11.07.2009
စုန်ဆန်ချည်
အဲလိုပဲ အော်ပစ်လိုက်ချင်တယ်။
အွန်လိုင်းပေါ် မရောက်တာ အတော်ကြာပြီး ညီအကို မောင်နှမတွေနဲ့  မဆုံဖြစ်တာ အတော်ကို ကြာသွားတယ်။ ကျွန်တော် ဘလော့ဂ်ရဲ့ လတ်တလော အခြေအနေမှာ ရေးထားတဲ့အတိုင်း အမေရောက်လာတဲ့ အတွက် အလုပ်လည်း နဲနရှုပ်ပြီး ဘလောဂ့်ပေါ်မရောက်ဖြစ်တာပါ။ အားတဲ့အချိန်လေး မောင်နှမတွေရဲ့ ဘလောဂ့်တွေတော့ ဖတ်ဖြစ်ပါတယ်။ ကွန်မန့် တော့ မရေးဖြစ်ခဲ့ဘူး။
ဘယ်လောက်ထိ အလုပ်က ရှုပ်လည်းဆို ခွင့်ကလည်း ဘယ်လိုမှ ယူလို့ မရ(နှစ်ကလည်း ကုန်ကာနီးပြီဆိုတော့း))။ အမေရဲ့ စင်္ကာပူ မာလ်တီပယ် ဗီဇာကလည်း အချိန်မှီ စလုံးကို ပြန်ဝင်လို့ ရအောင် မလေးရှား ကေအယ်လ် နဲ့  စလုံးကို စုန်ဆန်ချည် ပြေးလိုက်ရတာ ဖက်ဖက်ကို မောသွားပါလေရော။
အမေက လာကတည်းက မလေးဗီဇာလည်း ယူလာတော့ ဗီဇာမကုန်ခင် မလေးကို ဝင်ဖို့  အရင်လုပ်ရတယ်။ ဒါနဲ့ ပဲ မလေးမှာရှိတဲ့ အမျိုးတွေနဲ့  လှမ်းချိတ်၊ ပြီးတော့ Golden Mile က ဘတ်စ်နဲ့  စနေနေ့  အမေ့ကို လိုက်ပို့ နောက်တစ်ရက် တနင်္ဂနွေကျ စလုံးကို တစ်ယောက်တည်း ပြန်လာရတယ်။ ဒါတောင် ဟိုကလူတွေက ဆွဲထားလို့  မနည်းတောင်းပန်ရတာ။
အသွားတုန်းကလည်း Golden Mile က ထွက်တဲ့ ဘတ်စ်တွေက Tuas ဖက်က ထွက်တော့ စလုံးဘက်က လဝက က ပြဿနာ မရှိပေမယ့် မလေးဘက်လည်းရောက်ရော ကျွန်တော့်ရဲ့ ပတ်စပို့  စာအုပ်က မတ်လမှာ ကုန်မှာဆိုတော့ မလေး သကောင့်သား လဝက က ရစ်ချင်နေတယ်။ ကံကောင်းတာက သူတို့ ရဲ့ Officer မလေး အဘွားကြီးက ရတယ်ဆိုပြီး လွှတ်လိုက်လို့ ။ ဒါတောင် ပညာက ပြလိုက်သေးတယ်။ အမေနဲ့  ကျွန်တော် အတူတူ ဝင်တာကို အမေ့ကို ရက်သုံးဆယ် ပေးပြီး ကျွန်တော့်ကြတော့ တစ်ပတ်ပဲ ပေးလိုက်တယ်။
နောက်တစ်ပတ်ကြတော့ ကျွန်တော် စဉ်းစားပြီး Tuas ဘက်က ထပ်ဝင်ရင် ဒီကောင် ရစ်ဦးမှာပဲဆိုပြီး Woodland ဘက်က ဝင်မယ်ဆိုပြီး ဆုးံဖြတ်လိုက်တယ်။ ဒါနဲ့ Kranji MRT ကနေ 107 ဘတ်စ်ကားစီးပြီး ဂျိုဟိုးဖက်ကို ကူးတာ Larkin ကားဂိတ်ထိကို ရောက်ရော။ ဒီတစ်ခေါက် မလေး လဝက ကတော့ ဘာမှကို မမေးတော့တာ။ နောက်တော့ Larkin ကားဂိတ်ကနေ ကေအယ်လ်ထိ ဘတ်စ်ကားစီးပြီးတော့ သွားတာပေါ့။ ကုန်ကျစရိတ်က အများကြီးကို သက်သာတယ်။
ကေအယ်လ် ဝင်ဝင်ချင်း စိတ်ညစ်စရာတစ်ခု ကြုံရသေးတယ်။ ဘာလည်းဆိုတော့ Traffic Jam။ ဘယ်လောက်ထိဆိုးလည်းဆိုရင် ကေအယ်လ် တိုးဂိတ်ကို ကားဖြတ်တော့ နေ့ လည် နှစ်နာရီခွဲ သာသာပဲ ရှိဦးမယ်။ စပြီး ကားပိတ်မိနေတာ။ တရွေ့ ရွေ နဲ့  သွားလိုက်တာ နောက်ဆုံး ကားဂိတ် Pudu Rarya ကို ညနေလေးနာရီမှ ရောက်ပါတော့တယ်။ ဒီကြားထဲ ကားပေါ်မှာ ဆီးသွားချင်တာ တစ်ပိုင်းကို သေရော။ ကားရပ်ရပ်ချင်း ပထမဦးဆုံး အိမ်သာကို ပြေးရပါရော၊ မလေးငွေ ပြားနှစ်ဆယ်ထည့်ရတဲ့ လမ်းဘေးက အိမ်သာလေး။ မဆိုးပါဘူး သပ်သပ်ရပ်ရပ် သန့် သန့် ရှင်းရှင်းနဲ့  အစဉ်ပြေပါတယ်။
နောက်မှ အမေတည်းနေတဲ့ ပူချွှန်းအရပ်ကို သွားရတယ်။ ဒီလိုနဲ့  တစ်ညအိပ်ပြီး နောက်တစ်နေ့မနက် ကေအယ်လ်ရဲ့ ပြယုဂ်ဖြစ်တဲ့ KLCC tower ကို သွားလည်ဖြစ်တယ်။ ဓါတ်ပုံတွေ ဘာတွေရိုက်ပြီး မြို့ လည်က SOGO ကုန်တိုက်ကို ဝင်လည်ဖြစ်တယ်။ ထမင်းစားချိန်ရောက်တော့ အဲဒီ SOGO ရဲ့ ခြောက်ထပ်မှာရှိတဲ့ မြန်မာထမင်းဆိုင် Paradise Palace မှာ နေ့ လည်စာ စားခဲ့ရတယ်။ အစားအသောက် တော်တော်လေးကို တန်တယ်။ ငါးယောက်စားတာ အအေးပါ အပါအဝင် မလေးပိုက်ဆံ ၁၂၆ ရင်းဂစ်ပဲ ကျတယ်။
စားပြီးတာနဲ့  ကားဂိတ်သွား စလုံးပြန်မယ့် ကားလက်မှတ်ဖြတ်ပြီး နေ့ လည်နှစ်နာရီလောက်မှာ ကေအယ်လ်ကို နှုတ်ဆက်ပြီး စလုံးကို ပြန်လာတော့တယ်။ ညနေ ခုနှစ်နာရီလောက်မှာ စလုံးမြေကို ပြန်နင်းလိုက်နိုင်ပါတယ်။ ကျွန်တော်လည်း တော်တော်လေးကို ပင်ပန်းသွားပြီး အနားယူလိုက်တာ အခုမှပဲ ပိုစ့်ပြန်တင်နိုင်တော့တယ်။
လာရောက်လည်ပတ်တဲ့ မောင်နှစ်မများအားလုံး ဧည့်ဝတ်မကျေခဲ့တာရှိရင် ခွင့်လွှတ်ပါလို့  တောင်းပန်လျှက်............။
10.21.2009
A for All of Blogger
ကျေနပ်နော်.....း)
1. What is your name : Andrew
2. A four Letter Word : Acid
3. A boy's Name : Aerosmith
4. A girl's Name : Angle
5. An occupation : Actor :)
6. A color : Azure (like as sky-blue)
7. Something you'll wear : Addidas
8. A food : Avocado
9. Something found in the bathroom : Air pump
10. A place : America
11. A reason for being late : Always traffic jam
12. Something you'd shout : Ayah;;;;;;;
13. A movie title : Away we go
14. Something you drink : Alcohol (Chivas)
15. A Musical group : ABBA
16. An animal : Ant
17. A street name : Ah Hood Rd (Toa Payoh Buddisht Temple)
18. A type of car : Audi
19. The title of a song : Anywhere for you (Back Street Boys)
20. A verb : Act
ဘလောဂါ မောင်နှမအားလုံး ပျော်ရွှင်ကြပါစေ။ ။
10.11.2009
Bad Luck
ကျွန်တော်လည်း အိမ်ပြောင်းနေရလို့  အွန်လိုင်းပေါ် မရောက်တာ အတော်ကို ကြာသွားတာ၊ အိမ်ပြောင်းရတာလည်း နောက်တစ်ပတ်ဆို မာတာမိခင် မွေးမေမေ စလုံးကို အလည်လာမယ်လို့  ပြောထားတယ်။ အခုနေတဲ့ အိမ်က ယောင်္ကျားလေးတွေချည်းပဲဆိုတော့ အမေလည်း မလွတ်လပ် သူတို့ လည်း မလွတ်လပ် ဒါကြောင့် သူငယ်ချင်း မိသားစုအိမ်ကို ရွေ့ လိုက်ရတယ်။
အိမ်ရွေ့ ရတဲ့ ဒုက္ခကလည်း တော်တော်မသေးဘူး၊ အိမ်ပြောင်းဘူးရင် သိမှာပါ။ တစ်ပတ်လောက် အထိုင်မကြနိုင်ဘူး။ ဒါနဲ့ ပဲ အွန်လိုင်းနဲ့  အဆက်ပြတ်သွားတာ အခုမှ ပြန်ဝင်ရတာ။ ဒီကြားထဲ လာရောက်လည်ပတ်တဲ့ ညီအကို မောင်နှမတွေကို ပြန်မနှုတ်ဆက်နိုင်တာ တော်တော်ကို အားနာပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။
ဒီကြားထဲ ကျွန်တော်ရဲ့ နံရိုးလေးကလည်း ကျန်းမာရေးက မကောင်းဖြစ်နေတယ်။ ပထမပိုင်း ခါးနာတယ်ဆိုလို့  ဆေးခန်းသွားပြရတယ်။ ဆရာဝန်က ဆီးစစ်ပြီး ဆေးတစ်ပတ်စာ ပေးလိုက်တယ်။ တစ်ပတ်ပြည့်တော့ မသက်သာဘူး။ ဒါနဲ့ ဆရာဝန်ပြန်ပြတော့ X-ray နဲ့ Ultrasound ရိုက်ရမယ်ပြောရော။ ကျွန်တော်မှာ တော်တော်ကို ထူပူသွားတာ၊ ဒါနဲ့  ဆေးခန်းက ညွှန်လိုက်တဲ့ SUNTEC CITY က ဆေးခန်းကို သွားရတယ်။ ပြီတော့ ပြန်လာကြတယ်၊ ဒီအချိန် ဖုန်းဝင်လာပါလေရော။ အဲဒီ SUNTEC CITY ဆေးခန်းက ဆက်တာ။
X-ray က Clear မဖြစ်ကြောင်း ဝမ်းသွားဖို့ လိုကြောင်း ဒါကြောင့် နောက်တစ်နေ့  မနက် ပြန်လာဖို့  လိုကြောင်း အကြောင်းကြားတာ။ ကျွန်တော်မှာ တော်တ်ာကို ဒေါကန်သွားတာ၊ ဒါနဲ့ နောက်တစ်နေ့  ထပ်သွားရတာပေါ့။ နောက် result ထွက်တော့ ပုံမှန် ခါးနာတာ ဖြစ်နေတယ်။ အဲဒီကြမှပဲ ရင်ထဲက အလုံးကြီး ကြသွားရော။ အခုတော့ ပုံမှန် ဆေးစား၊ ဆေးလိမ်းနေရတယ်။
ဒီကြားထဲ SMRT(ရထား၊ ကား စီးခွင့်) ကဒ်ကလည်း ပျောက်သွားတယ်။ ပုံမှန်အချိန်ဆို စလုံးမှာ ဒီကဒ်ပြန်လုပ်ရင် ငါးမိနစ် မကြာဘူး၊ အခုအချိန်က စလုံးမှာ ဒီ SMRT ကဒ်တွေကို တစ်နိုင်ငံလုံး လဲပေးနေတဲ့အချိန်ဆိုတော့ ကျွန်တော့်မှာ ၄၅မိနစ်လောက် ကျူတန်းကြီးထဲမှာ တန်စီနေရတယ်။ တခါတရံ စဉ်းစားမိတယ်။ အဆိုးတွေ လာတဲ့အချိန်ဆို ဆက်တိုက် လာတက်သလားလို့ ။
အခုတော့ အကောင်းတွေပဲ ကျန်တော့တယ်လို့  ထင်မိတယ်၊ ပုံမှန်တော့ ပြန်ဖြစ်နေပါပြီ။ မနေ့ ညကလည်း အွန်လိုင်းပေါ် ပြန်တက်တော့ ညီမလေး ဝိုင်းက တဂ်ထားတာ မိနေပြန်ရော။ ရေးပေးပါမယ် ညီမရေ....။
အခုလို အွန်လိုင်းပေါ် မရောက်တဲ့ အချိန်မှာ ပုံမှန်လာလည်တဲ့ လူတွေ၊ စီဘောက်မှာ လာလာအော်တဲ့ ညီအကို မောင်နှမတွေကို အထူးကျေးဇူးတင်ပါတယ်ဗျာ..........။
9.28.2009
9.22.2009
ဆုပေးပွဲ
အဖြေမှန်ကတော့ အသက်ကိုးဆယ်ကျော် အဖိုးကြီးပါဆိုမှ ဘယ်လိုလုပ် သွားရှိမှာလည်း၊ ဟုတ်ဘူးလား....း))
ဒါနဲ့ ပဲ အဖြေမှန်တဲ့သူ အားလုံးလည်း ဆုရရှိအောင် လာပြီး မှားမှားမှန်မှန် ကွန်မန့် ပေးတဲ့လူတွေလည်း ဆုရသွားအောင် အထူးအစီအစဉ်ကို ပြောင်းလိုက်ရပါတယ်။
အထူးသဖြင့် အမျိုးသမီး ဘလော့ဂါတွေလည်း အပိုခေါ်မလာပါနဲ့  နိုင်သလောက်ပဲ သယ်သွားပါလို့  တောင်းပန်ပါရစေ။

ဘလော့ဂါ မောင်နှမ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
း)
9.18.2009
စဉ်းစားကြစို့ 
ဘူတာရုံဘေးဘက်မှာတော့ ရထားလမ်းနဲ့ အပြိုင် ဈေးတန်းလေးက မနက်တိုင်း အရောင်းအဝယ် ဖြစ်လို့ နေတယ်။ တစ်မြို့ လုံးမှာလည်း အဲဒီဈေးလေးတစ်ခုပဲ ရှိတယ်။ ဘူတာရုံ တစ်ဘက်ခြမ်းမှာနေတဲ့ လူတွေကလည်း မနက်တိုင်း ရထားသံလမ်းကို ဖြတ်ကျော်ပြီး ဈေးကိုလာတာဟာ အဲဒီမြို့ ကလူတွေအဖို့  အထူးအဆန်းမဟုတ်တော့ပါဘူး။
အဲဒီ ဈေးတန်းလေးရဲ့ မြင်ကွင်းဟာ နေ့ စဉ်နေ့ တိုင်း သမရိုးကျ ပုံမှန်လည်ပတ်နေတာပေါ့။ အဲဒီအချိန်မှာ အသက် ကိုးဆယ်ကျော်လောက်ရှိမယ့် အဖိုးအို တစ်ဦးဟာ တုန်ချည့်တုန်ချည့်နဲ့  ရထားလမ်းကို ဖြတ်ကျော်ပြီး ဈေးကို လာနေပါတယ်။ အဲဒီအချိန်မှာ အစုန်အဆန်ရထားနှစ်စင်းဟာ မျက်နှာချင်းဆိုင် အနေအထားနဲ့  ဥသြဆွဲပြီး လာနေပါတယ်။
လူငယ်လူရွယ်တွေကတော့ ခပ်သွက်သွက် ရထားလမ်းကို ဖြတ်ကူးနေကြတယ်။ တစ်ချို့  ကလေးအမေတွေနဲ့  လူကြီးတစ်ချို့ က ရထားနှစ်စီး ဖြတ်မောင်းသွားပြီးတဲ့ အချိန်ထိ စောင့်ပြီးမှ သံလမ်းကို ဖြတ်ဖို့  စောင့်နေကြတယ်။ အဲဒီအချိန်မှာ အဖိုးအိုက တုန်ချည့်တုန်ချည့်နဲ့  ရထားသံလမ်းကို ဖြတ်ကူးဖို့  ကြိုးစားနေတယ်။ ဒီမြင်ကွင်းကို တွေ့ တော့ စိုးရိမ်တဲ့ လူတွေက ဝိုင်းအော်ကြတာပေါ့။
"အဘ... ရထား လာနေတယ် ခဏစောင့်လိုက်ဦး.."
တစ်ချို့ ကြတော့လည်း
"အာ....ဒီလူကြီး သေချင်လို့ လား မသိဘူး"
အဲလိုနဲ့  တစ်ယောက်တစ်ပေါက် ဝိုင်းပြီး အော်ကြတာပေါ့။ အဖိုးကြီးကတော့ မကြားတာလား၊ သိရဲ့သားနဲ့  ဖြတ်ကူးတာလား ဘယ်သူမှ မသိဘူးပေါ့။ လူတွေကလည်း အထိတ်တလန့် နဲ့ ပေါ့။ ရထားနှစ်စင်းကလည်း အရှိန်ပြင်းစွာနဲ့  ဖြတ်သွားပါလေရော။ လူတွေမြင်လိုက်တာ အဖိုးကြီးဟာ ရထားနှစ်စင်းကြားထဲမှာ ရိပ်ခနဲ တွေ့ လိုက်ရတယ်။
ရထားနှစ်စင်းလည်း ဖြတ်မောင်းပြီးသွားရော လူတွေအကုန်လုံး အဖိုးကြီး သွား ကြည့်တာ မရှိတော့ဘူးတဲ့
WHY?
