်မှာ ရရှိတဲ့ ဂျင်ဆင်းကြက်စွပ်ပြုတ်ရည် ကို ဘလောဂ်ဂါ မောင်နှမများအတွက် လမ်းညွှန်လိုက်ပါရစေ။ ကျွန်တော် ကိုရီးယားမှာ တခါစားခဲ့ရတယ်။
လူမမာများအတွက် အသင့်တော်ဆုံး အစားအစာလို့  ကျွန်တော်မြင်တယ်။ ကိုရီးယားလို ဘယ်လိုခေါ်လဲ ကျွန်တော်မသိပါ၊ မဗေဒါ သိမှာပါ ................D။ သူချက်ထားတဲ့ပုံက ၈လ နဲ့  ၆လ (တခုခု)ကြက်ကို ဂျင်ဆင်းနဲ့ ရောပြီး စွပ်ပြုတ် လုပ်ထားတာပါ၊ ကြက်ဗိုက်ထဲမှာ ထမင်းထည့်ထားတာပါ။
အောက်ကပုံကတော့ ကိုရီးယား မှာ စားခဲ့တုန်းက ရိုက်ခဲ့တာပါ၊
စားချင်စဖွယ်စွပ်ပြုတ်ပုံ
စားမဲ့ဝါးမယ့် ကျွန်တော်တို့ အဖွဲ့ 
ကိုရီးယားမှာ စားတုန်းကတော့ ဂျင်ဆင်း အရည်တစ်ခွက်ပါတိုက်တယ်၊ စလုံးမှာတော့ မပါဘူး။ စလုံးမှာတော့ ဈေးနှုန်း ၂မျိုးနဲ့  ရောင်းပြီး ကြက်တစ်ခြမ်းကို ၆ ဒေါ်လာ၊ တစ်ကောင်လုံးကို ၁၁ဒေါ်လာ ဖြစ်ပါတယ်။ အရမ်းကို အဟာရဖြစ်တဲ့ အစားအစာဖြစ်လို့  ဘလောဂ်ဂါ မောင်နှမတွေ အတွက် ကြော်ငြာခ တစ်ပြားမှ မရဘဲ ဝေမျှလိုက်ပါတယ်။
ဘလောဂ်ဂါ မောင်နှမများ ကျန်းမာ ဝဖြိုး အလှတိုးကြပါစေ...............P။
3 comments:
Thank you for treating with nice soup. Really delicious. :)
ပေးတဲ့ဆုနဲ့ အမြန်ပြည့်ပါစေ...း)
စလုံးရဲ့ ဘယ်နေရာမှာ ၀ယ်လို့ရတာလဲဟင်... ကိုရီယား အစားအစာဆိုင်တိုင်းမှာလား... မဗေဒါကိုလဲ ဂိုက်ကတော့ ပြောပြတယ်.. အဲဒိ စွတ်ပြုတ်နာမည်... ဒါပေမဲ့ မေ့သွားပြီ...
Post a Comment