ဘလော့ဖတ်သူအားလုံး ဒီပိတ်ရက်မှာ စဉ်းစားပြီး ဖြေနိုင်မယ်လို့  မျှော်လင့်ပါတယ်။ အဖြေတွေကို ကွန်မန့် မှာ ရေးပေးသွားပါခင်ဗျာ။
အဖြေမှန်တဲ့လူကို ဆုငွေ ချီးမြှင့်မှာပါ။ အဖြေမှန်ကို နောက်ပိုစ့်မှာ တင်ပေးပါမယ်။
း))
9.16.2009
တစ်ချိန်တုန်းက ချောင်းသာ (၃)
ကျွန်တော်တို့ လည်း မီးပုံပွဲ လုပ်မယ့် နေရာပြပြီး တာနဲ့  မီးပုံပွဲနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အကုန်နေရာချတော့တယ်။ ဘာတွေလည်းဆိုတော့ ဂစ်တာတို့  အဆောင်က ချပေးထားတဲ့ ကြိမ်ကုလားထိုင်တို့  နောက်တော့ ပုလင်းတွေလည်း ပါတာပေါ့ဗျာ။ တစ်ဘက်ခန်းက ဗကတို့  မိသားစုလည်း မနက်ပြန်မှာဆိုတော့ ညဦးပိုင်းထိ ကျွန်တော်တို့ နဲ့  အတူတူပေါ့၊ ညနက်လာတော့ သူတို့ လည်း မိသားစုလိုက် အခန်းပြန်သွားကြတယ်။
ကျွန်တော်တို့ လည်း သောက်လိုက်၊ ငါးကင်စားလိုက် ဂစ်တာတီးလိုက်နဲ့  တော်တော်ကို ညနက်လာတယ်။ ပျော်ဖို့ ကလည်း တော်တော်ကို ကောင်းတယ်။ စိတ်ထဲလည်း ဘာအနှောင်အဖွဲ့ မှ မရှိဘူးဆိုတော့ တော်တော်ကို မြူးနေကြတယ်။ တဖြည်းဖြည်းနဲ့  ည၁၂ နာရီကျော်လောက်လည်းရောက်ရော ကမ်းခြေမှာ ကျွန်တော်တို့  တစ်ဖွဲ့ ပဲ ကျန်တော့တယ်။ ဘယ်သူမှလည်း မအိပ်ချင်သေးဘူး။ သီချင်းတွေဆိုတာလည်း တစ်ချို့ သီချင်းဆို ၃ ခေါက် လေးခေါက် ထပ်ကုန်ပြီ။ မီးပုံက မီးတောက်လည်း တစ်ဖြည်းဖြည်း သေးလာတယ်။
ဒါကို တစ်ယောက်သော သူငယ်ချင်းက ဘာစိတ်ကူးပေါက်တယ်မသိဘူး ကျွန်တော်တို့ ထိုင်နေတဲ့ ကြိမ်ကုလားထိုင်တစ်လုံးကို မီးပုံထဲ ပစ်ထည့်လိုက်ရော။ နောက်မီးတောက်က တဖြည်းဖြည်းကြီးလာရော၊ ကြည့်ရတာ ပျော်ဖို့ ကောင်းလာရော။ အဲဒီမှာ နောက်တစ်ယောက်က နောက်ကုလားထိုင်တစ်လုံးကို မီးပုံထဲ ထည့်ဖို့  လုပ်ပါလေရော။ ကျွန်တော်တို့ လည်း အဲဒီ အချိန်ကျမှ သတိဝင်လာပြီး မနည်းတားယူရတယ်။ အားလုံးလည်း မူးနေကြတာကိုး။
နောက်တော့ အချိန်က တစ်ဖြည်းဖြည်း နှောင်းလာတော့ အိပ်ဖို့  အကုန်လုံးကို လိုက်ပြောရတော့တယ်၊ ဒီအချိန်မှာ ဘယ်သူမှ မအိပ်ချင်ကြဘဲနဲ့  မနက်ဖြန် ပြန်ကြရမယ်ဆိုတဲ့ အသိနဲ့  ဝမ်းနည်းသလို ဆွေးသလို ခံစားနေရတယ်။
နောက်တစ်နေ့  မနက်လည်းရောက်ရော ကျွန်တော်တို့ တွေ မနက်စာစား၊ ပြီးတော့ တစ်ဘက်ခန်းက မိသားစုကိုစောင့် ပြီးတာနဲ့  ကားနှစ်စီးဟာ ချောင်းသာကမ်းခြေကို နှုတ်ဆက်ပြီးတော့ ပုသိမ်မြို့ ကို ဦးတည်းလာပါတော့တယ်။ အဲဒီမိသားစုကို စောင့်ရတာလည်း ပုသိမ်ရောက်ရင် ကားဆီထည့်ဖို့ အတွက်ဖြစ်တယ်၊ ကျွန်တော်တို့ ကလည်း ပုသိမ်မြို့ ထဲမှာ ဘယ်မှာဆီဆိုင်ရှိလည်း သိမှမသိတာ။
ပုသိမ်မြို့ ထဲလည်းရောက်ရော ပုသိမ်ဈေးကြီးနားက လမ်းထဲမှာ ဆီဝယ်လို့ ရတယ်၊ ဒါပေမယ့် အဲဒါကိုခေါ်တာ ချက်ဆီလားမသိဘူး။ မမှတ်မိတော့ပါ။ ပြီးတော့ ဗိုလ်ကြီးတို့ မိသားစုကို နှုတ်ဆက် ကျွန်တော်တို့ လည်း ပုသိမ်မြို့ ထဲ သင်္ကြန်လည်းဦးမယ်ဆိုပြီး ထွက်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ပုသိမ်သင်္ကြန် စည်တဲ့နေရာဆိုလို့  ကမ်းနားလမ်း တစ်လျှောက်ပဲရှိတာ ရန်ကုန်က အတိုင်း မဏ္ဍပ်တွေ ထိုးတာတယ်။ ဒါပေမယ့် မြစ်ကို ကျောခိုင်းထားပြီး မြစ်ဘက်တစ်ခြမ်းပဲ တောက်လျှောက် မဏ္ဍပ်ထိုးထားတယ်။
သူ့ ဒေသနဲ့ သူတော့ အတော့်ကို ပျော်စရာကောင်းပါတယ်၊ အဲဒီလမ်းတစ်လျှောက် ရေပက်ခံတဲ့ လူတွေက အုပ်စုလိုက် အုပ်စုလိုက် ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်ကြတယ်။ မဏ္ဍပ်ပေါ်က ရေပိုက်တွေနဲ့  အောက်ကလူတွေကို ရေပက်ကြတယ်။ ကျွန်တော်တို့  ကားလည်း အဲဒီထဲလည်း ရောက်သွားရော တော်တော်နဲ့ ထွက်လို့ မရတော့ဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ မဏ္ဍပ်တစ်ခုကို ဝင်မိရင် တော်တော်နဲ့ ကားကို ပေးမထွက်တာ။ စိတ်ကြိုက်ကို ပက်တာ။ ရန်ကုန်က မဏ္ဍပ်တွေလို အတင်းမောင်းမထုတ်ဘူး ...း)
ကျွန်တော်တို့ လည်း မဏ္ဍပ်တစ်ခု နှစ်ခု ကျော်လာရော တစ်ဖြည်းဖြည်း လန့် လာတယ်။ လူတွေလည်း ကြွက်စုတ်လို ဖြစ်နေပြီ။ ဒီကြာထဲ ရေကလည်း မြစ်ရေတွေဆိုတော့ နဲနဲငန်တယ်။ ဘယ်လိုမှ ထွက်လို့ မရတော့ နောက်ဆုံးတော့ မထူးတော့ဘူးဆိုပြီး မဏ္ဍပ်တွေဆုံးတဲ့ထိ တဖြည်းဖြည်း လှိမ့်လာခဲ့ရတော့တယ်။ အဲဒီ ပုသိမ် သင်္ကြန်ရဲ့ အကျိုးဆက်က ကျွန်တော်တို့ ကားရဲ့ ဟွန်းက ပုသိမ်မြို့ ပြင်လည်းရောက်ရော အသံမထွက်တော့ဘူး။
ကျွန်တော်တို့ မှာပြင်ဖို့  အချိန်လည်း မရတော့ဘူး၊ ရန်ကုန်ကို ညနေ အမှီ ပြန်ရောက်မှ နောက်နေ့  သင်္ကြန်အတက်နေ့ ကို ရန်ကုန်မှာ ပျော်ရမှာ။ ဒါနဲ့ ပဲ အားလုံးတိုင်ပင်ပြီး ကားကျော်တက်ချင်ပြီဆို တစ်ယောက် တစ်လှည့် ဝီစီထွက်မှုတ်ပေးရတယ်။ ပုံစံကတော့ ရန်ကုန်က စပယ်ယာတွေ ပုံစံပေါ့။ အဲဒီပုံစံအတိုင်း ရန်ကုန်ရောက်တဲ့အထိ ပြန်လာခဲ့ရတယ်။ အပြန်လမ်းမှာ စိတ်ချမ်းသာစရာကတော့ ဘယ်ဇတ်ဆိပ်မှာမှ မစောင့်ရတာပါ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘယ်သူမှ အဲဒီအချိန် မပြန်ကြလို့ ပဲ။
အဲလိုနဲ့ ပဲရန်ကုန်ပြန်ရောက်လာတယ်ဆိုပါစို့ ။ ချောင်းသာဇတ်လမ်းက ဒီလောက်ပါပဲ ဒါပေမယ့် နောက်ဆက်တွဲလေးကို အမှတ်တရ အနေနဲ့  တဆက်တည်း ပြောပြချင်ပါသေးတယ်။
ဒီလိုနဲ့  ရန်ကုန်ထဲ ရောက်တယ်ဆိုတာနဲ့  အားလုံးတိုင်ပင်ပြီး အိမ်မပြန်ကြဘူး။ တကယ်လို့  အိမ်ပြန်ရောက်ရင် နောက်နေ့  ပြန်ထွက်လို့  မရမှာရယ် အထူးသဖြင့် ကားပိုင်ရှင်သူငယ်ချင်းက ဘယ်လိုမှ ပြန်လို့ မရလို့ ။ သူ့ ကားနောက်ဖုံးဆိုရင် ဆေးတစက်မှ မရှိတော့ဘူး။ ဒါနဲ့ ပဲ တစ်ယောက်သော သူငယ်ချင်းအိမ်ကို တန်းမောင်းပြီး အဲဒီမှာ နားကြတယ်။ အဲဒီညမှာပဲ တစ်ယောက်က အကြံပြုတယ်။ မနက်ဖြန် လည်ဖို့ အတွက် အခုည အဲဒီ ပတ်ပလေကား အမိုး ဖြုတ်ဖို့ ပဲ။
ကျွန်တော် ပြောပြီးပါကောလား။ ကျွန်တော်တို့  သူငယ်ချင်းအုပ်စုဟာ တစ်ယောက် အဆိုပြုရင် ကျန်တဲ့လူက ထောက်ခံပြီးသားဆိုတာ။ ဒီလိုနဲ့ ပဲ တက်ညီလက်ညီ ညတွင်းချင်း ပတ်ပလေကာအမိုးကို ဖြုတ်လိုက်နိုင်ပါတယ်။ နောက်တစ်နေ့ ကြ သင်္ကြန်နောက်ဆုံးနေ့  ထုံးစံအတိုင်း ထူးမခြားနားစွာနဲ့ ပဲ သင်္ကြန်ကို နှုတ်ဆက်လိုက်ပါတယ်။
ထူးခြားတာကတော့ အတက်နေ့ ညဘက်ရောက်တော့ ပတ်ပလေကာ ကားအမိုးကို ဘယ်လိုမှ ပြန်မတပ်တက် တော့တာပဲ။ လူတွေလည်း အကြံအိုက်ကုန်ပြီ။ ကားပိုင်ရှင်သူငယ်ချင်းဆို မျက်နှာက ဇီးရွက်လောက်ပဲ ကျန်တော့တယ်။ နောက်ဆုံး အားလုံး သဘောတူညီချက်နဲ့  ကားဝပ်ရှော့ကို ပို့ လိုက်တော့တယ်။ အမိုးပြန်တပ်ဖို့ ရယ် နောက်ဖုံးကို ဆေးပြန်မှုတ်ဖို့ ရယ်။ အားလုံးမျှခံပေါ့။
အကျိုးအမြတ်ကတော့ ကားပိုင်ရှင်သူငယ်ချင်းလည်း ဝပ်ရှော့က ပြီးတော့မှ အိမ်ပေါ်ကို ပြန်တက်ရဲတော့တယ်။ ကျွန်တော်တို့ လည်း အိမ်တွေကနေ ပိုက်ဆံထပ်တောင်းရလို့  မိဘတွေရဲ့  ငြိုငြင်ခြင်းကို ခံလိုက်ရတယ်။ ဒါတွေဟာ ငယ်ဘဝ အမှတ်ရစရာလေးတွေပါပဲ။ အခုလိုအချိန်မှာ ဒီလို အပျော်မျိုးကို ငွေနဲ့ ဝယ်လို့ လည်း မရပါဘူး။ အားလုံးသော သူငယ်ချင်းတွေဟာလည်း တကွဲတပြားနဲ့  ဘယ်အချိန် ဘယ်လို ပြန်ဆုံကြမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။
သူငယ်ချင်းများ အားလုံးဟာ ရည်မှန်းထားတဲ့  ပန်းတိုင်တွေစီသို့  ရွက်လွှင့်လျှက်ပေါ့..................။
9.10.2009
တစ်ချိန်တုန်းက ချောင်းသာ (၂)
ဒီအချိန်မှာ ကျွန်တော်တို့ အုပ်စု ကံကောင်းချင်တော့ ဇာတ်ဆိပ်နားက ထမင်းဆိုင်တွေထဲ ဆိုင်တစ်ဆိုင်က အသက် ၃၀လောက် ရှိတဲ့လူတစ်ယောက် လာခေါ်ပါတယ်။ သူတို့ ဆိုင်မှာလာအိပ်ဖို့ နဲ့  အိပ်တဲ့အတွက် ပိုက်ဆံမယူဘူး ဆိုတဲ့အကြောင်း လာပြောပါတယ်။ ဒါနဲ့ ပဲ ဆိုင်ရှေ့ မှာ ကားထိုးပြီး ညနေစာကို အဲဒီဆိုင်မှာပဲ အားပေးလိုက်ကြတယ်။
ညရောက်တော့ ကျွန်တော်တို့ လည်း ချောင်းသာမှာ ကဲဖို့ ရည်ရွယ်ပြီးဝယ်လာတဲ့ ဂျော်နီဝါကားပုလင်းကို ဆိုင်မှာပဲ ဖွင့်လိုက်ကြတယ်။ ဆိုင်ရှင်အကိုကြီးကိုလည်း ဖိတ်ခေါ်လိုက်တယ်။ ချက်ချင်းပဲ အဲဒီအကိုကြီးနဲ့  ကျွန်တော်တို့ တွေ ညီအကိုလို ဖြစ်သွားကြတယ်။ (ဂျော်နီလမ်းလျှောက်ရဲ့ စွမ်းအားပေါ့) ပြီးတော့ သူ့ ဆိုင်မှာ ဒီညအဖို့  စိတ်ကြိုက်နေနိုင်ကြောင်း သဘောတွေ ကောင်းပြန်ရော။
ကျွန်တော်တို့ လည်း အဲဒီညကို အချိန်ကုန်မြန်အောင် အပျင်းပြေ ဖဲရိုက်ကြမယ်ဆိုပြီးတော့ အပျော်ကြေး ကစားကြတာပေါ့၊ ဆိုင်ရှင်ကလည်း ကစားခွင့်ပြုတယ် ဘာပြဿနာမှ မရှိဘူးတဲ့။ ဒါနဲ့ ကျွန်တော်တို့ ကစားနေတုန်း အဲဒီဒေသက လူတစ်ယောက်ကလည်း ဘေးမှာလာထိုင်ကြည့်နေတယ်။ နောက်သူက ကြာထိုးပါရစေဆိုပြီးပြောလာရော။
ကျွန်တော်တို့ ကလည်း သူ့ ကို မဆော့ဖို့ ပြောရတာပေါ့၊ အခုဟာ အချင်းချင်း အပျော်ကစားနေတာဖြစ်ကြောင်း နှင့် ကျွန်တော်တို့ ဟာဧည့်သည်တွေဖြစ်ကြောင်း ရှင်းပြရတယ်။ ဒါလည်း သူကလက်မခံပဲ ဆော့ဖို့ သာ တွင်တွင်ပြောနေတော့တယ်။ အဲဒီအချိန်မှာ ဆိုင်ရှင်ဟာ ဘာမပြော ညာမပြောနဲ့  အဒြီလူကို ပိတ်ထိုးတော့တာပဲ၊ နောက် ဆိုင်ထဲက ဓါးရှည်ကြီးထုတ်ပြီး လိုက်တော့တာ ပြေးပါလေရော။ ကျွန်တော်တို့ မှာ သူကို လိုက်ဆွဲရတာနဲ့  အပျော်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာပဲ။ နောက်မှသိရတာ အဲဒီဆိုင်ရှင်က အဲဒီ ဇတ်ဆိပ်က မိုက်ကယ် ဆိုတာပါပဲ။
ကျွန်တော်တို့ လည်း ကြောက်ကြောက်နဲ့  အိပ်သွားကြပြီး နောက်တစ်နေ့  မနက်ရောက်တော့ အဲဒီမိုက်ကယ် ကောင်းမှုနဲ့ ကျွန်တော်တို့ ကားဟာ ပထမဦးဆုံး ဇတ်ပေါ်တက်ခွင့်ရပါတယ်။ နာရီဝက်လောက် ဇတ်နဲ့ ကူးပြီးတော့ ဟိုဘက်ကမ်းကို ရောက်ပါတော့တယ်။ ပြီးတာနဲ့  ကျွန်တော်တို့ ကားလေးဟာ ချောင်းသာကို ဦးတည်းပြီး မောင်းတော့တာပဲ။ အဲဒီလမ်းတစ်လျှောက်ကတော့ ရခိုင်ရိုးမကြောင့်လား ပင်လယ်နဲ့  နီးလို့ လား မသိဘူး စိမ်းစိမ်းစိုစိုနဲ့  သာသာယာယာ ရှိပါတယ်။
ကျွန်တော်တို့  ကားလေးဟာ ချောင်းသာနဲ့ နီးလာတာနဲ့ အမျှ ပင်လယ်ရဲ့ အငွေ့ အသက်တွေကို စတင်ရှူရှိုက်လာရပါတော့တယ်။ အဲဒီမှာ ကျွန်တော် ဘဝမှာ ပထမဦးဆုံး မြင်ဘူးပြီး အကြိုက်ဆုံး ရှူခင်းကတော့ ချောင်းသာနားနီးလာတော့ ဖြတ်ခဲ့ရတဲ့ တံတားတစ်စင်းပေါ်က ရှူခင်းပါပဲ။ တံတားရဲ့ နာမည်က ဥတို တံတားပါ။ လှတာကတော့ တော်တော်လှတာ၊ တံတားအောက်က ရေတွေက အပြာရောင် ရယ် ကမ်းစပ်က အပင်တွေက တစ်ဝက်လောက်က ရေထဲမှာ။ အဲဒါကို ခေါ်တာ ဒီရေတော ဆိုလားပဲ၊ ကျွန်တော်တော့ သေချာမသိပါ။ လူကို ဆွံ့ အသွားစေတဲ့ မြင်ကွင်းပါပဲ။
အဲဒီတုန်းက စစ်တပ်တစ်တပ်က တံတားလုံခြုံရေး ယူထားပြီး ကားရပ်ခွင့် မပေးပါဘူး။ ဒါနဲ့ ပဲ ဓါတ်ပုံ မရိုက်ခဲ့ ရပါဘူး။ ထမင်းစားချိန်လောက်ရောက်တော့ ချောင်းသာကို ရောက်ပါတော့တယ်။ အဲဒီ အချိန်တုန်းက ချောင်းသာမှာ ဟိုတယ်ခရီးကဖွင့်တဲ့ ချောင်းသာဟိုတယ် တစ်ခုပဲ ရှိပါသေးတယ်။ ကျန်တဲ့ ဟိုတယ်တွေက ဆောက်နေတုန်း တန်းလန်းပေါ့။ ဒါနဲ့ ပဲ ဟိုတယ်စုံစမ်းတော့ ဘွတ်ကင်တွေ ပြည့်နေပါတယ်။ ဒါနဲ့  ရွာထဲမှာ တည်းလို့ ရတယ်လို့  ပြောလာပါရော။ ဒါနဲ့  ရွာထဲကို သွားကြည့်တော့ အိမ်တွေက တည်းခိုခန်း လုပ်ထားတာ။
ကျွန်တော်တို့ လည်း စိတ်ပျက်ပြီး ထမင်းအရင်စားမယ်ဆိုပြီး ရွာထဲကဆိုင်မှာ ဗိုက်ဖြည့်ကြရော။ အစားအသောက်တွေကတော့ ဈေးတော်တော်ကြီးတာတွေ့ ရတယ်။ ပင်လယ်စာအစုံ ချက်ထားတာတော့ အတော် ကောင်းတယ်။ ဒါနဲ့ စားပြီးတော့ တည်းဖို့  စုံစမ်းရရော။ ရွာထဲလည်း မတည်းချင်ဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ ရွာနဲ့  ကမ်းခြေက တော်တော်ကို ဝေးတာ။ ထမင်းဆိုင်ရှင် ဆက်သွယ်ပေးမှုကြောင့် ချောင်းသာဟိုတယ်နဲ့  မလှမ်းမကမ်း အခု Golden Triangle ဟိုတယ် နေရာမှာ နှစ်ခန်းတွဲ အဆောင်တစ်ဆောင်ရရော။ Golden Triangle ဟိုတယ်က ဆိုင်းဘုတ် တပ်ထားပြီး မြေနေရာ ယူထားတာ၊ မဆောက်ရသေးဘူး။
အဆောင်ကို တော့ တစ်ခန်းဖွင့်ပေးတယ်၊ တစ်ခန်းက လူတွေက မနက်ဖြန်ရောက်မယ်ဆိုလို့  ပိတ်ထားတယ်။ ဒါနဲ့ ပဲ အထုပ်တွေ အဆောင်ထဲ ရွေ့  ပြီးတာနဲ့  အကုန်လုံး ရေထဲဆင်းပြီး သောင်းကျန်းကြပါလေရော။ အချိန်က နေ့ လည် နှစ်နာရီလောက် ကမ်းခြေမှာ ကျွန်တော်တို့  တစ်ဖွဲ့ ပဲ ရှိတယ်။ ချောင်းသာကမ်းခြေဟာ တော်တော်ကို လှတာ၊ အကျယ်ကြီးနဲ့  သဲတွေက အစ ဖြုဖွေးနေတာပဲ။ ကျွန်တော်တို့  အဆောင်နဲ့  မျက်စောင်းထိုးလောက်ကမ်းခြေမှာ စေတီတစ်ဆူရှိတယ်။ နာမည်တော့ မမှတ်မိတော့ပါ။
နေ့ လည်ကနေ ညနေ စောင်းထိ ကျွန်တော်တို့  တစ်အုပ်လုံး ကမ်းခြေမှာ သောင်းကျန်းနေကြတာ ဦးသြဘာကြီး ခေါ်မှပဲ ထမင်းစားဖို့  သတိရကြတယ်။ ဒါနဲ့ ပဲ ရွာထဲသွား မနက်ကစားခဲ့တဲ့ဆိုင်မှာပဲ ညနေစာ စားကြတယ်။ ပြီးတာနဲ့  ရွာထဲ လမ်းလျှောက် ဟိုသွားဒီသွား၊ နောက် တည်းတဲ့အဆောင်ကို ပြန်လာတော့တယ်။ ညရောက်တော့ ကမ်းစပ်သွား ဂစ်တာတီး သီချင်းဆိုနဲ့  တစ်ည ကုန်လွန်သွားခဲ့ပါတယ်။
နောက်နေ့ ကျတော့ မနက်စာစားပြီးတာနဲ့  ကမ်းစပ်းဆင်းပြီး အုပ်လိုက်အမျိုးမျိုးသောင်းကျန်းကြပါတယ်၊ သင်္ကြန်တွင်းလည်း သင်္ကြန်တွင်းကိုး။ နောက်တော့ ရွာထဲသွား ထမင်းစားကြပါတယ်။ မွန်းလွဲပိုင်းရောက်တော့ အဆောင်ပြန်နားကြတာပေါ့၊ အဲဒီမှာ တစ်ဖက်ခန်းက မိသားစုတစ်စု စူပါရှုဖ် ကားလေးဖြင့် ရောက်လာပါတော့တယ်။ လင်မယားနှစ်ယောက်ရယ် သူတို့ ကလေးနှစ်ယောက်ရယ်ပေါ့။ ကျွန်တော်တို့ လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် စပ်ဖြဲဖြဲနဲ့ ပေါ့။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ထင်ထားတာ ရွယ်တူကောင်မလေးတွေ ပါမယ် ထင်တာ၊ အဲဒီကြရင် ဘယ်လို ကြောင်ကြမယ်ပေါ့ စိတ်ကူးနဲ့  အုပ်စုလိုက် တိုင်ပင်ထားကြတာ။
ဒီလိုနဲ့ ပဲ ညနေကြ ရေကူး ရွာထဲသွား ထမင်းစား၊ ညဘက် ဂစ်တာတီးနဲ့  နောက်တစ်ည ကုန်သွားပြန်ရော။ နောက်တစ်နေ့  မနက်ရောက်တော့ တစ်ဖက်ခန်းက ယောင်္ကျားဖြစ်သူ အကိုကြီးက လာမိတ်ဆက်ရော၊ သူက ပုသိမ်တပ်မှ ဗိုလ်ကြီးဖြစ်ကြောင်း အခု ခွင့်ခဏရ၍ မိသားစု လာလည်တာဖြစ်ကြောင်း၊ နေ့ လည်စာ စားပြီးရင် ဖိုးကုလားကျွန်းကို သွားမှာဖြစ်ကြောင်း လိုက်လိုက ကျွန်တော်တို့ အဖွဲ့ လိုက်ခဲ့စေချင်းကြောင်း ပြောပါတယ်။ တကယ်တမ်း သူတို့ မိသားစုကြီးပဲဆိုတော့ ပျင်းစရာ ကောင်းနေလို့  ခေါ်ခြင်းဖြစ်ပါတယ်။
ကျွန်တော်နှင့် နောက်တစ်ယောက်ကတော့ မလိုက်ပဲ ကျန်တဲ့ ငါးယောက်က လိုက်သွားပါတယ်။ ဘာကြောင့် မလိုက်လဲဆိုတော့ ကျွန်တော်က ရေမကူးတက်လို့း)။ (စက်လှေနဲ့ သွားရမှာကို) တကယ်တော့ ဖိုးကုလား ကျွန်းဆိုတာ ချောင်းသာကမ်းခြေကနေ စက်လှေစီးရင် ၄၅ မိနစ်လောက်စီးရတယ်၊ ပိုပြီးတော့ လှတယ်၊ ပင်လယ်ထဲ ပို ရောက်တယ်လို့  ပြန်လာတဲ့သူတွေ ပြောမှ သိရပါတယ်။
ပြောဖို့ မေ့နေတာ ကျွန်တော်တို့  အဆောင်ရှေ့ အပင်ခွကြားမှာ လင့်စင်ထိုးထားတယ်။ သိပ်တော့ မမြင့်ဘူး။ နေ့ခင်းဖက်ဆို လေတဖြူးဖြူးနဲ့  အိပ်လို့  တအားကောင်းတာ။ အဲဒီမှာနှပ်ချင်တာလည်းပါတယ်။ ညနေလည်းရောက်ရော ဖိုးကုလားကျွန်းသွားတဲ့ အုပ်စု ပြန်ရောက်လာကြတယ်။ နောက် ညကြရင် လုပ်မယ့် မီးပုံပွဲအတွက်လည်း စီစဉ်ရသေးတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ ရန်ကုန်သင်္ကြန်ကို လွမ်းပြီး အတက်နေ့ တစ်ရက်ကို ရန်ကုန်မှာ ကဲချင်လို့  အစီအစဉ်ပြောင်းလိုက်တာ။ ပြန်ရမယ်လည်းဆိုတော့ ချောင်းသာကမ်းခြေကို လွမ်းသလိုလို ဆွေးသလိုလို ဖြစ်နေပါရော။
(ဆက်ပါဦးမည်)
9.07.2009
တစ်ချိန်တုန်းက ချောင်းသာ
မနေ့ က ရွာက သူငယ်ချင်းတစ်ယောက်နဲ့  ဖုန်းပြောဖြစ်တော့ သူငယ်ချင်းတော်တော်များများ ကလေးအဖေ ရာထူးတွေ ရကုန်ပြီဆိုတာ သိခဲ့ရတယ်။ ကိုယ့်မှာတော့ အခုထိ Lonely [ ကြုံတုန်း ကြော်ငြာဝင်တာပါ....း)]
ဒါနဲ့ ပဲ သူနဲ့  တော်တော်ကြာ ဖုန်းပြောလိုက်ပြီးတော့ ငယ်ငယ်က အကြောင်းတွေ ခေါင်းထဲ တန်းစီပြီး ဝင်လာရော၊ ဆယ်တန်းဖြေပြီးတော့ သူငယ်ချင်းတွေ အကုန် စုပြီး ချောင်းသာသွားတာကို ပြန်ပြီးသတိရမိတယ်။
၁၉၉၃ လောက်ကပေါ့ ဆယ်တန်းစာမေးပွဲကို ကျွန်တော်တို့  သူငယ်ချင်းတွေအားလုံး ဖြေပြီးတဲ့ အချိန်မှာ ကျွန်တော်တို့  အားလုံးဟာ လယ်ယာပြန်စား ရေး ဖြစ်ကုန်ရော၊ တက္ကသိုလ်တက်ဖို့ ဆိုတာ စောင့်ဦးဟဲ့ နှစ်နှစ်။ ဒါနဲ့ ဘဲ တစ်ယောက်သောသူက အကြံပြုလာတယ်၊ သင်္ကြန်ရောက်ရင် တစ်နေရာရာ ခရီးထွက်ဖို့  အကြောင်း အဆိုပြုလာတယ်။
ဒါနဲ့ ပဲ အားလုံးစုံညီ ဆုံးဖြတ်လိုက်တာ ချောင်းသာ ကမ်းခြေကိုရွေးလိုက်ကြတယ်။ သူငယ်ချင်းခုနှစ်ယောက်ကလည်း ညီသလားမမေးနဲ့ ၊ တစ်ယောက် အဆိုပြုရင် ကျန်ခြောက်ယောက် ထောက်ခံပြီးသား ကန့် ကွက်မဲမရှိ။ ချောင်းသာလို့  အဆိုပြုရတာလည်း ဒီကမ်းခြေကို ကျွန်တော်တို့ ဘဘကြီးတွေက စပြီး မြန်မာ့အသံမှာ ပြနေတာ တော်တော်ကို သာသာယာယာ ရှိနေလို့ လည်းပါတယ်။ (ဘတ် လမ်းခရီး အကြောင်းတော့ မပြပါ)
ဒါနဲ့ ပဲ အားလုံးစုပြီး တိုင်ပင်ကြတော့ သူငယ်ချင်းတစ်ယောက်က သူအိမ်ကနေ ပတ်ပလေကာတစ်စီးရယ်၊ ကားမောင်းဖို့  ဦးသြဘာဆိုတဲ့ လူပျိုကြီးတစ်ယောက်ထည့်ပေးလိုက်တယ်။ ဒါနဲ့ ပဲ သင်္ကြန်မကျခင် နှစ်ရက်အလို စထွက်ဖို့  စီစဉ်လိုက်တယ်။ ခရီးစဉ်အတွက် လိုအပ်တာတွေ စီစဉ်ပြီး ခရီးထွက်မယ့်နေ့ ကို စောင့်ရတာ စိတ်ကူးနဲ့ တင် တော်တော် ပျော်ဖို့  ကောင်းနေတယ်။
ဒီလိုနဲ့ သတ်မှတ်ထားတဲ့ နေ့ ရောက်ရော မနက်ကိုးနာရီ လောက်စုရပ်ကနေ စထွက်လာခဲ့တယ်။ ပထမဦးဆုံး လှိုင်သာယာဇတ်ဆိပ်ကို ၁၀နာရီလောက် ရောက်ရော၊ ကျွန်တော်တို့  ဘဝမှာ အုပ်ထိန်းသူမပါပဲ ရန်ကုန်ပြင်ပကို ခရီးထွက်တာ ဒါပထမဦးဆုံးအကြိမ်ပေါ့။ ဇတ်ဆိပ်ရောက်တော့ ထုံးစံအတိုင်း စောင့်ရရော၊ အဲဒီအချိန်က လှိုင်သာယာတံတားလည်း မထိုးရသေးဘူး။
၁၀နာရီခွဲလောက် အလှည့်ရောက်တော့ လှိုင်သာယာဘက်ကို ဇတ်နဲ့ ကူးပါတော့တယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဇတ်စီးဖူးခြင်းပါ။ မိနစ်၂၀လောက်ကြာတော့ လှိုင်သာယာဘက်ခြမ်းကို ရောက်ရော ကျွန်တော်တို့ ကားလေးဟာ ရန်ကုန် ညောင်တုန်း လမ်းပေါ်ကနေ ညောင်တုန်း ဘက်ကို ဦးတည်ပြီး မောင်းတော့တာပါပဲ။
ဒီလိုနဲ့  မွန်းလွဲ ၁၂ နာရီခွဲ လောက် ညောင်တုန်း စကော့ဇတ်ဆိပ်ကို ရောက်တော့မှ ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ ဆောင်ပုဒ်မှန်ကန်ကြောင်းကို လက်တွေ့  သိခဲ့ရတယ်။ ဇတ်ကူးမယ့် ကားတွေ တန်းစီထားတာ မျက်စိတစ်ဆုံး ကိုယ်တွေကလည်း နိုင်ငံကြီးသားပီသစွာ ကျူတန်းကြီးထဲ ဝင်စီရော၊ တော်တော်နဲ့  မရွေ့ တစ်ခါတစ်ရံ ကိုယ်နောက်က ကားတွေက ဇတ်ပေါ်ရောက် ကိုယ်ကားက ဒီနေရာကဒီနေရာပဲ။ ကိုယ်တွေကလည်း ချာတိတ်တွေဆိုတော့ ဒါမျိုး နားမလည်၊ ညနေ ၃ နာရီလောက်ကျမှပဲ ကျွန်တော်တို့ အလှည့် ရောက်လာတယ်။
ဒါတောင်မှ ကျွန်တော်တို့  သွားပြီး ပူညံပူညံ လုပ်လွန်းလို့ နဲ့ တူတယ်၊ သူတို့ ကတော့ ထင်မှာပဲ ဒီချာတိတ်တွေ အရိပ်သုံးပါး နားမလည်ဘူးလို့ ...း) ။ မလုပ်လို့ လည်း မရဘူးလေ၊ ပုသိမ်ရောက်ရင် နောက်ဇတ်တစ်ခု ကူးဖို့  ကျန်သေးတယ်။ အဲဒီဇတ်က ညနေ ၆ နာရီဆို ပိတ်ပြီတဲ့။ ဒါနဲ့  ၃ နာရီ ၄၅ မိနစ်မှာ စကော့ ဘက်ခြမ်းရောက်တယ်။
ကျွန်တော်တို့  ကားလေးဟာ စကော့ ပုသိမ် လမ်းပေါ်မှာ ဟိုက်စပိနဲ့ ပုသိမ်ကို အမှီရောက်ဖို့  မောင်းရတော့တယ်။ အဲဒီလမ်းဟာ ကြာနီကန်ဆရာတော်ဘုရားဟောသလို ပြောရရင် ကျောက်ခဲ စားသွားရင် အစာကြေမယ့်လမ်း ခင်ဗျ။ လမ်းလို့ သာပြောတာ ကျောက်ခဲတွေပဲ ခင်းထားပြီး ကတ္တရာကို မရှိတယ့်လမ်း၊
ကျွန်တော်တို့ ကားဟာ ပတ်ပလေကာ ဖြစ်တာကြောင့် နောက်ခန်းကို ခဲစတွေ လာစင်တယ်၊ ဒါနဲ့  ရွှေဥာဏ်တော် စူးရှပြီး နောက်တံခါးကို လှန်ချထာလိုက်တော့ ခဲစင်နဲနဲ သက်သာသွာပါတော့တယ်၊ ဒါပေမယ့် ပုသိမ်ရောက်လို့ ပြန်ကြည့်လိုက်တယ့် အခါမှာတော့ ပတ်ပလေကာနောက်ဖုံးမှာ ဆေးရောင်လုံးဝ မရှိတော့ပါဘူး။ (ပြန်ရောက်တော့ ကားပိုင်ရှင် သူငယ်ချင်းလည်း အိမ်ကနေ ၃ရက်လောက် ဆင်းလိုက်ရတယ်)
ညနေ ၅ နာရီ ၄၅ လောက်မှာ ပုသိမ်မြို့ထဲကို ရောက်တော့တယ်၊ ဒါနဲ့ ပဲ တစ်ဘက်ကမ်း ကူးဖို့  ဇတ်ဆိပ် လိုက်ရှာကြတာ ပုသိမ်မြို့ ထဲမှာတင် လည်နေတော့တယ်။ ကျွန်တော်တို့ ရဲ့ လမ်းသူရဲဆန်တယ့် အပြုအမှုတွေ ကြောင့်လားမသိဘူး လမ်းညွှန်တဲ့ လူက ပို့ မယ့်ပို့  ကူတို့ ကို မပို့ ဘူး။ အဲဒီလိုနဲ့  ညနေ ၆နာရီ ၁၅ မိနစ်လောက်မှ ဇတ်ဆိပ်ကို ရောက်ပါတော့တယ်။ နောက်ကျ သွားပြီပေါ့။
ဇတ်ကိုတော့ ရေလည်မှာ မြင်သာမြင်နေရတယ်။ ကမ်းကနေ တရွေ့ ရွေ့ ခွါနေလျှက်ပေါ့......၊
(ဆက်ပါဦးမည်)
9.01.2009
ကျွန်တော်ရဲ့ နံရိုး
ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတိတ်တွေ ကို ပြန်ကြည့်ရရင် အဆိုးအကောင်း၊ အချစ် အမုန်း၊ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း၊ အောင်မြင်ခြင်း ရှုံးနှိမ့်ခြင်း တို့ ဟာ ဒွန်တွဲနေကြတယ်။ ဒါတွေဟာ လောကဓံတွေလား......
ဒီခရီးရှည်ကြီးထဲမှာ ဖြတ်သန်းနေရင်းနဲ့  ကိုယ့်ရဲ့ နံရိုးတစ်ချောင်းကိုလည်း မျှော်လင်းစွာနဲ့ ပဲ ရှာဖွေမိပြန်တယ်။
ဒါပေမယ့် ကိုယ့်ရဲ့ နံရိုးမဟုတ်တဲ့အတွက် ခေတ္တခဏသာ ပိုင်ဆိုင်လိုက်ရပြီးတော့ နိဋ္ဌိတံ ခဲ့ရပေါ့......။
ဒီလိုနဲ့ ပဲ တစ်ရက်မှာတော့ သူငယ်ချင်းတစ်ယောက်နှင့် ပတ်သတ်ပြီးတော့ သူမကို သိကျွမ်းခဲ့ရတယ်။ သူမပုံစံကတော့ သာမာန်ထက် ပိုပြီး ဘာမှ ထူးခြားမှုမရှိဘူး။ သူလိုကိုယ်လိုပဲ။ ဒါပေမယ့် ရင်းနှီးမှုရဲ့ နောက်ပိုင်း သူမနဲ့  စကားပြောကြည့်တဲ့ အခါမှာတော့ ရှားရှားပါးပါး ကိုယ့်ရဲ့ နံရိုးပဲ ဆိုတာ သိလိုက်ရတယ်။
သူမရဲ့ ဘဝအပေါ်မှာထားတဲ့ ခံယူချက်နှင့် ကြိုးစားမှု၊ လူတွေရဲ့ အပေါ်မှာထားတဲ့ စိတ်နေစိတ်ထား စတဲ့ အရာအားလုံးဟာ ကိုယ့်ကို အံ့အားသင့်စေတယ်။ သူမဟာ ကိုယ့်ထက် သုံးနှစ်ငယ်ပေမယ့် ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝထဲကနေ ကိုယ်သတိမထားခဲ့မိတာ၊ လှစ်လျှူ ရှုခဲ့တာတွေကို ထောက်ပြ နိုင်ခဲ့တဲ့အတွက် ကိုယ်ရဲ့ အခါလွန် နောင်တတွေနဲ့  အတူ ကိုယ့်ရဲ့ လမ်းကြောင်းကို ပြန်တည့်နိုင်ခဲ့တယ်။
ဒီလိုနဲ့  ၁၄ ရက် ၁၁ လပိုင်း ၂၀၀၇ ခုနှစ်မှာ သူမဆီက ကိုယ့်ရဲ့ ပရိုပိုစ့်ကို လက်ခံကြောင်း သိလိုက်ရတဲ့နေ့ ဟာ ကိုယ်ဟာ အနာဂတ်ကို ဆက်လျှောက်ဖို့  အားသစ်တွေ မွေးဖွားခဲ့တယ်။ အဲဒီ အားအင်တွေနဲ့ အတူ အခုအချိန်ထိ သူမဟာ ကိုယ့်အနားကနေ မငြီးမငြူ လက်တွဲလာခဲ့တာ၊ ထိန်းကျောင်းလာခဲ့တာတွေဟာ အရမ်းကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
"ကဗျာဆန်ဆန် သူရုပ်က မလှပပေမယ့်.....
အိုဇာတာကောင်းဖို့ အတွက် ရွေးလိုက်ပါ့မယ်....."
ဒီသီချင်း စာသားလေးအတိုင်း ခံစားချက်နဲ့  အတူ ဘဝကို ဆက်လျှောက်လာရာမှာ လာမယ့် နိုဝင်ဘာဆိုရင် ချစ်ခရီးဟာ နှစ်နှစ် ပြည့်တောမယ့်။ ဒီ၂နှစ်အတွင်းလည်း သူမဟာ ကိုယ့်ကို တော်တော် ငဲ့ညှာခဲ့တယ်၊ အနွံတာခံခဲ့ရတယ်။
ဒါကြောင့် မိန်းကလေးရေ....... မင်းကို ကိုယ်သိပ်ချစ်တယ်ကွယ်...........။
*
မမဝါရေ.........
မမဝါ တဂ်ထားတာ ဒီပိုစ့်နဲ့ ပဲ ကျေနပ်မယ်လို့  မျှော်လင့်ပါတယ်။
8.25.2009
ဘကြီးမှုံ အညာခံရခြင်း
ရန်ကုန်ကို မလာခင် ရွာက ဘုန်ကြီးကလည်း ရန်ကုန်မှာ လူလိမ်တွေ များကြောင်း၊ အရာရာကို သတိထားရမယ့် အကြောင်းတွေ အထူးမိန့် ကြားထားတယ်။ တစ်ခုခုမသိရင်လည်း ဆိုင်းဘုတ်တွေ ကြည့်ရင် သိနိုင်ကြောင်း၊ လမ်းတွေ ဆိုင်တွေ အကုန်လုံးလည်း ဆိုင်းဘုတ်တွေ တပ်ထားကြောင်း မိန့် ထားတော့ ဘကြီးမှုံ သိပ်တော့ စိုးရိမ်မှု မရှိဘူး။
ဒီလိုနဲ့ ပဲ ရန်ကုန်မှာ ဘကြီးမှုံအတွက် အခက်အခဲ မရှိ ဆေးကု၊ ဘုရားဖူး အစဉ်ကို ပြေနေရော။ မြို့ ထဲသွားလည်း ဘယ်နေရာကြည့်ကြည့် ဆိုင်းဘုတ်တွေနဲ့ ၊ ထမင်းစားချင်သလား ထမင်းဆိုင် ဆိုတဲ့ ဆိုင်းဘုတ် တပ်ထားတယ်။ ပစ္စည်းဝယ်စရာရှိလည်း စတိုးဆိုင် ဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတယ်။ ဘကြီးမှုံ အတွက်တော့ အားလုံးဟာ အခက်အခဲမရှိ အိုကေလို့  နေတယ်။
မပြန်ခင် တစ်ရက်မှာတော့ ဆူးလေဘုရားဖူးပြီး မြို့ ထဲ လမ်းအလျှောက် ဗိုက်နာလာပါရော၊ ဒါနဲ့  လမ်းသွားလမ်းလာကို အိမ်သာ နေရာမေးတော့ "ဘကြီး တည့်တည့်လျှောက်သွားရင် ကျား/မ ဆိုတဲ့ ဆိုင်းဘုတ် တွေ့ ရင် လှေကားအတိုင်း ဆင်းသွားလိုက်၊ အဲဒါ မြေအောက် အိမ်သာပဲ "လို့  လမ်းညွှန်လိုက်တယ်။ ဘကြီးမှုံ စိတ် ထဲ မှာတော့ သြော် နေရာတိုင်းမှာ ဆိုင်းဘုတ်တွေနဲ့  ညွှန်ကြားနေတာပဲ လို့  တွေးနေမိတယ်။
ဒါနဲ့ ပဲ အိမ်သာကို တွေ့ တာနဲ့  ကိစ္စရှင်းခြင်တာနဲ့  လွတ်နေတဲ့ အိမ်သာခန်းထဲ ဝင်ထိုင်လိုက်ပါလေရော။
အဲဒီမှာတင် အိမ်သာတံခါးမှာ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာကို ဖတ်ကြည့်လိုက်တယ်
" မိတ်ဆွေ သင်ရဲ့ ညာဖက်ကို ကြည့်လိုက်ပါ" ဆိုပြီး မျှားပြ ထားတယ်။
ညာဖက်က နံရံကို ကြည့်လိုက်တော့ စာရွက်တစ်ရွက် ကပ်ထားတာ ဖတ်ကြည့်လိုက်တယ်
"မိတ်ဆွေ သင်ရဲ့ ဘယ်ဘက်ကို ကြည့်လိုက်ပါ" ဆိုပြီး တံခါးက စာရွက်အတိုင်း ညွှန်ကြားထားတယ်။
ဒါနဲ့  ဘယ်ဘက်က နံရံကို ကြည့်လိုက်တော့
" မိတ်ဆွေ သင်ရဲ့ နောက်ဘက်ကို ကြည့်လိုက်ပါ" ဆိုပြီး စာရွက်ကပ်ထားပြန်လေရော။
ဘကြီးမှုံလည်း ရှင်းရမယ့် ကိစ္စကို မေ့ပြီး သိချင်စိတ်တွေ ပြင်းထန်လာတယ်၊ နောက်ဘက်ကို ကြည့်လိုက်တော့
"မိတ်ဆွေ အပေါ်ကို ကြည့်ပါ" ဆိုပြန်ရော။
ဒါနဲ့  အပေါ်ကို မော့ကြည့်ပြီး ရေးထားတာ ဖတ်လိုက်တော့
" ဟိုကြည့် ဒီကြည့်နဲ့  ဘာဖြစ်နေတာလည်း သေသွားချင်လား" ဆိုပြီး တွေ့ ပါလေရော။
ဘကြီးမှုံလည်း ရှင်းမယ့်ကိစ္စကို မေ့ပြီး ကြောက်အားလန့် အားနဲ့  အိမ်သာကနေ ပြေးထွက်လို့  သွားပါတော့တယ်။
*တစ်ချိန် မဆလ လက်ထက်က ဆူးလေဘုရားလမ်းမကြီးပေါ်မှာ မြေအောက်အိမ်သာ ရှိခဲ့ဖူးပါသည်။
8.23.2009
မွေးနေ့ လက်ဆောင်
ကျွန်တော် ဘလော့ လောကနဲ့  အဆက်ပြတ်သွားတာ တော်တော် ကို ကြာသွားပေါ့။ ဖြစ်ပုံက ကျွန်တော်ရဲ့ လက်ပ်တော့လေး ဆေးရုံ တက်နေရတဲ့ အချိန်မှာ အမျိုးတွေ အလည်လာပါလေရော။ ဒါနဲ့  အလုပ်တွေ အရမ်းရှုပ်ပြီး ဘလော့မဂင်းနိုင်တော့ပါ။
ဒါပေမယ့် လူရိုင်းတွေကတော့ စားပွဲနားထိ လာဖျော်ဖြေပါတယ်။ ပျော်ဘို့တော့ ကောင်ပါတယ်။
ဗလတွေတော့ အကြီးကြီးပဲ နော်.....း)
အထဲမှာတော့ ရထားစီးပြီး ပတ်လို့ ရသလို လမ်းလျှောက်ပြီးတော့လည်း သွားလို့ ရပါတယ်။ ကျွန်တော်တို့  အဖွဲ့ ကတော့ လူကြီးတွေပါတော့ ရထားစီးဖို့ ပဲ ရွေးလိုက်ပါတယ်။ အဲဒီမှာလည်း လေကြောင်းလိုင်းတွေက တိုးရစ်တွေအတွက် စပွန်ဆာ ပေးထားပါတယ်။ လက်မှတ်တစ်စောင် ၅ ဒေါ်လာ လျှော့ပေးပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ရဲ့ MAI မပါ ပါ....း(
အထဲမှာတော့ တိရိစ္ဆာန်တွေ ပြထားပါတယ်၊ သိပ်မထူးဆန်းပါဘူး။ ထူးဆန်းတာကတော့ ကျွဲ ကိုလည်း Asian Bufflo အနေနဲ့  ပြထားတာပါပဲ။ ရွှေတွေ အဖို့ တော့ ဒါဟာ ဟာသတစ်ခုလို ဖြစ်နေရော..း))
ဘာပဲပြောပြော စိတ်ချမ်းသာမှုတော့ ရှိပါတယ်။ ပိုက်ပိုက်လည်း နောက်ကလိုက်ရတာကို......
ဒါနဲ့ စကားမစပ် ဒီကျွန်းပိစိပေါ်က မောင်နှမ သုံးယောက်ရဲ့ မွေးနေ့ ကိုလည်း မနေ့ က သွားလိုက်ရတယ်၊ တစ်နေရာထဲမှာ စုပြီးတော့ နွေးနွေး ထွေးထွေး ပျော်ပျော်ရွှင်ရွှင်နဲ့  အရမ်းပီတိဖြစ်ရပါတယ်။ သူတို့ တွေကတော့
အစဉ်အမြဲ ချစ်မယ့်  သီဟသစ် ( နှင်းဆီဖြူ ကို ပြောတာပါ...)
ညီမငယ် နွေးနေခြည်
ညီမငယ် မေဇင် တို့ ပဲ ဖြစ်ပါတယ်။
အထူးကျေးဇူးတင်ရမှာကတော့ Chief cook များဖြစ်ကြတယ့် ညီမငယ် ထင်းထင်း ခေါ် မေလေးနဲ့ အဖွဲ့  ဖြစ်ပါတယ်။ ချက်ပြုတ်တာကတော့ အရမ်းကောင်ပါတယ်း)
တောင်းပန်စရာတစ်ခုကတော့ ကျွန်တော် အဲဒီရောက်မှ မွေးနေ့ ဆိုတာ သိတဲ့ အတွက် လက်ဆောင်လည်း မပေးခဲ့ရပါဘူး။ ဒါကြောင့် အခု ဒီပိုစ့်လေးကို သူတို့ ရဲ့ မွေးနေ့ လက်ဆောင်အဖြစ် တင်လိုက်ပါတယ်ဗျား။
8.07.2009
တွေးကြည့်တာပါဗျာ
အဲဒီမှာ ကျွန်တော်တို့  အားလုံးဟာ တော်တော်လေးကို ပေးဆပ်ကြရတာပါ၊ ကိုယ်ရဲ့ မိဘ မောင်ဘွား ဇနီးမယား အားလုံးကို ထားခဲ့ပြီးတော့ ထွက်လာာကြရတာပါ။ နောက်တော့မှ အလုပ်အကိုင် အတည်အကျ အခြေကျတဲ့ အခါမှ သူတို့ ကို ခေါ်ရတာပါ။ ဒါဟာ အကြမ်းပျင်း တွေးကြည့်တာပါ။
ဒီအထိ ပြဿနာ မရှိသေးပါဘူး၊ ပြဿနာက ကျွန်တော်တို့ ရဲ့ မျိုးဆက်ပါ။ ကျွန်တော်တို့ ရဲ့ သားသမီးတွေ၊ နောက် သူတို့ မှ တဆင့် ပေါက်ဖွားလာမယ့် မျိုးဆက်သစ်တွေ လက်ထက်ဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်သလဲ။ ကျွန်တော် တွေးကြည့်တာပါ။
ဘာကြောင့် ဒီလို အတွေးတွေ ဖြစ်ပေါ်လာရသလဲဆိုတော့ ဒီမှာမွေးတဲ့ ကလေး တော်တော်များများ မြန်မာစကား သိပ်မပြောတက်ကြဘူး၊ ပြောတက်ရင်တောင် ဝေါဟာရ ရှားပါးကြတယ်။ တစ်ချို့ ဆို မြန်မာယဉ်ကျေးမှုတောင် ဆုံးရှုံးနေကြရတယ်။
ဒီလိုဖြစ်ကြရတာလည်း မိဘတွေဖြစ်တဲ့ ကျွန်တော်တို့  မျိုးဆက်ရဲ့ တာဝန်မကျေမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်ကြရတဲ့ မိဘတွေ ခင်မျာလည်း အိမ်ရှိလူကုန် အကုန်အလုပ်ထွက်လုပ်နေကြရတော့ ကိုယ့်သားသမီးအတွက် အချိန်မပေးနိုင်၊ ပြန်လာတော့လည်း အလုပ်က တင်းကျပ်မှုတွေနဲ့  အိပ်ယာစောစောဝင် ဒီလိုနဲ့ ပဲ သားသမီးနဲ့  မိဘ တစ်ဖြည်းဖြည်း ကင်းကွာသွားကြပြီး ကလေးတွေက သီးခြားဟန်နဲ့  ရပ်တည်သွားကြရော။
နောင်အနှစ် နှစ်ဆယ် လေးဆယ် ရောက်တဲ့အခါ ကျွန်တော်တို့  ရွှေနိုင်ငံကြီးက အာရှမှာထိပ်တန်းဖြစ်နေ.....း)) တဲ့အခါမှာ နိုင်ငံခြားမှာရှိတဲ့ မျိုးဆက်က ရွှေမြန်မာ နဲ့  ရွှေပြည်ကြီးက ရွှေမြန်မာတွေ ဆက်သွယ်မှုတွေ ရှိကြရတော့မယ်။ အဲ့ဒီအခါမှာ မြန်မာစကား လိပ်ပတ်လည်အောင် မပြောတက်လို့  တရုတ်စကားမတက်တဲ့ တရုတ်ကို စကားတက်တဲ့တရုတ်က နှိမ်သလိုမျိုး အနှိမ်ခံကြရမှာ မြင်ယောင်မိတယ်။
ဒါကြောင့် အခုအချိန်ကတည်းက ကလေးတွေကို ကြိုးစားအချိန်ပေးပြီး လိုအပ်တာလေးတွေကို သင်ကြားပေးရမှာ ကျွန်တော်တို့  မိဘ မျိုးဆက်တွေရဲ့ တာဝန်ပါ။ ကိုယ့်ခလေး မြန်မာလို မပြောတက်တာ ဂုဏ်ယူစရာ မဟုတ်ပါ။
ဘာရယ်မဟုက်ပါဘူး၊ ပင်နီဆူလားမှာ တွေ့ ခဲ့တဲ့ သားအမိနှစ်ယောက် အင်္ဂလိပ် တစ်ဝက် မြန်မာတစ်ဝက် ပြောတာ မြင်ယောင်ပြီး ဆက်တွေးကြည့်တာပါ။
(အားလုံးကို မဆိုလိုပါ)
8.03.2009
ကြုံရဆုံရ ပေါက်ကရ (၂)
တစ်ခါတစ်ရံ အကျိုးနှင့် အဆိုး ဒွန်တွဲနေလျှင် စကားပုံ နှစ်မျိုး ဖြစ်နေတက်ပြီး ဝေခွဲရခက်တက်သည်။ ဥပမာ "တစ်ရွာမပြောင်း သူကောင်းမဖြစ်"နှင့် "သေချင်တဲ့ကျား တောပြောင်း" စကားပုံတို့ တွင် သင်မည်သို့  ဆုံးဖြတ်မည်နည်း။
နောက်တစ်ခုက "ပေးကမ်းခြင်းသည် အောင်မြင်ရာ၏" ဖြစ်ပြီး ဆန့် ကျင်ဘက်ကား "စေတနာသည် လူတိုင်းနှင့်မတန်" ဖြစ်နေတက်သည်။ ထိုအခါမျိုးတွင်ကော အသင် မည်သို့  ဆုံးဖြတ်မည်နည်း။ ကျွန်တော်လည်း မဆုံးဖြတ်တက်ပါ။ ဘာကြောင့်လည်းဆိုတော့ ဒီဆန့် ကျင်ဘက် စကားပုံနှစ်ခု၏ အကျိုးကျေးဇူးကို မျက်မြင်ကိုယ်တွေ့  ကြုံလိုက်သောကြောင့် ဖြစ်သည်။
ကျွန်တော် ပြောပြပါမည်.............
ကျွန်တော် ၉တန်းကျောင်းသား ဘဝတုန်းကပေါ့။ တစ်ရက် သူငယ်ချင်း သုံယောက်နဲ့ အတူ စာအုပ်ဝယ်ပြီးပြန်အလာ မြေနီကုန်း မီးပွိုင့်တွင် ကားလမ်းကူးကာနီး စောင့်နေချိန်.........ဆိုင်ကယ်တစ်စီးက မီးစိမ်းလို့  အထွက်....ပေါ့။
ဆိုင်ကယ်ပေါ်မှာတော့ အသက် အစိတ်ဝန်းကျင် စုံတွဲ တစ်တွဲ။ ဆိုင်ကယ်ထွက်တဲ့ အချိန်မှာ အမျိုးသမီးရဲ့ ထမီစဟာ ဘယ်ကဘယ်လို ဆိုင်ကယ်ချိန်းကြိုးကြားထဲ ဝင်သွားတယ် မသိဘူး၊ ဆိုင်ကယ်ပေါ်ကနေ ဒလိမ့်ခေါက်ကွေး ပြုတ်ကျ ကျန်ခဲ့တာ ထမီ မရှိတော့ဘူး။
စက္ကန့် ပိုင်းအတွင်း ဖြစ်တဲ့ အဖြစ်အပျက်၊ အမျိုးသားကလည်း တော်တော်လှမ်းလှမ်းမှာ ဆိုင်ကယ်ရပ်သွားပြီး ချိန်းကြားက ထမီကို ဆွဲထုတ်နေရတယ်။ မိန်းမခင်မျာ နာကျင်တာတောင် ဂရုမစိုက်အားပဲ သူ့ အရှက်သူလုံအောင် ဟိုကာဒီကာ ဖြစ်နေတယ်။ ကျွန်တော်တို့ လည်း မျက်စိရှေ့မှာ ဘာလုပ်လို့  ဘာကိုင်ရမှန်းကို မသိတော့တာ။ (သွားကိုင်မိရင်လည်း ပြဿနာ.....း )
အဲဒီအချိန်မှာ ကယ်တင်ရှင်ကတော့ ကျွန်တော်တို့ နဲ့ အတူတူ ကားလမ်းကူးဖို့  စောင့်နေတဲ့ ဦးလေးကြီးပေါ့။ အသက် ၅၀ကျော်လောက်ရှိမယ်။ သူက တခါတည်း မပြောမဆို သူ့ ပုဆိုး ချွတ်ပြီး သမီး သမီး ဒါ ဝတ်ထား ဆိုပြီး ပစ်ပေးလိုက်ရော။ သူကတော့ စစ်ဘောင်းဘီ အတိုကြီးနဲ့  မီးပွိုင့်မှာပေါ့။
အဲဒီ မိန်းမလည်း တခါတည်း ပုဆိုးကို ကောက်ဝတ်ပြီးတော့ ရှက်ရှက်နဲ့  ဆိုင်ကယ်စီကို ပြေးသွား...၊ ဆိုင်ကယ်က လူကလည်း ညှပ်နေတဲ့ ထမီကို ထုတ်အပြီးဆိုတော့ ရှက်ရှက်နဲ့  မိန်းမကို တင်ပြီး မောင်းထွက်သွားလိုက်တာ မီးခိုးငွေ့ တွေရယ် စက်ဆီပေနေတဲ့ ထမီအစုတ်ရယ် စစ်ဘောင်းဘီအတိုနဲ့  ဦလေးကြီးရယ် မြေနီကုန်း မီးပွိုင့် အလယ်မှာ ကျန်နေရစ်ခဲ့တော့တယ်။
ဒါကြောင့်လည်း တခါတရံ ကူညီတိုင်းလည်း ဒုက္ခရောက်တက်ကြောင်း သိခဲ့ရပါတယ်။...း))
FYI: ဒီရက်ပိုင်း ပိုစ့်နည်းနည်း ကျဲပါမည်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော် လက်ပ်တော့လေး ဆေးရုံတက်နေရလို့ ပါ။ ဒီပိုစ်တောင် ရုံးကနေတင်လိုက်တာပါ။ အိမ်လည်မထွက် ဖြစ်သေးပါခင်ဗျာ၊ ဧည့်ဝတ်မကျေဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။
7.29.2009
ကြုံရဆုံရ ပေါက်ကရ
ကောင်းကျိုးတွေက ဘာတွေလည်းဆိုတော့ နိုင်ငံသားတော်တော်များများက respect ပေးကြသည်။ မနှိမ်ရဲပေ။ ဘာမှန်းတော့ ကျွန်တော်နားမလည်၊ ကျွန်တော် နားလည်တာကတော့ အရင်ကအရှိန်နှင့် ဆက်လှိမ့်နေခြင်းသာ ဖြစ်မည်။ အရင်က ကျွန်တော်တို့  နိုင်ငံကို ဒီကောင်တွေ တော်တော် အားကျခဲ့ကြရသည်။
ဒါကြောင့်လည်း little india ဘက်က လမ်းနာမည်တွေကို မြန်မာပြည်မှ မြို့ နာမည်တွေ ပေးခဲ့သည်။ ယခုအခါမှာ မြန်မာပြည်မှာတော့ ဒီမြို့ နာမည်တွေကို အင်္ဂလိပ်လို ဒီကပုံစံအတိုင်း မပေါင်းတော့ပါ။ တစ်ချိန်က အင်္ဂလိပ်တွေ ခေါ်ရလွယ်အောင် စာလုံးပေါင်းခဲ့ခြင်းလည်းဖြစ်နိုင်သည်။ ဥပမာ မော်လမြိုင်ကို မော်လမင်း၊ ပုသိမ်ကို ပဇင်း၊ ရန်ကုန်ကတော့ ရန်ဂွမ်း ပေါ့ဗျာ။
နောက်တစ်ချက်က မြန်မာအချင်းချင်း စည်းလုံးကြသည်။ ရထားပေါ် ကားပေါ် တွေ့ လျှင် ပြုံးပြ နှုက်ဆက်ကြပြီး မိတ်ဖွဲ့ ပြီးလျှင် မိတ်ဆွေ ဖြစ်သွားကြတော့သည်။ လူဦးရေ နည်းတာလည်း ဖြစ်နိုင်သည်။
ဆိုးကျိုးတွေကတော့ အရာရာ ကိုယ်တိုင်ကိုယ်ကျ ထိုးဖောက်ရသည်။ ရှေဆောင်လမ်းပြ မယ့်သူ မရှိ။ အနည်းဆုံး အနေနဲ့  မြန်မာအစားအစာ စားချင်လျှင် ကိုယ်တိုင် ချက်စားမှ ရသည်။ အခုလို စားသောက်ဆိုင်တွေ မရှိသေး။ ပင်နီဆူလား တစ်ခုလုံး သုံးဆိုင်လား လေးဆိုင်လား မမှတ်မိတော့၊ ဒါပဲရှိသည်။ အဆိုးဆုံးက ဒီက ရိုးရာနေ့ တွေလည်း သေချာမသိကြ၊ ဘာအတွက် လုပ်ကြတာဆိုတာလည်း ကောင်းကောင်း နားမလည်။
အဲဒီထဲကမှ ကျွန်တော်အသိ လင်မယားနှစ်ယောက်ရဲ့ ဖြစ်ပုံကို ပြောပြချင်ပါတယ်။
တစ်ညမှာတော့ လင်မယားနှစ်ယောက် NTUC က ဈေးဝယ်ပြီး ပြန်အလာ သူတို့ အိမ်နားက ကွင်းပြင်ထဲမှာ တရုတ် အော်ပရာတစ်ခု ပြနေတယ်။ သူတို့ လည်း အရင်ကမမြင်ဘူးတာနဲ့  ခဏ ရပ်ကြည့်နေတယ်။ စင်ရှေ့မှာတော့ ထိုင်ခုံတွေ ချထားတယ်၊ ထိုင်ကြည့်နေတဲ့သူ မရှိဘူး။ အော်ပရာကလည်း အပြော အငို တွေက တော်တော်ကို ကောင်းတာ။
ဒါနဲ့ ပဲ နှစ်ယောက်သား အချိန်စောသေးတာနဲ့ ထိုင်ကြည့်ကြမယ်ဆိုပြီး ရှေ့ဆုံးတန်း အလယ်ကောင်ကနေ အေးအေးလူလူကို ထိုင်ကြည့်နေတော့တာပါပဲ။ ဇာတ်စင်ပေါ်ကလူတွေကလည်း ကသာကနေတာ သူတို့ နှစ်ယောက်ကို အံ့သြတဲ့ဟန်နဲ့  ကြည့်နေကြတယ်။ လမ်းသွားလမ်းလာတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ။ သူတို့ နှစ်ယောက်က လုံးလုံးကို သတိမထားမိဘူး။
ဒီလိုနဲ့ ပဲ မိနစ် ၂၀လောက်ကြာတဲ့အခါမှာတော့ တရုတ်အဖိုးကြီးတစ်ယောက်က မနေနိုင်ဘူးနဲ့ တူပါတယ်၊ သူတို့ ကို လာမေးရော။ မင်းတို့ နှစ်ယောက် ဘာလုပ်နေကြတာလဲပေါ့၊ သူတို့ ကလည်း ပြဇာတ် ကြည့်နေတာလို့  ဖြေလေရော။ အဲဒီမှာ အဖိုးကြီးက ဒါဟာ သူတို့  တရုတ်ရိုးရာအရ တေ စ္ဆသူရဲတွေကို ဖျော်ဖြေနေတာဖြစ်ကြောင်း လူတွေအတွက် မဟုတ်ကြောင်း ပြောပါတော့တယ်။
ဒီမှာတင် လင်မယားနှစ်ယောက် နောက်လှည့်မကြည့်ဘဲ သုက်ခြေတင် အိမ်ကိုပြေးတာ တန်းနေတော့တာပါပဲ။ အဲလို အဖြစ်အပျက်တွေလည်း တစ်ချိန်တုန်းက တကယ်ဖြစ်ခဲ့တာပါပဲ...း))
7.27.2009
ကျေးဇူးတင်ပါသည်
ဒီနေ့ ဟာ ကျွန်တော့်ဘလော့ဂ်လေးကို စတင်မွေးဖွားလာတာ တစ်လတင်းတင်းပြည့်တဲ့နေ့ ပါပဲ။ ကျွန်တော် ဘလော့ဂ် လောကထဲ စတင်ဝင်ရောက်လာတဲ့ အချိန်မှာ မိတ်ဆွေ သူငယ်ချင်းဆိုလို့  တစ်ယောက်မှ မရှိပါဘူး။ မြေစမ်းခရမ်းပျိုး အဆင့်နဲ့  စတင်ရတာပါ။ လာရောက် ဖတ်ရှုသူ၊ ကွန်မန့် ပေးသူ လားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ဤနေရာမှ ပြောကြားပါရစေ။
လွန်ခဲ့သော နှစ်နှစ်ခန့်  ၂၀၀၇ လောက်ကစတင်၍ ဘလော့ဂ်ပေါင်းများစွာကို ဖတ်ရှုခဲ့ပါတယ်။ ကွန်မန့် တော့ ပေးခဲပါတယ်။ အဲဒီလို ဖတ်နေရင်းနဲ့ ကွန်မန့် ရေးချင်စိတ် ပေါက်လာပါတယ်။ နောက်တော့ အစအဆုံး ရေးချချင်လာပါတော့တယ်။ အဲဒီကစ၍ ဘလော့ဂ်ရောဂါ စွဲကပ်လာပါတော့တယ်။ ဒါနဲ့ ပဲ ဘလော့ဂ်ကို စတင်ဖြစ်တော့တာပါပဲ။
ဘလော့ဂ်စလို့  နှစ်ရက်မြောက်နေ့ ထိ စီဘောက်စ်က ဟောင်းလောင်း၊ ကွန်မန့် တစ်ခုမှ မလာလို့  စိတ်က ပျက်ချင်ချင် ဖြစ်နေတဲ့အချိန်မှာ စီဘောက်စ်မှာ ပထမဦးဆုံး ကွန်မန့် လာပေးသူကတော့ ယူနီကုတ်နဲ့  အလုပ်ရှုပ်နေတဲ့ ကိုဇက်တီ ဖြစ်ပါတယ်။ ပထမဦးဆုံး ကွန်မန့် ဖြစ်လို့ လားတော့မသိဘူး ထီပေါက်တဲ့ နီပါးပျော်သွားတာ ဒါပေမယ့် ကျွန်တော် ထီလည်းမပေါက်ဘူးပါဘူး။
သုံးရက်မြောက်နေ့ မှာတော့ ပထမဦးဆုံးပိုစ့်မှာ ပထမဦးဆုံးကွန်မန့် လာပေးသူကတော့ The Queen ပဲဖြစ်ပါတယ်။ ကျွန်တော်လည်း တော်တော်ကြီးကို အားရှိလာပြီး စိတ်ပျက်ခြင်းအလျဉ်း မရှိတော့ပဲ ရေးချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတယ်။ နောက်ပိုစ့်တွေမှာတော့ နာမည်ကြီးဘလော့ဂါတွေဖြစ်တဲ့ မkomတို့ ၊ ကို boyz တို့ ၊ ကိုလူထွေးတို့  အပါအဝင် အခြားအခြားသော ဘလော့ဂါတွေ ( ကျွန်တော် ရေးလျှင် ပြီးမှာမဟုက်တော့ပါ..းP) လာရောက် အားပေးတဲ့အတွက် (အထူးသဖြင့် လက်တွဲ ခေါ်လို့ ) ဆက်လက်ရေးဖြစ်တော့တာပါ။
နောက်တစ်ချက် တောင်းပန်စရာတစ်ခုက ကျွန်တော်ရဲ့ My Blog List ထဲမှာပါတဲ့ ဘလော့ဂ်တွေထဲက တစ်ချို့ ဆို ကျွန်တော် လင့်ခ်ခွင့်မတောင်းဘဲနဲ့  ယူ လင့်ခ် မိသွားတယ်၊ ပထမ နားလည်တာက ကျွန်တော်ကြိုက်နှစ်သက်တဲ့ ဘလော့ဂ်တွေမို့  ကျွန်တော်ထည့်လိုက်မိတယ်။ နောက်မှသိတာက ယဉ်ကျေးမှုအနေနဲ့  ခွင့်ပန်ရမယ်ဆိုတာရှိတဲ့အတွက် ဒီနေရာကနေ တောင်းပန်လိုက်ပါရစေ။
နောက်ဆုံးအနေနဲ့  ကျေးဇူးတင်ရမှာကတော့ ပထမဦးဆုံး မမ်ဘာဖြစ်သူ ကိုသားကြီး ပါပဲ။ သူကတော့ နောက်ပိုင်းမှာ ဘယ်ပိုစ့်တင်တင် ကွန်မန့် က အရင်ရောက်နေတော့တာပါပဲ။ ကျေးဇူးပါပဲ ကိုသားကြီးရေ...း)
အခုလို ကျွန်တော်ကို လက်တွဲခေါ်သူအားလုံးကို အထူးကျေးဇူး တင်ပါတယ်၊ ထူးထူးခြားခြားဖြစ်အောင် ပထမဆုံးတွေရဲ့ နာမည်တွေပဲ ထည့်လိုက်မိတဲ့အတွက် နာမည်ကျန်ခဲ့သူအားလုံးကိုလည်း တောင်းပန်ပါရစေ။
စာလာဖတ်သူ အားလုံးမှ စ၍ မျက်စိလည် လမ်းမှားလာသူ အဆုံး အထူးကျေးဇူး တင်ရှိပါတယ်လို့  ဒီတစ်လပြည့် ပိုစ့်လေးမှ မှတ်တမ်းတင်လိုက်ရပါတော့တယ်။
7.23.2009
ကျား / မ
သူမ ကိုးတန်းနှစ်တွင် သူမအဖေ လေဖြတ်သွားသည်။ သူမတို့ မိသားစုတွင် သီတာက အကြီးဆုံး၊ အောက်တွင် မောင်ငယ်နှစ်ယောက်။
အမေကတော့ အိမ်ထောင့်တာဝန်ကို တစ်သက်လုံးထိန်းသိမ်းလာတဲ့သူ၊ ယောက်ျားလုပ်သူ ရုံစာရေးလစာနဲ့  ခြိုးခြံချွေတာ နေလာပြီး အခုအချိန်မှာတော့ ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိ။ ဒါကြောင့် သီတာ ကျောင်းထွက်ပြီး အိမ်ရဲ့ မီးဖိုချောင်စရိတ်ကို တစ်ဖက်တစ်လမ်းက ဖြည့်တင်းပေးရသည်။
ကျောင်းထွက်ပြီး ပထမ သကြားလုံးစက်ရုံမှာ အလုပ်ရသည်၊ နောက် အထည်ချုပ် စက်ရုံ ဒီလိုနဲ့  ငါးနှစ်ခန့်  လုပ်ခဲ့ရတယ်။ ဒီလိုနဲ့ ဘဲ တိုးတက်လာတဲ့ ကုန်ဈေးနှုန်းနဲ့  အတူ သူမတို့  မိသားစု ဘယ်လိုမှ မရပ်တည်နိုင်ခဲ့၊ အဲဒီအချိန် ရပ်ကွက်ထဲမှ အန်တီဝင်းက မလေးရှားမှ ပြန်ရောက်တော့ သူမ မလေးရှားသွားဖို့ ဆုံးဖြတ်ချက်ချပြီး အန်တီဝင်းနှင့် လိုက်လာခဲ့သည်။
အန်တီဝင်း၏ အပြောကောင်းမှု၊ မိဘနှစ်ပါး၏ အန်တီဝင်းအပေါ် ယုံကြည်မှုတို့ ဖြင့် သူမ အန်တီဝင်းတို့ နှင့် မလေးရှားသို့  အောက်လမ်းဖြင့် လိုက်လာခဲ့သည်။ သူမအဖေ ဝန်ထမ်း ဘဝဖြင့် ရှာဖွေထားသော အိမ်ကလေး၏ ဂရန်မှာ သူမ၏ လမ်းစာရိတ်အဖြစ်ဖြင့် ပြောင်းလဲသွားသည်။
စစချင်း ဆောက်နှင့်ထွင်း ဆိုသည့်အတိုင်း ကော့သောင်းတွင် လမ်းကြောင်းမရှင်းဟုဆိုကာ ၄၅ ရက် သောင်တင်နေသည်။ ဒါပေမယ့် ဒီလမ်းခရီးတွင် အန်တီဝင်းလည်း ပါတဲ့အတွက် သူမ စိတ်မပူမိ၊ အန်တီဝင်းသွားလိုက် လာလိုက် လုပ်နေသည်မှာ လေးငါး ခေါက်ပင်ရှိသည်။ စိတ်ပူသည်ကား သူမအိမ်၏
တရပ်ရိပ်တက်လာသော အတိုးနှုန်းများကြောင့် စဉ်းစားတိုင်း မွန်းကျပ်လာသည်။ အရာရာအားလုံး သူမပေါ် တည်မှီနေသည်။
xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxx
အောင်မိုး (ခ) မိုးကြီး
သူ မလေးရှားကို အောက်လမ်းက ရောက်လာတာ ခုနှစ်နှစ်ခန့်  ရှိပြီ။ အစတွင် တော်တော်ကို ရုန်းကန်ရသည်။ မြန်မာပြည်တွင် ကျပ်တည်းစွာ နေခဲ့ရပြီး သူမိသားစု အထူးသဖြင့် သူကလေးနှစ်ယောက် အနာဂတ် အတွက် မိသားစုကို စွန့် ခွာပြီး နိုင်ငံခြားသို့  သူထွက်လာရသည်။ ရောက်ကာစ အခက်အခဲ ဒုက္ခမျိုးစုံ ခါးဆီးခံရင်းနဲ့  မိသားစုအနာဂတ်အတွက် ဖြတ်သန်းခဲ့ရသည်။
ပိုက်ဆံကုန်မည့်အလုပ် ဘာတစ်ခုမှ မလုပ်ဘဲနှင့် ခြိုးခြံကျစ်လစ်စွာ နေထိုင်ခဲ့ရသည်။ တဖြည်းဖြည်း စုဆောင်းမိ၍ လမ်းစရိတ် ကျေသည်၊ နောက် မြန်မာပြည်တွင် ကိုယ်ပိုင်အိမ်ကလေးနှင့် သူ မိသားစု တင့်တောင်းတင့်တည် ဖြစ်လာခဲ့သည်။ တဖြည်းဖြည်း နှစ်တွေ ကြာလာသောအခါ တက္ကစီလေးတစ်စီးဝယ်ပြီး ခိုင်းစားနိုင်လေသည်။
သူအကြောင်းသိသူအားလုံး ပီတိဖြစ်မိသည်။ နိုင်ငံခြားတွင် ကြိုးစားရုန်းကန်ရင်း တိုးတက်လာသော သူဘဝကို အားကျကြသည်။ လွန်ခဲ့သော လေးလလောက်ကစ၍ ကိုယ်ပိုင်အလုပ် ပြောင်းလုပ်သည်။ အလုပ်ကတော့ သူတို့အခေါ် စတောလ်၊ ညနေပိုင်း စားသောက်ဆိုင်းရှေ့ တွင် လက်တွန်းလှည်းလေးဖြင့် အသားကင် ရောင်းချသော အလုပ်။
ဒီလုပ်ငန်းက တော်တော် အလုပ်ဖြစ်လာသည်။ အစတွင် တစ်ဦးတည်း တစ်နိုင်လုပ်သည်။ သူ၏ စေတနာထားမှု၊ ဆက်ဆံရေးပြေပြစ်မှုကြောင့် ဖောက်သည်များလာသည်။ လူပိုတစ်ယောက် ခေါ်ခိုင်းရန်လည်း ပိုက်ဆံပေးရမှာစိုးသောကြောင့် ပင်ပန်းခံကာ လုပ်သည်။
xxxxxxxxxxxx xxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxxxxx
အန်တီဝင်း
အသက် ၄၅ ဝန်ကျင်ခန့် ရှိသည်။ မလေး၊ ထိုင်း နှင့် မြန်မာပြည်နယ်စပ်ကို စုန်ဆန်ချည် သွားလာနေပြီး လူပွဲစားလုပ်နေသူ။ သူများပွဲစားတွေလို ကလိန်မကျ၊ မှန်မှန်ကန်ကန်နှင့် သူလည်းစား၊ တစ်ဖက်သားလည်း အဆင်ပြေလျှင် ပီတိဖြစ်နေတက်သူ.........။
ဒီတစ်ခေါက် အလုပ်လုပ်ရသည်မှာ သိပ်အဆင်မပြေ၊ ကော့သောင်းတွင် တစ်လခွဲခန့်  ကြာသွားသည်။ ခေါ်လာသော လူကိုးယောက်၏ စားစရိတ် တော်တော်ထောင်းသွားသည်။ ဒီရောက်တော့လည်း အလုပ်ကရှား၊ တော်တော်နှင့် ရှာမရ။
ဒါပေမယ့် သူဂရုမစိုက်၊ ဂရုစိုက်ရမှာက တစ်ရပ်ကွက်တည်းနေ သီတာဆိုသော ကောင်မလေး၊ မိဘတွေနှင့် ရင်းနှီးသည့်အပြင် အာမခံနှင့် ခေါ်လာသောကြောင့် တာဝန်ပိုကြီးသည်။ ကောင်မလေး မိသားစု အကျပ်အတည်းကို သိ၍လည်း ဒီကောင်မလေးကို အလုပ်အမြန် ရစေချင်သည်။
ရောက်ပြီး နှစ်ရက်အကြာ သီတာပြောလာသော စကားကြောင့် အန်တီဝင်း ခေါင်းကိုက်ရသည်။ ဘယ်လိုမှ တားမရမှန်းလည်း သိသည်။ သူမကိုယ်၌က အလုပ်မရှာပေးနိုင်။ သူမ မိုးကြီးနှင့် လက်တပ်တော့မည့် အကြောင်းဖြစ်သည်။ မိုးကြီး၏ ဆိုင်တွင် သူမ ကူလုပ်ပေးရမည် ဖြစ်ပြီး အတူနေရန်ဖြစ်သည်။ ထိုအတွက် မိုးကြီးမှ တစ်လလျှင် သုံးသိန်း အိမ်ကိုပို့ ပေးမည်ဟု ဆိုသည်။
ဒီလိုနဲ့ ပဲ သီတာတစ်ယောက် အဝတ်အစားထုပ်ကို ပိုက်ကာ မိုးကြီးခေါ်ဆောင်ရာနောက်သို့  လိုက်သွားတော့လေသည်။ အန်တီဝင်းတစ်ယောက်မှာတော့ မြန်မာပြည်ပြန်လျှင် သီတာမိဘတွေနှင့် ဘယ်လို မျက်နှာချင်းဆိုင်ရမလဲလို့ သာ တွေးကျန်ရစ်ခဲ့ပါတော့တယ်။
(အထက်ပါအဖြစ်အပျက်များမှာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်တွင် ကျွန်တော် မလေးရှားသို့  အလည်သွားခိုက် ကေအယ်လ်၊ ပူချွန်းဒေသတွင် ဖြစ်ပျက်ခဲ့ပြီး နာမည်များကို လွှဲပြောင်းရေးဖွဲ့  ထားသော ဇာတ်လမ်းလေးဖြစ်ပါသည်။)
ထိုအဖြစ်အပျက်ကြောင့် ရှေးလူကြီးများပြောလေ့ရှိသော စကားတစ်ခွန်းကို ပြန်ပြောင်းအောက်မေ့မိပါသည်။
"ပိုက်ဆံမရှိတဲ့ ဒဏ်ကို မိန်းမတွေ မခံနိုင်ဘူး
ပိုက်ဆံရှိတဲ့ဒဏ်ကို ယောက်ျားတွေ မခံနိုင်ဘူး"
7.20.2009
Classy mall 2 Market

7.19.2009
7.18.2009
City Child
ထိုသို့ ပြောဆိုရာတွင် လေယူလေသိမ်း၊ အသံထွက်၊ အဖြတ်အတောက် တို့ ကို အထူးဂရုစိုက်သင့်ပေသည်။ ထို သုံးချက်ကြောင့် အဓ္ဓိပါယ်တွေ ပြောင်းသွားသလို၊ လုံးလုံးကို ဘာပြောခြင်မှန်းမသိ ဖြစ်သွားနိုင်သည်။ ထိုအတူ အခြား မည်သည့်ဘာသာစကားမဆို ပြောဆိုလိုလျှင်လည်း ထိုသုံးချက်ကို ဂရုစိုက်၍ ပြောဆိုသင့်ပေသည်။ လုံလုံးမတူလျှင်တောင် အနီးစပ်ဆုံးတော့ ကြိုးစားသင့်ပေသည်။
အဲဒီ လေယူလေသိမ်း၊ အသံထွက် ကိစ္စနှင့် ပတ်သက်၍ အလွဲလွဲအချော်ချော် ဖြစ်ခဲ့သော လူတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ က ကျောင်းသားဘဝ၊ သူက ကျွန်တော်တို့ ထက် ဆယ်နှစ်ခန့် ကြီးတယ်။
သူနာမည်က ကိုသိန်းလွင်.....
အလုပ်အကိုင်ကတော့ တက္ကစီကားမောင်းတယ်။ တက္ကစီကားမောင်းတယ်ဆိုလို့  သူကို အထင်မသေးလိုက်နဲ့ ဦး။ စာပေးစာယူတက်ရင်းနဲ့  ကားမောင်းစားတာ။ ကားကတော့ ရန်ကုန်မြို့လည် ဘားလမ်းမှာ ဂိတ်ထိုးတယ်။
တစ်ရက်မှာတော့ ဂျပန် မိသားစုတစ်စု ကားလာငှါးပါလေရော။ လင်မယားနှစ်ယောက်ရယ်၊ သူတို့ ရဲ့ ကလေးနှစ်ယောက်ရယ်ပေါ့။ ဂိတ်က ကားသမားအများစုက သိတဲ့အတိုင်း အင်္ဂလိပ်စာ အခြေခံကနည်းတော့ သူကို သွားခိုင်းပါလေရော။ ဒါနဲ့ ပဲ သူသွားမယ်ဆိုပြီး အင်္ဂလိပ်လို မေးလိုက်ပါတယ်....
"ဝှယ်း ...ယူ..ဝန့် (တ်)တူဂိုး.....ဆာ...?"
"စီး..သီး...ချိုင်း....."
"ပလိစ်..ဆေး........အဂိမ်း......."
"ယက်စ်...စီး...သီး...ချိုင်း....."
"အိုကေ..အိုကေ....ကမ်းအင်"
ဆိုပြီးတော့ ကားပေါ်တင်ပါလေရော။ စိတ်ထဲမှာတော့ ဒီဂျပန်တွေ အင်္ဂလိပ်စာ တော်တော်ညံ့တာပဲ လို့  တွေးနေမိတယ်။ ကားမောင်းရင်းနဲ့  သူတွေးနေတာက သူတို့ သွားချင်တဲ့နေရာက စီးသီး(city) ဆိုတာ မြို့၊ ချိုင်း(child) ဆိုတာ ကလေး။ ကလေးတွေရဲ့ မြို့တော် ဆိုတော့ အဲဒီအချိန်မှာ ရန်ကုန်မြို့မှာ လောက်လောက်လားလား နိုင်ငံတကာ အဆင့်မှီ ကလေးကစားကွင်းဆိုလို့  သာကေတ ရှုခင်းသာ တစ်ခုပဲရှိတယ်။
(အဲဒီအချိန် တရိစ္ဆာန်ရုံမှ ကလေးကစားကွင်း မပေါ်သေးပါ)
အဲဒီမှာ ရိုလာကိုစတာ၊ ရဟတ် နှင့် အခြားနိုင်ငံတကာ အဆင့်မှီ ကစားစရာ အစုံရှိတယ်။ နောက်တစ်ချက်က ဒီမိသားစုမှာ ကလေးနှစ်ယောက်ပါလာတဲ့အတွက် ရှုခင်းသာ သွားမှာပဲဆိုပြီး သူ ကောက်ချက်ချလိုက်တယ်။
ဒါနဲ့ ပဲ ရှုခင်းသာ ရောက်သွားပါလေရော။ အဲဒီမှာတင် ပြဿနာ တက်ရော၊ ဂျပန်မိသားစု သွားချင်တာ ဒီနေရာမဟုတ်။
၁၅ မိနစ်လောက် အခြေအတင် ပြောနေရင်းနဲ့ မှ ကိုရွှေဂျပန်က သူ့ ကို ကြိုးစားပြီးရှင်းပြရှာပါတယ်။ သူတို့ လာရတဲ့အကြောင်းက ဒုတိယကမ္ဘာစစ်တုန်းက သူ့ အဖိုးက မြန်မာပြည်တွင် တိုက်ပွဲကျကြောင်း၊ ဒါ့ကြောင့် သူတို့ ရိုးရာအရ လာရောက်ကန်တော့ရခြင်းဖြစ်ကြောင်း၊ အဲဒီအတွက်ကြောင့် သူတို့  စစ်သင်္ချိုင်းကို သွားလိုကြောင်း ရှင်းပြပါတယ်။
အဲဒီကျမှ ကိုသိန်းလွင်လည်း သူ့ နဖူးသူရိုက်ပြီး သာကေတမှ ထောက်ကြံ့ကို မောင်းပို့ ပေးလိုက်ရပါတော့တယ်။
ဂျပန်ကလည်း ကြိုးစားပြီး မြန်မာစကားကို ပြောပေမယ့် လေယူလေသိမ်း လွဲနေတယ့်အတွက် အဓ္ဓိပါယ်ပါ လွဲသွားပါတယ်။
ဒါ့ကြောင့် အခြားဘာသာစကား ပြောဆိုလိုလျှင် အသံထွက်၊ လေယူလေသိမ်း အရမ်းဂရုစိုက်သင့်ကြောင်း ဒီအဖြစ်အပျက်လေးက သက်သေခံလျှက်ရှိပါတော့တယ်။
7.16.2009
ကျွန်တော်နှင့် အက္ခရာများ
"မင်းတို့  အကုန်လုံး မြန်မာလူမျိုးတွေ ဖြစ်ပြီး မြန်မာစာကို ခုချိန်ထိ သေချာကို မမှတ်မိသေးတာ ဆရာ အံ့သြတယ်၊ အလယ်တန်းအဆင့်ကို ဘယ်လိုရောက်လာသလဲ"
အထက်ပါ စကားစုတို့ မှာ ကျွန်တော် အလယ်တန်းစရောက်သောနေ့ တွင် ကျွန်တော်တို့  အတန်းပိုင် ဆရာလည်းဖြစ်၊ မြန်မာစာဆရာလည်းဖြစ်သော ဆရာ ဦးခင်မောင်သန်းမှ ကျွန်တော်တို့ အား ပြောဆိုနေခြင်းဖြစ်သည်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ငါးတန်းစတက်သောနေ့ တွင် အတန်းပိုင်ဆရာက မြန်မာစာ ဆရာဖြစ်ပြီး ပထမဦးဆုံးနေ့ တွင် ကျွန်တော်တို့  တစ်တန်းလုံးအား မြန်မာအက္ခရာ ဗျည်း ၃၃လုံးအား တစ်တန်းလုံး စာအုပ်တွင် ရေးခိုင်းပြီး စားပွဲပေါ်လာတင်ရန် ဖြစ်သည်။
ကျွန်တော်တို့ အားလုံး အလယ်တန်းအဆင့် ရောက်ပြီဖြစ်၍ သူငယ်တန်းတွင် သင်ခဲ့သောစာကို ဆရာဘာကြောင့် ရေးခိုင်းသလဲဟု အံ့သြနေကြသည်။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် စာအုပ်၏ ပထမဆုံး စာမျက်နှာတွင် ချရေးကြသည်။ ပြီးတော့ ဆရာ့စားပွဲတွင် စာအုပ်ထပ်ထားကြသည်။ တစ်တန်းလုံးပြီး၍ ဆရာစစ်သောအခါ အားလုံးမှန်သူ လက်ငါးချောင်းမပြည့်၊ ကျွန်တော်လား မှားတဲ့ထဲမှာ ပါတာပေါ့ဗျာ။
အများဆုံးမှားတာကတော့ တတလင်းချိတ်၊ ထဝမ်းဘဲ နှင့် တရင်ကောက် တို့ ဖြစ်ကြပါတယ်။ ကျွန်တော်လည်း အဲဒီ သုံးလုံးပဲ မှားတာခင်ဗျ။ အဲဒီမှာတင် ဆရာက ကျွန်တော်တို့ အားလုံး ဒီစာလုံး သုံးလုံးကို တစ်သက်မမေ့အောင် ကျောက်သင်ပုန်းပေါ်မှာ ပုံဆွဲပြီး ပုံပြင်လေးနဲ့  ရှင်းပြတာ ကျွန်တော်တို့ မှာ သဘောကျလို့  မဆုံး၊ တစ်သက်လုံးလည်း မမေ့တော့ပါ ခင်ဗျာ။
ဘလော့ဖတ်သူအားလုံး သိပြီးသားဆိုရင်လည်း တောင်းပန်ပါတယ်၊ ကျွန်တော့် အတွေ့ အကြုံလေးကို ဝေမျှချင်လို့ ပဲ သတ်မှတ်လိုက်ပါ။
ပုံပြင်ကတော့ ဒီလိုပါ...........။
တစ်ခါက ညီအကို သုံးယောက်ဟာ ခရီးထွက်လာရင်း တောလမ်းလေးတစ်ခု အဖြတ်မှာ ကြီးစဉ်ငယ်လိုက် အကိုကြီးက ရှေ့ က ဦးဆောင်ပြီးဖြတ်တယ်။ အဲဒီလို ဖြတ်လာရင်း အငယ်ဆုံးကောင်က အလတ်ကောင်ကို လှမ်းစပါလေရော။ အဲဒီပုံကတော့ အောက်ကပုံပါ
ဋ
သူပုံက ရှေ့ ကို လျှောက်နေရင်းနဲ့  ခြေထောက်နဲ့  အလတ်ကောင်ကို လှမ်းတို့ တဲ့ပုံပါပဲ။
ဒါကို အလတ်ကောင်က အားကျမခံ ရှေ့ ကို လျှောက်နေရင်းနဲ့  နောက်က အငယ်ကို ခြေထောက်နဲ့ ပြန်တို့ တယ်။ ပုံကိုကြည့်ပါ.....။
ဌ
ဒါကို ရှေ့ ကသွားနေတဲ့ အကိုကြီးက ကြားတော့ မင်းတို့ တွေ လမ်းလျှောက်းရင်း ဆော့မနေနဲ့ ကွ လို့  နောက်ကိုလှည့်ပြီး ငေါက်ပါလေရော။ ပုံက အောက်မှာပါ....
ဍ
စာဖတ်သူ မမြင်သေးရင် ညီအကို သုံးယောက်ပုံကို တန်းစီပြီး ကြည့်ရင် ဒီလိုပုံပါ....
ဋ ဌ ဍ
ဆရာလည်း အဲသလို သင်ပြီးရော တစ်တန်းလုံး ရယ်လို့  မဆုံးတော့ဘူး။ ကျွန်တော်လည်း ခုချိန်ထိ မမှားတော့ဘူး။ တစ်သက်လုံးကို စွဲသွားပါလေရော။ စာဖတ်သူ အားလုံးလည်း အမှတ်တရ ရှိစေရန်၊ ဆရာကိုလည်း အဝေးတစ်နေရာကနေ ဂုဏ်ပြုရာရောက်စေရန် ရည်ရွယ်၍ ဤပိုစ့်လေး ရေးသားလိုက်ရပါတယ်။
7.13.2009
အတ္တပုံဆောင်ခဲများ
ယခု ကျွန်တော်နေထိုင်သော စင်ကာပူကျွန်ပေါ်တွင်ကား ထိုသို့ မဟုတ်၊ အမိန့် အာဏာဖြင့်ပင် ထိုသူများအတွက် ကား၊ ရထားများပေါ်တွင် နေရာသတ်မှတ်နေရသည်။ ဒီကိစ္စကို စင်ကာပူတွင် နေထိုင်ကြသော ရွှေမြန်မာများ အားလုံးအသိပင်ဖြစ်သည်။ အတ္တကြီးမားသော ဒီနိုင်ငံသားများတွင် တစ်ဖက်သားအပေါ် အထူးသဖြင့် အားနည်းသူအပေါ် ညှာတာရကောင်းမှန်း မသိ၊ သူတို့ သိသည်ကား ပိုက်ဆံပေးစီးရ၍ အခွင့် အရေးကို အပြည့်အဝ ပြန်လည် ရရှိရန်ဖြစ်သည်။
ကျွန်တော် တခါတရံ ကြုံဖူးသည်မှာ ထိုသူများအတွက် သတ်မှတ်နေရာမှာပင် အကျအနဝင်ထိုင်ပြီး အိုမင်းမစွမ်းသူများ (သို့ ) ကိုယ်ဝန်သည်များ ရထားပေါ်၊ ကားပေါ်တက်လာလျှင်ပင် မသိကျိုးကျွန်ပြု၍ အိပ်ချင်ဟန်ဆောင်ခြင်၊ ဟန်းဖုန်းထုတ်၍ ဂိမ်းဆော့ချင်ဟန်ဆောင်ပြီး နေရာဖယ်မပေးသည်များကို နေ့ စဉ်နီးပါး မြင်တွေ့ နေရပါသည်။ ဘယ်သူမှလည်း ထိုသူများကိုနေရာဖယ်ဖို့  မပြောကြပါ။ ကျွန်တော်လည်း ဝင်မပြောပါဘူး၊ ဒါပေမယ့် ရင်ထဲမှာတော့ ကျလိကျလိနဲ့  အသည်းတော်တော်ယားစရာ ကောင်းပါသည်။
ဒါပေမယ့် ဒီကိစ္စ တော်တော်များများကို အစိုးရလည်းသိပါသည်။ ရထားပေါ် ကားပေါ်တွင် ထိုင်စရာနေရာ သတ်မှတ်ပေးခြင်း၊ နိုင်ငံကျော် သရုပ်ဆောင်များနှင့် ကြော်ငြာရိုက်ပြီး စည်းရုံးခြင်းများဖြင့် လူတွေကို သိမ်းသွင်းနေပါသည်။
ဒါပေမယ့် တစ်ချို့ အချက်တွေ ကျန်ရှိပါသေးသည်။ နေ့ စဉ်နံက်တိုင်း ရုံးတက်ချိန် ရထားကျပ်၊ ကားကျပ် အချိန်တွေ့ မြင်ရသည်များကို ရင်ဖွင့်ပါရစေ။
သတင်းစာ
တချို့ သောလူတွေ သည် ရထားပေါ်ရောက်လျှင် မတ်တပ်ရပ်စရာ နေရာ ယူပြီးလျှင် ပါလာသော သတင်းစာကိုထုတ်၍ သဲသဲမဲမဲ မလှုပ်မယှက် ဖတ်တော့သည်။ မိတ်ဆွေ စဉ်းစားကြည့်ပါ၊ လူတစ်ယောက် မတ်တပ်ရပ်၍ သတင်းစာဖတ်သော နေရာတွင် လူနှစ်ယောက် ကောင်းကောင်းရပ်နိုင်သည်။ ဒီကလူတွေသည် ရထားပေါ် ကားပေါ်တွင် နဲနဲမျှ အတွန်းအထိ မခံချင်၊ မခံနိုင်ပါ။ ဘယ်သူမှ တွန်းထိုး၍ အဲဒီနေရာကို မကပ်ကြပါ၊ ထို့ ကြောင့် တစ်ယောက်စာ နစ်နာပါသည်။
ကျောပိုးအိတ်
ကျောပိုးအိတ်လွယ်ထားသူတစ်ယောက် ရထားပေါ် ကားပေါ်တက်လာလျှင် ဖြစ်သင့်သည်မှာ မိမိလွယ်အိတ်ကို ချွတ်၍ ရှေ့ သို့ ထားကား သွားလိုရာသို့  သွားရမည်။ တစ်ချို့က ထိုသို့ မဟုတ် ကျောပိုးအိတ် တကားကားနှင့် လမ်းတလျှောက် လူများကို ဒုက္ခပေးတော့သည်။ ရှေ့ ပိုင်းက ပြဿနာ မရှိ သူရှောင်ကွင်းသွားနိုင်သည်။ နောက်ဖက်ပိုင်းသည် ဟိုလူ့ တိုက်၊ ဒီလူ့ တိုက်နှင့် သူကိုယ်တိုင်မသိရှာ။ စိတ်ဆိုးရန်လည်းအခက်၊ တမင်ကြံရွယ်မှု မရှိ။
မြူးဇစ် (သို့ ) ဂီတ
တစ်ချို့ သောလူများသည် ရထားပေါ် ကားပေါ် ရောက်လျှင် ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ ပါလာသော ဟန်ဖုန်းဖြင့် ကြိုက်နှစ်သက်သော သီချင်းကို စပီကာဖွင့်ကာ နားထောင်လျှက် ဇိမ်ယူတက်ကြသည်။ နားကြပ်တပ်နားထောင်၍လည်း ရပါသည်။ ကျွန်တော် နားမလည်နိုင်ပါ။ ထိုသို့ သောလူများသည် ပတ်ဝန်းကျင်ကို အတော် ဒုက္ခပေးသည်။
အထက်ပါ အကြောင်းအရာများသည် ကျွန်တော် နေ့ စဉ် ရုံးတက် ရုံးဆင်းချိန် အထူးသဖြင့် လူကျပ်ချိန်တွင် တွေမြင်နေရသော အတ္တကြီးသူများကြောင့်ဖြစ်ပေါ်လာသော ခံစားချက်များကို ဖြေဖျောက်စေရန် အလို့ ငှါ ဒီနေရာကနေ ရင်ဖွင့်လိုက်ရပါတယ်။
7.08.2009
နိုးထလာသော အာရှနဂါး (သို့ ) ရှန်ဟိုင်း (၃)


အဲဒီမျှော်စင်က ရှန်ဟိုင်းတစ်မြို့လုံး အပေါ်စီးကနေ ကြည့်မြင်နိုင် ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့  ရောက်တဲ့ အချိန်ဟာ ရှန်ဟိုင်းမြို့ဟာ တစ်မြို့လုံး မြူတွေဆိုင်းနေပါတယ်။ အရာရာဟာ မှူန်ဝါးပြီး စွတ်ဆိုနေပါတယ်။ အဲဒိမျှော်စင်တောင် တဝက်ပဲ မြင်ရပါတယ်။ ဒါနဲ့ ပဲ အပေါ် မရောက်ခဲ့ပါဘူး။




နိုးထလာသော အာရှနဂါး (သို့ ) ရှန်ဟိုင်း (၂)
ဘာဖြစ်လို့ လဲဆိုတော့ တစ်မြို့ လုံးဟာ မိးခိုးငွေ့ တွေနဲ့  အုံ့ မှိုင်းလို့ နေပါတော့တယ်။

မီးခိုးတွေ ဖုံးလွှမ်းနေတဲ့ မြို့ နန်တုန်း
ကျွန်တော်တို့  တည်းရတဲ့ အခန်းက ၁၃ ထပ်မှာ ရှိပြီး တစ်မြို့ လုံကို အပေါ်စီးကနေ မြင်နေရပါတယ်။ တိုးတက်မှုနဲ့ အတူ ဆုတ်ယုတ်မှူက ဒွန်တွဲ ပါလာတက်ပါတယ်။

လွှမ်းမောဖွယ်ရာ မြို့ နန်တုန်း

ညရောက်တော့ ဟော်တယ်နဲ့  နီးတဲ့ စားသောက်ဆိုင်မှာ ညစာထွက်စားကြပါတယ်။ စားသောက်ပြီး အပြန်လာ လမ်းမှာ ရယ်စရာအဖြစ်အပျက်တစ်ခု ကြုံခဲ့ပါသေးတယ်။ မျက်နှာချင်းဆိုင်ကနေ လူတစ်ယောက် မျောက်တစ်ကောင်ကို ဆွဲပြီးလာနေတယ်။ မျက်နှာချင်းဆိုင်ဆိုတော့ ကျွန်တော်တို့ လည်းကြည့်ကြတာပေါ့၊ အဲဒီမှာ သူက မျောက်ကို ဂျွှမ်းထိုးခိုင်း၊ ကင်းမြီးကောက် လျှောက်ခိုင်းလိုက် နဲ့ အမျိုးမျိုးဆော့ခိုင်းတော့တာပဲ။ ပြီးလဲပြီးရော ပိုက်ဆံတောင်းပါလေရော။ တရုတ်တွေ ပိုက်ဆံရှာချက်ကတော့ ကြံကြံဖန်ဖန်ကို ရှာတက်တာ ချီးကျူးစရာပဲ။
ကျွန်တော်တို့ လည်း အလုပ်ကို တက်သုတ်ရိုက်လုပ် တော့တာပဲ။ ဘာဖြစ်လို့ လည်းဆိုတော့ ရှန်ဟိုင်းမှာ လည်ချင်လို့ ပေါ့။ ဒီလိုနဲ့  ၅ ရက် ၄ ည နေပြီး သောကြာနေ့ ညနေဘက် အလုပ်ပြီးပြီးချင်း ပစ္စည်းတွေသိမ်း၊ ဟော်တယ်မှာ check out လုပ်ပြီးတာနဲ့  ရှန်ဟိုင်း ကို ညတွင်းချင်း ချီတက်လာခဲ့ပါတော့တယ်................။
ဆက်ပါဦးမည်..............။
7.07.2009
အောက်မေ့ဖွယ် တစ်ချိန်က (၂)
ကြက်ဥ တစ်ကဒ် => စင်ကာပူ ၈၀ ဆင့်
တီး ၊ ကော်ဖီ => စင်ကာပူ ၄၀ ဆင့်
ထမင်းတစ်ပွဲ => စင်ကာပူ ၂ ဒေါ်လာ
ဘတ်စ်ကား(ရိုးရိုး) => စင်ကာပူ ၄၀ ဆင့် (အနီးဆုံး ခရီး)
(အဲဒီခလုပ်ကို ရွှေခလုပ်ဟု ခေါ်ပါသည်)
ဘတ်စ်ကား(အဲကွန်း) => စင်ကာပူ ၆၀ ဆင့်
တက္ကစီ ခ => စင်ကာပူ ၁ ဒေါ်လာ ၂၀ ဆင့် (မီတာ စမှတ်ဈေး)
စီးကရက်(၂၀ လိပ်ဗူး) => ၄ ဒေါ်လာ ၅၀ ဆင့်
စီးကရက်(၁၀ လိပ်ဗူး) => ၂ ဒေါ်လာ ၇၀ ဆင့်
(၂၀၀၀ခုနှစ် နောက်ပိုင်း မရှိတော့ပါ)
စီးကရက် (၆ လိပ်ဗူး) => ၁ ဒေါ်လာ ၇၅ ဆင့်
(၂၀၀၀ခုနှစ် နောက်ပိုင်း မရှိတော့ပါ)
ပုံပြင်လို့ တော့ မထင်မှတ်ပါနဲ့ ။ လွန်ခဲ့သော ၁၀နှစ်ကျော် အတိအကျ ဆိုရလျှင် ၁၉၉၈ ဝန်းကျင်က ကျွန်တော်တို့  စင်ကျားပူ ရဲ့ ကုန်ဈေးနှုန်း ပါ။ ပထမပိုစ့်မှာ အတိက်ကို ပြန်တမ်းတရင်းနဲ့  အခုပိုစ့်မှာ လွမ်းမောစရာ အနေနဲ့  မှတ်တမ်းတင်လိုက်ရပါတယ်။
ခြွင်းချက် ။ ။ ဈေးနှုန်းတက်လိုလျှင် ပြည်သူတွေကို ကြော်ငြာပါသည်။
7.05.2009
အောက်မေ့ဖွယ် တစ်ချိန်က
လူငယ်အိုလံပစ် ဖြစ်တာနဲ့ အညီ အသက် ၁၄နှစ်အောက် ဖြစ်ပြီး အလွန်ဆုံးရှိလှ အလယ်တန်းအဆင့် ကလေးတွေ ဖြစ်ပါတယ်။ မြန်မာလူငယ်အသင်းရဲ့ အုပ်စုပွဲစဉ် အကုန်လုံးကို တီးမားဆက် ပိုလီကျောင်းကွင်းမှာ ကျင်းပတာပါ။ ပွဲအဖြေကတော့ အားလုံးသိတဲ့ အတိုင်း ပထမဦိးဆုံး မြန်မာနဲ့ တရုတ်(၃း၇)၊ မြန်မာနဲ့  ကိုရီးယား (၁း၅) ရှုံးတာပါ။ နောက်ဆုံးပွဲ ပါကစ္စတန် နဲ့  (၁း၁) သရေကျပါတယ်။ ပွဲတွေကို ကျွန်တော်မကြည့်ရပါဘူး။
အဲဒီပွဲအဖြေတွေကြည့်ပြီး ကျွန်တော်တို့  အလယ်တန်းကျောင်းသားဘဝ ၁၉၉၀ လောက်က ကျွန်တော်တို့  ကျောင်းမှာ ကျင်းပတဲ့ ကျောင်းဘောလုံးပွဲကို အမှတ်ရစေပါတယ်။ ကျွန်တော်တို့ ကျောင်းအကြောင်း အရင် ရှင်းပြဦးမှာပါ။ ကျွန်တော်တို့ ကျောင်းက အ.ထ.က(၃) တာမွေ ဖြစ်ပြီး ကျောင်းရဲ့ ဘေးမှာ ကျိုက္ကဆံကွင်းကြီး ရှိပါတယ်။
ကျွန်တော်တို့  ၈တန်းနှစ်မှာ ဒီဘောလုံးပွဲ ဖြစ်ပေါ်လာပါတယ်။ တစ်ပတ် တစ်ရက် နောက်ဆုံးချိန် သုံးချိန်ကို အားကစားအချိန် အဖြစ် သတ်မှတ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ပီတီဆရာက ကျွန်တော်တို့  ၈တန်းတွေကို ဘောလုံးကန်ဖို့  လိုက်ပြောပါလေရော။ မိန်းကလေးတွေက အဲဒီအချိန်မှာ ခေတ်စားနေတဲ့ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ရမှာ ဖြစ်တယ်။ ကျန်တဲ့အခန်းတွေ ပြဿနာမရှိပေမယ့် ကျွန်တော်တို့ အခန်းက ပြဿနာရှိပါလေရော။
ကျွန်တော်တို့ ကျောင်း ရဲ့စနစ်ကို အနည်းငယ် ရှင်းပြပါရစေ။ နှစ်တိုင်း အတန်းတင်စာမေးပွဲရဲ့ အမှတ်ပေါင်းကိုကြည့်ပြီး အတန်းခွဲပါတယ်။ ကျွန်တော်တို့  အခန်းက ၈ တန်း အေ ပါ (ကြုံတုန်းကြွှားတာပါ...........P)။ ဆိုတော့သိတဲ့အတိုင်း ယောက်ျားလေး အားလုံးပေါင်းမှ ၁၂ယောက်ပဲ ရှိပြီး တစ်ယောက်က စောစောစီးစီးကို ငြင်းထားတာပါ၊ ဘယ်လိုမှ ကန်လို့ မရတဲ့ အခြေအနေ၊ ရောဂါသည်။ ကျန်တဲ့ ၂၈ယောက်က မိန်းကလေးတွေဖြစ်ပြီး ကျွန်တော်တို့ ရဲ့အသင်းကို လုံးဝကို မမျှော်လင့်တာပါ။ နောက်တစ်ချက်က ဒီယောက်ျားလေး ၁၂ယောက်ထဲက ၃ပုံ ၂ပုံက စာဂျပိုးတွေကြီးပဲ။ ကျွန်တော်လား.....ဟိုစပ်စပ် ဒီစပ်စပ်ပေါ့။
ဒီလိုနဲ့  အုပ်စုတွေခွဲတော့ ကျွန်တော်တို့  အေ အခန်းရယ်၊ အီး အခန်းရယ်၊ အိုင် အခန်းရယ် တစ်အုပ်စုထဲ ကျပါလေရော။ အိုင် အခန်းဆိုတာ နောက်ဆုံးခန်းဖြစ်ပြီး နှစ်ကျတွေချည်းပဲ စုထားတဲ့ အခန်းပေါ့။ လူကောင်ချင်း ဘယ်လိုမှ ယှဉ်လို့  မရတဲ့ အနေအထား...။
ဒီလိုနဲ့  ကန်မယ့်နေ့ ရောက်လာတော့ ပထမဆုံးနေ့ မှာ ကျွန်တော်တို့  အေ နဲ့  အိုင် စကန်ရမယ့်နေ့ ။ တစ်ကျောင်းလုံးလည်း စိတ်ဝင်စားစွာနဲ့  ပွဲအဖြေကို နားစွင့်နေကြတယ်။ ကျန်တဲ့အခန်းတွေက စာဆက်သင်နေတယ်။ မိန်းကလေးတွေကတော့ အားကစားခန်းမထဲမှာ ပီတီ ဆရာမနဲ့  ကျန်ခဲ့တယ်။
ဒီလိုနဲ့  ကွင်းထဲမှာ စကန်တော့ ပထမပိုင်း ၁၀ မိနစ်မှာ ၃ဂိုး အသွင်းခံထားရတယ်။ ဒီလိုနဲ့  ဆက်ဆော့တာ ပွဲပြီးကာနီးတော့ အိုင် ခန်းက သူတို့ အချင်းချင်းနောက်ပြီး သူတို့ ဂိုး သူတို့ ပြန်သွင်းတာ ၂ ဂိုး....။ ပွဲပြီးတော့ တစ်ကျောင်းလုံး အံ့သြ နေတာ ကျွန်တော်တို့  အေ ခန်းက အိုင်ခန်း နဲ့ ကန်တာ ၃ ဂိုး ၂ ဂိုး ဆိုပြီး တကျောင်းလုံး ပြန့် သွားရော။ ကျွန်တော်တို့ လည်း ရှက်ရှက်နဲ့  ဘာမှမပြောဘဲ ဒီအတိုင်းထားလိုက်တယ်။
ဒီလိုနဲ့  နောက်တစ်ပွဲ အီး အခန်း နဲ့  ကန် ရ တဲ့အခါ အီး ခန်းက ကျွန်တော်တို့ ကို ရှိန်ပြီး သေချာကို ကန်တော့ ပါရော။ ပွဲပြီးတော့ အဖြေက ၁၃ ဂိုး ဂိုးမရှိ။ ဂိုးသမားပြောင်းပြောင်းပြီး စောင့်တာ ရှိသမျှ ၁၁ ယောက် ကုန်သွားရော။ ကျွန်တော်တို့  အခန်းလည်း နာမည်ကို တော်တော် ကြီးသွားတယ်။ ကျွန်တော်တို့ အခန်းက မိန်းကလေးတွေဆို ပွစိပွစိကို ဖြစ်ကုန်ရော။ကျွန်တော် ဘဝမှာလည်း ဒီဘောလုံးပွဲလေးဟာ တစ်သက် မမေ့နိုင်ဖြစ်ရော။
အခု ဒီအိုလံပစ် လူငယ် ဘောလုံးပွဲလည်း တရုတ်နဲ့  ပထမပွဲ မှာ ဆွေမျိုးပေါက်ဖော် ဖြစ်လို့  ဂိုးပြန်သွင်းနိုင်ပြီး ဒုတိယ ကိုရီးယား နဲ့ ပွဲက အပြတ်အသတ်ကို ရှုံးတော့တာပါပဲလို့  ကျွန်တော်ထင်ပြီး တစ်ချိန်တုန်းက ကျောင်းက သူငယ်ချင်းတွေကိုလည်း ပြန်ယောင် အောက်မေ့မိပါတယ်။
ဒီလို ငယ်ဘဝဆိုတာလည်း ပြန်ယူလို့ မှ မရတော့တာ၊ အဲဒီအတွက် ကျောင်းတုန်းက သူငယ်ချင်းတွေကို အောက်မေ့သတိရပြီး ကျွန်တော့်ဘလောဂ်ပေါ်မှာ မှတ်တမ်းတင်လိုက်ပါတယ်။
ငယ်သူငယ်ချင်းများ အားလုံ့းကို သတိရလျက်...........................
7.04.2009
နိုးထလာသော အာရှနဂါး (သို့ ) ရှန်ဟိုင်း (၁)
ပြီးတော့ ရှန်ဟိုင်းကမှ ၂နာရီ ၄၅မိနစ် ကြာ ကားမောင်းရမဲ့ နန်တုန်း(Nang Tong) ဆိုတဲ့မြို့ ကို အတူတူ သွားကြရမှာပါ။ ခရီးစဉ်ကတော့ ကျွန်တော့်အတွက် ရှုပ်ထွေးစရာ ကောင်းပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ဒီအင်ဂျင်နီယာတွေကို တခါမှလည်းမတွေ့ ဖူးဘူး။ ဒါနဲ့ ပဲ စင်ကာပူဖလိုက်နဲ့  ညတစ်နာရီမှာ စင်ကာပူကနေ ကျွန်တော် ထွက်လာခဲ့တယ်။
စင်ကာပူကနေ ရှန်ဟိုင်းထိ ၅နာရီခွဲ လေယာဉ်စီးခဲ့ ရတယ်။ ရှန်ဟိုင်းကို နံက် ၆နာရီခွဲ မှာ ရောက်သွားတယ်။
စင်ကာပူနဲ့  တရုတ်နဲ့ က စံတော်ချိန် အတူတူပဲ။ ဒါနဲ့  လေဆိပ်က အင်မီဂရေးရှင်း ဖြတ်တော့ ကျွန်တော့်တို့  ရွှေမြန်မာတွေ ထုံးစံအတိုင်း နဲနဲ ကသိကအောက် ဖြစ်ခဲ့ရတယ်၊ မဗေဒါကို မေးကြည့်ပါ..........သူပိုသိတယ်............D)
ဒါနဲ့ ပဲ ကျွန်တော် ကိုရီးယား ဖလိုက်ကို စောင့်ရဦးမှာမို့  အချိန် စုံစမ်းကြည့်တော့ ၁၁နာရီခွဲမှ ရောက်မှာဖြစ်တယ်။ ကျွန်တော့်မှာ ၅နာရီ လုံးလုံး လေဆိပ်ထဲ နေရမယ့်ပုံ၊ ဘယ်မှလည်းမသွားရဲဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်မှ တရုတ်လို မပြောတက်တာ။ လေဆိပ်ထဲမှာတော့ အင်္ဂလိပ်လိုပြောလို့ ရတယ်။ ဒါနဲ့ ဘဲ လေဆိပ်မှာ ကျွန်တော်လည်း ဟိုလျှောက် ဒီလျှောက်နဲ့  ၁၁နာရီခွဲထိ စောင့်လိုက်ရတယ်။
ရှန်ဟိုင်းလေဆိပ်ရဲ့ ထူးခြားချက်က တစ်ခုခုကြော်ငြာရင် အဂ်လိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ဘာသာ၎မျိုးနဲ့  ကြော်ငြာတယ်။ ဒီလိုနဲ့  ၁၁နာရီခွဲတော့ ကိုရီးယားလေယာဉ် ဆိုက်ရော၊ ဒါနဲ့  ကျွန်တော်လည်း စာရွက်လွတ် မှာ သူတို နာမည်ရေးပြီး ထွက်ပေါက်ကနေ စောင့်နေလိုက်တယ်။
ကျွန်တော်တို့ စုမိကြပြီး နာရီဝက်လောက်ကြာတော့ တရုတ်တာဝန်ခံ ရောက်လာပါတော့တယ်။ သူကတော့ အီးလို နဲနဲ ရတယ်။ ဒီလိုနဲ့ ပဲ ကျွန်တော်တို့ အဖွဲ့  နန်တုန်း ကို ခရီးဆက်ခဲ့ကြပါတယ်။ ရှန်ဟိုင်းကနေ နန်တုန်းကို ကားစီးရတာ၂နာရီ ၄၅မိနစ် ကြာပြီး လမ်းမှာ မြို့ တွေအများကြီး ဖြတ်သွားရတယ်။
တစ်ခုသတိထားမိတာက သူတို့ ရဲ့ အဝေးပြေးလမ်းတွေ အကုန်လုံးက စလုံးက အဝေးပြေးလမ်းတွေပုံစံအတိုင်း ဆောက်လုပ်ထားတာပါ။ လမ်းဘယ်လောက် ကောင်းလည်းဆိုရင် ကားဟာတစ်ချိန်လုံး ကီလိုမီတာ ၁၁၀ အထက် ကနေမောင်းနေတာ ကျွန်တော်တောင် ဘုရားတယူရတယ်။ လမ်းတလျှောက် တိုးရ်ဂိတ်တွေကလည်း အများကြီးပဲ။ တိုးရ်ဂိတ်အကျော် လမ်းတစ်ဖက် တစ်ချက်ဟာလည်း လူတိုင်းလမ်းဘေးမှာ ဆီးသွားကြပြီး သေးစော်ဖုန်းလွှမ်းနေပါတော့တယ်။
လမ်းကမြို့ တွေ ဖြတ်တဲ့အခါမှာလည်း မြို့ တွင်းလမ်းကသွားစရာမလိုဘဲ မြို့ ပေါ်ကဖြတ်ဖောက်တားတဲ့ မိုးပျံလမ်းတွေကနေ ဖြတ်သန်းသွားရတာလည်း ထူးခြားမှူတစ်ခုပါပဲ။
ဒီလိုနဲ့ ပဲ ကျွန်တော်တို့ ကားလေးဟာ ညနေ ၆နာရီ ကျော်ကျော်လောက်မှာ နန်တုန်းမြို့ လေးထဲကို ဝင်ရောက်လာပါတော့တယ်။

နန်တုန်းမြို့ ရဲ့ ညနေခင်းအလှ
နန်တုန်းမြို့ ဟာဆိုရင် စင်ကာပူလောက် ရှိပြီး အံ့မခန်း တိုးတက်နေတာကို တွေ့ ရပါတယ်။ ကျွန်တော်ထင်တဲ့ အေးအေးဆေးဆေး နယ်မြို့ မဟုတ်ဘဲ ခေတ်မှီတိုးတက်လာတဲ့ မြို့ ပြတစ်ခုဖြစ်နေပါတယ်။ စက်မှုဇုံမြို့ ဖြစ်ပြီး ဂျပန်စက်ရုံ အမြောက်အများ လာရောက်ဖွင့်လှစ်ထားပါတယ်။

ဒီလိုနဲ့ ပဲ ကျွန်တော်တို့ တည်းရမယ့် ဟော်တယ်ကို ရောက်လာပါတော့တယ်.................။
ဆက်ပါဦးမည်..............။
7.03.2009
သတိ (နောက်ဆက်တွဲ)
လင်ခ့်ပေးလိုက်ပါတယ်။ ရွှေကိုကိုတို့ လည်း စိတ်ဝင်စားရင် လေ့လာလို့ ရပါတယ်။
ကိုဘွိုင်း ကျေနပ်မယ်လို့ ထင်ပါတယ်............D)
http://shop.ebay.com.sg/?_from=R40&_trksid=p4634.m38.l1311&_nkw=spy+pen&_sacat=See-All-Categories
7.02.2009
သတိ
နည်းပညာ တိုးတက်နေတဲ့ ဒီခေတ်မှာ spy cam ဆိုတာလည်း တော်ရုံလူ သတိမထားမိနိုင်ပါဘူး။ အဲဒီ spy cam ကလည်း ရိုးရိုးလေးပါပဲ၊ ဘောလ်ပင် လေးပါပဲ။
ကားသမားက အဲဒီဘောလ်ပင်ကို သူ့ ရဲ့ ဘယ်ဘက်ခြမ်း ရှေ့ထိုင်ခုံ နှစ်ခုံကြားမှာ ထောင်ထားတယ်၊ ကားပေါ်စတက်တော့ ကားမောင်းနေရင်းနဲ့  ဘောလ်ပင်ကို လှည့်ပြီး target ကို ချိန်တယ်။ ဒါပေမယ့် ကားသမားမှားသွားတဲ့ အချက်က ဒီမိန်းကလေးက ဒီဘောလ်ပင် အကြောင်းကို သိနေတယ်၊ ဒီဘောလ်ပင်ကို လည်း စလုံးက e-bay မှာ ကြောငြာထားတယ်။
ဒါကြောင့် သူ့ ရဲ့ ဟန်းဖုန်းထုတ်ပြီး ဓါတ်ပုံရိုက်၊ ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်။ သူမအနေနဲ့  အံ့သြတာကလည်း ကားသမားဟာ သူ့ အဖေအရွယ် ဖြစ်နေပြီး ဒီလို မလုပ်သင့်ဘူးလို့  သူမြင်တယ်။
ဒါ့ကြောင့် စလုံးမှာ နေထိုင်ကြတဲ့ ရွှေမြန်မာ ညီမတွေလည်း သိပ်မတို ကြပါနဲ့ လို့  သတိပေးခြင်တယ်။
တိုမယ်ဆိုလည်း သတိမလွတ်ကြပါနဲ့ .......
နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ဘာကိုမှ ယုံလို့  မရပါဘူး။ ဒီသတင်းကို ရွှေညီအမတွေလည်း အချင်းချင်း လက်တို့ လိုက်ပါလို့ ပြောကြားရင်း....................။
(ဒီဇိုင်းနာ မမတို့ရေ ဖြစ်နိုင်ရင် မြန်မာ့ရိုးရာထမီကို ခေတ်ပေါ်ဒီဇိုင်းထွင်ပြီး penisula မှာတင်ရောင်းကြပါလို့ )
7.01.2009
ဂျင်ဆင်းကြက်စွပ်ပြုတ်
ဒါနဲ့ ဘဲ သူအိမ်ရောက်တော့ သူငယ်ချင်းနဲ့  ဆေးခန်းအတူသွား ပြီးတာ့ ညနေစာကို အဲ့ဒီနားက Tiongbaru Plaza အပေါ်မှာဖွင့်ထားတဲ့ Koppitian မှာ ညနေစာ အတူတူ စားကြတယ်၊ အဲဒီက ကိုရီးယား ဆိုင်မှာ ရရှိတဲ့ ဂျင်ဆင်းကြက်စွပ်ပြုတ်ရည် ကို ဘလောဂ်ဂါ မောင်နှမများအတွက် လမ်းညွှန်လိုက်ပါရစေ။ ကျွန်တော် ကိုရီးယားမှာ တခါစားခဲ့ရတယ်။
လူမမာများအတွက် အသင့်တော်ဆုံး အစားအစာလို့  ကျွန်တော်မြင်တယ်။ ကိုရီးယားလို ဘယ်လိုခေါ်လဲ ကျွန်တော်မသိပါ၊ မဗေဒါ သိမှာပါ ................D။ သူချက်ထားတဲ့ပုံက ၈လ နဲ့  ၆လ (တခုခု)ကြက်ကို ဂျင်ဆင်းနဲ့ ရောပြီး စွပ်ပြုတ် လုပ်ထားတာပါ၊ ကြက်ဗိုက်ထဲမှာ ထမင်းထည့်ထားတာပါ။
စားမဲ့ဝါးမယ့် ကျွန်တော်တို့ အဖွဲ့ 
ကိုရီးယားမှာ စားတုန်းကတော့ ဂျင်ဆင်း အရည်တစ်ခွက်ပါတိုက်တယ်၊ စလုံးမှာတော့ မပါဘူး။ စလုံးမှာတော့ ဈေးနှုန်း ၂မျိုးနဲ့  ရောင်းပြီး ကြက်တစ်ခြမ်းကို ၆ ဒေါ်လာ၊ တစ်ကောင်လုံးကို ၁၁ဒေါ်လာ ဖြစ်ပါတယ်။ အရမ်းကို အဟာရဖြစ်တဲ့ အစားအစာဖြစ်လို့  ဘလောဂ်ဂါ မောင်နှမတွေ အတွက် ကြော်ငြာခ တစ်ပြားမှ မရဘဲ ဝေမျှလိုက်ပါတယ်။
ဘလောဂ်ဂါ မောင်နှမများ ကျန်းမာ ဝဖြိုး အလှတိုးကြပါစေ...............P။
6.30.2009
Flu & Me
ဒါနဲ့  စကားမစပ် ကိုရီးယားက ပြန်လာကာစက ကျွန်တော်လည်း ရှိန်းတိန်း ဖိန်းတိန်း ဖြစ်ပြီး ကိုယ့်ကိုယ်ကို စိတ်မချတာနဲ့  ရုံးမသွားသေးဘဲ ဆေးခန်းသွားပြရတော့တယ်။ မန်နေဂျာ ကိုလည်း မက်ဆေခ့်ျ ပို့ ပြီး နောက်ကျမယ့် အကြောင်း ပြောထားရတယ်၊ ဆေးခန်းရောက်တော့ ပထမစာရေးမတွေက သာမာန် နေမကောင်းတဲ့ လူနာပုံစံပဲ ဆက်ဆံတာ၊ ဘာ mask မှ အကာအကွယ် ယူမထားကြဘူး။ (၆လပိုင်း ပထမ ပတ်လောက်ပေါ့) အဲဒါနဲ့  ကျွန်တော်လည်း လိုအပ်တဲ့အတိုင်း စာရင်းသွင်း၊ ဆရာဝန် စောင့် နဲ့  နောက် မိနစ် ၂၀လောက်ကြာတော့ ဆရာဝန်နဲ့  တွေ့ ရတော့တာပဲ။
အဲဒီမှာ ပြဿနာက စတော့တာပဲ...၊ ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်တယ်၊ အဖျားတိုင်း၊ ဟိုမေးဒီမေး အနည်းငယ်မေးပြီးတော့ travelling history ကို မေးပါလေရော.......
ကျွန်တော်လည်း အမှန်အတိုင်း ဖြေလိုက်ရော ဆရာဝန်ခမျာ ကျွန်တော့ကို တရားခံတယောက် တွေ့ လိုက်ရ သလို ဖြစ်သွားပြီး သေချာကို စစ်ဆေးမေးမြန်းမှုတွေ လုပ်တော့တာပဲ၊ ကျွန်တော့်ကိုလည်း ဘယ်မှမသွားခိုင်းဘဲ နဲ့  ဆေးခန်းထဲမှာ ခဏစောင့်ခိုင်းထားတယ်။
အပြင်ထွက်ပြီးတော့လည်း သူ့ စာရေးမတွေနဲ့  စောင့်နေတဲ့ လူနာတွေကို mask တွေ အကုန်တပ်ခိုင်းထားတယ်၊ ကျွန်တော့်ကိုလည်း ဘယ်မှ မသွားခိုင်းဘူး၊ လူတွေကလည်း ကွက်ကြည့်ကွက်ကြည့် နဲ့ ..........။
နောက်မှသိရတာ ကျွန်တော့်လေယာဉ်ခရီးစဉ်နဲ့  MOH ကျန်းမာရေးဝန်ကြီးဌာန ကို လှမ်းစုံစမ်းနေတာ။ ဟိုက အကြောင်းမပြန်သေးတော့ စောင့်ခိုင်းထားတာ ။ ၂၅မိနစ်လောက်ကြာတော့ MOH က ဖုန်းဝင်လာရော၊ အဲဒီကျ မှ ကျွန်တော်လည်းပဲ အသက်ရှုချောင်တော့တယ်။
ဒါနဲ့ ဆရာဝန်က ကျွန်တော် ဆောင်ရန်ရှောင်ရန်များကို မှာပြီး ဆေးခွင့် ၂ရက် ပေးလိုက်တာနဲ့  ကျွန်တော်လည်း ရုံးကို ပြန်မသွားတော့ဘဲ အိမ်မှာဘဲ အနားယူပြီးတော့ နေပြန်ကောင်းတဲ့အထိ ဇိမ်ကျနေတော့ တယ်။
အခုတော့ နေပြန်ကောင်းပြီး ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။ စလုံးမှာ သတိထားစရာ တစ်ချက်က နေရာတိုင်းဟာ အလုံပိတ် ဖြစ်နေပြီးတော့ ကူးဆက်ရောဂါ လွယ်လွယ်နဲ့  ပြန့် နှံနိုင်ပါတယ်၊ သတိထားရမှာပါ၊
ဘလောဂ်ဂါ ညီအကို မောင်နှမ အားလုံး ဒီရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့  ဆုတောင်းလျှက်........
6.29.2009
ချမ်ဂျောင်ဂန်း (သို့ ) ကိုရီးယား တို့ ရဲ့နန်းတော် (၂)
ပုံမှာ ပါတဲ့အတိုင်း အရိပ်ရဲ့ အစွန်းက ဇယားကွက်ပေါ်ကျနေပြီး အဲဒီအကွက်တွေအတိုင်း တွက်ချက်ပုံရတယ်။
ဒီလိုနဲ့ ဘဲ ၁၂နာရီထိုးခါနီးကျ နန်းတော်ရဲ့ အပြင် ပြန်ထွက်ခဲ့ကြတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့  ဟော်တယ် မှာ checkout လုပ်ရမယ်။ အပြင်လည်းရောက်ရော ထပ်ပြီးထူဆန်းတဲ့ တစ်ခု တွေ့ ရသေးတယ်။ အဲဒါ ဘာလည်းဆိုတော့ စာကလေးတွေနဲ့  မိတ်ဆွေဖြစ်နေတယ့် လူတစ်ယောက်ကို ထူးဆန်းစွာ တွေ့ ခဲ့ရတယ်။ ဒါနဲ့ ဘဲ ကင်မရာထုတ်ပြီး မှတ်တမ်းတင်ခဲ့ရပါတယ်။
ဘလောဂ်ဂါ မောင်နှမများ အားလုံးကို လေးစားလျှက်...........
6.28.2009
ချမ်ဂျောင်ဂန်း (သို့ ) ကိုရီးယား တို့ ရဲ့နန်းတော်
ဒီလိုနဲ့  နန်းတော်အတွင်းထဲ လှည့်ပတ်ကြည့်ရှုတော့ တနေရာအရောက်မှာ...........။
ဆက်ပါဦးမည်........
6.27.2009
ရွက်လွှင့်ခြင်း
ဖွင့်ပွဲ
ဒီဘလောဂ်လေးကို ဖန်တီးရတဲ့အကြောင်းကတော့ ကျွန်တော့အတွေ့ အကြုံ တွေနဲ့  မိတ်ဆွေတို့ရဲ့အတွေ့ အကြုံ တွေကို ဖလှယ်ရန်အတွက် ဖြစ်ပါတယ်။
အခုမှစရတဲ့ အတွက်ကြောင့် သည်းခံခွင့်လွတ်၍ ဖတ်ရှုကြပါရန် အနုးအညွှတ် တောင်းပန်ပါတယ်။ လိုအပ်သည်များကိုလည်း အကြံပြုကြပါဦး။ လွန်ခဲ့တဲ့ တနှစ်က စ၍ ဘလောဂ်ပေါင်းများစွာ ဖတ်ရှုလေ့လာရင်း နှင့် ဘလောဂ်ရေးခြင်စိတ်ကို ထိန်းလို့  မရတဲ့အတွက် ဒီဘလောဂ်လေးကို ဖန်တီးခဲ့ရပါတယ်။ နည်ပညာပိုင်းမှာတော့ အခက်အခဲ နည်းနည်းရှိပါတယ်၊ ကူညီကြပါ ခင်ဗျာ။
ဘလောဂ်ဂါညီအကိုမောင်နှစ်မ အားလုံးကို လေးစားလျှက်.........။